၀န်ကြီးချုပ်လေးဦးအပါအဝင်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအချို့အားအမေရိကန် ဒဏ်ခတ်ပိတ်ဆို့

0
114

၀န်ကြီးချုပ်လေးဦးအပါအဝင်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအချို့အားအမေရိကန် ဒဏ်ခတ်ပိတ်ဆို့

ကချင်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ မန္တလေးဝန်ကြီးချုပ် ဦးမောင်ကို၊ ကရင်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ပဲခူးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း အစရှိသည့် တိုင်း၊ပြည်နယ် ဝန်ကြီးချုပ်လေးဦးတို့အား ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးကိုဆိုးရွားစွာချိုးဖောက်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲပြစ်တင်ပြီး လူ့အခွင့်အရေးများနေ့တွင် ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲဖော်ပြကာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထားအရေးယူလိုက်သော သူတို့သည် ယူနိုက်ဒက်ကင်းဒမ်းနှင့်ကနေဒါနိုင်ငံတို့ကလည်း အလားတူဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သောသူများ ဖြစ်ကြသည်။ဟု ဆိုထားသည်။

ဝန်ကြီးချုပ်(၄)ဦးအပြင် ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊စစ်ထောက်ချုပ်ရုံး၊မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့အားလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ချမှတ်လိုက်သည်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here