တောင်ကြီးမှ ထွက်ခွါမည့် အဝေးပြေးယာဉ် များကို စစ်ဆေးမည်

0
173

(Unicode)

တောင်ကြီးမှ ထွက်ခွါမည့် အဝေးပြေးယာဉ် များကို စစ်ဆေးမည်

တောင်ကြီးမြို့မှထွက်ခွါမည့် အဝေးပြေးယာဉ် များကို ဒီဇင်ဘာ ၁၁ရက်ကစပြီး စစ်ဆေးသွားမယ်လို့ တောင်ကြီးမြို့နယ်၊ပုဂ္ဂလိကမော်တော် ယာဉ်များကြီးကြပ်ထိန်းသိမ်းမှုကော်မတီမှ သိရပါတယ်။

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းမှာ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ပူးပေါင်းအဖွဲ့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ပြည်သူ့ရဲတပ်ဖွဲ့၊တောင်ကြီးမြို့နယ် ပုဂ္ဂလိကမော်တော်
ယာဉ်များကြီးကြပ်ထိန်းသိမ်းမှုကော်မတီ၊ရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်များညွှန်ကြားမှုဦးစီးဌာန၊မီးသတ်တပ်ဖွဲ့၊အဝေးပြေးယာဉ်များ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီတို့ ပါဝင်ပါတယ်။

တောင်ကြီးမြို့အဝင် မုခ်ဦးအနီးတွင် ယာဉ် မောင်းများ အရက်သေစာသောက်စားခြင်းရှိ/မရှိ၊အရေးပေါ်ထွက်ပေါက် ပါရှိခြင်းရှိ/မရှိ၊ ယာဉ် ပေါ်တွင် ယာဉ်မောင်းသူတစ်ဦးနှင့် ယာဉ်နောက် လိုက်တစ်ဦး ပါရှိခြင်းရှိ/မရှိ၊ ခရီးသည်များ ခါး ပတ်ပတ်ထားခြင်းရှိ/မရှိ စတာတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Stay at home ကာလအတွင်းမှာ ယာဉ်လိုင်းတွေလည်း ပိတ်ထားတာကြောင့် စစ်ဆေးမှုတွေကို ရပ်နားထားတာဖြစ်ပြီး အခုချိန်မှာ ယာဉ်လိုင်းတော်တော်များများလည်း ပြေးဆွဲနေတာကြောင့် စစ်ဆေးမှုတွေ ပြန်စနေတာပါလို့ တောင်ကြီးမြို့နယ်၊ပုဂ္ဂလိကမော်တော်ယာဉ်များထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦးသန်းကျော်ကပြောပါတယ်။

စည်းကမ်းဖောက်ဖျက်တာ ၃ကြိမ်ထိဆိုရင် သတိပေးခြင်းခံရမှာဖြစ်ပြီး ၃ကြိမ်ထက် ကျော် လွန်ရင် ဒဏ်ကြေးသတ်မှတ်ပြီး အရေးယူမယ်လို့ သိရပါတယ်။

(Zawgyi)

ေတာင္ႀကီးမွ ထြက္ခြါမည့္ အေဝးေျပးယာဥ္ မ်ားကို စစ္ေဆးမည္

ေတာင္ႀကီးၿမိဳ႕မွထြက္ခြါမည့္ အေဝးေျပးယာဥ္ မ်ားကို ဒီဇင္ဘာ ၁၁ရက္ကစၿပီး စစ္ေဆးသြားမယ္လို႔ ေတာင္ႀကီးၿမိဳ႕နယ္၊ပုဂၢလိကေမာ္ေတာ္ ယာဥ္မ်ားႀကီးၾကပ္ထိန္းသိမ္းမႈေကာ္မတီမွ သိရပါတယ္။

အပတ္စဥ္ စေန၊တနဂၤေႏြေန႔တိုင္းမွာ ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈေတြျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။

ပူးေပါင္းအဖြဲ႕မွာ ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ျပည္သူ႔ရဲတပ္ဖြဲ႕၊ေတာင္ႀကီးၿမိဳ႕နယ္ ပုဂၢလိကေမာ္ေတာ္
ယာဥ္မ်ားႀကီးၾကပ္ထိန္းသိမ္းမႈေကာ္မတီ၊ရွမ္းျပည္နယ္ကုန္းလမ္းပို႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္မ်ားၫႊန္ၾကားမႈဦးစီးဌာန၊မီးသတ္တပ္ဖြဲ႕၊အေဝးေျပးယာဥ္မ်ား စည္းကမ္းထိန္းသိမ္းေရး
ေကာ္မတီတို႔ ပါဝင္ပါတယ္။

ေတာင္ႀကီးၿမိဳ႕အဝင္ မုခ္ဦးအနီးတြင္ ယာဥ္ ေမာင္းမ်ား အရက္ေသစာေသာက္စားျခင္းရွိ/မရွိ၊အေရးေပၚထြက္ေပါက္ ပါရွိျခင္းရွိ/မရွိ၊ ယာဥ္ ေပၚတြင္ ယာဥ္ေမာင္းသူတစ္ဦးႏွင့္ ယာဥ္ေနာက္ လိုက္တစ္ဦး ပါရွိျခင္းရွိ/မရွိ၊ ခရီးသည္မ်ား ခါး ပတ္ပတ္ထားျခင္းရွိ/မရွိ စတာေတြကို စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Stay at home ကာလအတြင္းမွာ ယာဥ္လိုင္းေတြလည္း ပိတ္ထားတာေၾကာင့္ စစ္ေဆးမႈေတြကို ရပ္နားထားတာျဖစ္ၿပီး အခုခ်ိန္မွာ ယာဥ္လိုင္းေတာ္ေတာ္မ်ားမ်ားလည္း ေျပးဆြဲေနတာေၾကာင့္ စစ္ေဆးမႈေတြ ျပန္စေနတာပါလို႔ ေတာင္ႀကီးၿမိဳ႕နယ္၊ပုဂၢလိကေမာ္ေတာ္ယာဥ္မ်ားထိန္းသိမ္းေရးေကာ္မတီဥကၠဌ ဦးသန္းေက်ာ္ကေျပာပါတယ္။

စည္းကမ္းေဖာက္ဖ်က္တာ ၃ႀကိမ္ထိဆိုရင္ သတိေပးျခင္းခံရမွာျဖစ္ၿပီး ၃ႀကိမ္ထက္ ေက်ာ္ လြန္ရင္ ဒဏ္ေၾကးသတ္မွတ္ၿပီး အေရးယူမယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here