ကားပုံစံငယ်လေးတွေပြုလုပ်တဲ့ လက်မှုအနုပညာရှင် ကိုဇေယျာရဲ့ လက်ရာများ

0
148

(Unicode)

ကားပုံစံငယ်လေးတွေပြုလုပ်တဲ့ လက်မှုအနုပညာရှင် ကိုဇေယျာရဲ့ လက်ရာများ

လက်မှုအနုပညာရှင် ကိုဇေယျာဟာ ကားပုံစံငယ်လေးတွေကို ၂၀၁၆ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာငယ်ငယ်ထဲကအိပ်မက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

သင်ကြားပေးသူမရှိပဲ ဝါသနာအရ စတင်ခဲ့ရတာဖြစ်တဲ့အတွက် အစပိုင်းမှာတော့ အခက်အခဲတွေအများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။

ကားတစ်စီးကို အနည်းဆုံး ၇ ရက်ဝန်းကျင်အချိန်ပေးရပြီး ၉၅ရာခိုင်နှုန်းဟာ သစ်သားနဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။

လက်မှုအနုပညာရှင် ကိုဇေယျာက “ကျွန်တော်ကလေးဘဝထဲက ကားတွေကိုကြိုက်တာ၊ ဒါကြောင့်ကားပုံစံငယ်လေးတွေ အဓိကလုပ်ဖြစ်တာပါ၊ လက်မှုပညာနဲ့ပတ်သက်လို့ ကျွန်တော်တို့မြန်မာတွေမညံ့ဘူးဆိုတာ သိစေချင်တယ်၊ စိတ်ဝင်စားတဲ့လူငယ်တွေလည်း တကယ်လုပ်စေချင်တယ်၊ ကျွန်တော်တို့နိုင်ငံအနေအထားက တခြားနိုင်ငံတွေနဲ့ယှဥ်ရင် လက်မှုပညာပိုင်းမှာအားနည်းနေသေးတယ်၊ လူငယ်တွေကိုလည်း အားပေးပါတယ်” လို့ပြောပါတယ်။

(Zawgyi)

ကားပုံစံငယ္ေလးေတြျပဳလုပ္တဲ့ လက္မႈအႏုပညာရွင္ ကိုေဇယ်ာရဲ႕ လက္ရာမ်ား

လက္မႈအႏုပညာရွင္ ကိုေဇယ်ာဟာ ကားပုံစံငယ္ေလးေတြကို ၂၀၁၆ခုႏွစ္ကတည္းက စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒါဟာငယ္ငယ္ထဲကအိပ္မက္တစ္ခုျဖစ္တယ္လို႔သိရပါတယ္။

သင္ၾကားေပးသူမရွိပဲ ဝါသနာအရ စတင္ခဲ့ရတာျဖစ္တဲ့အတြက္ အစပိုင္းမွာေတာ့ အခက္အခဲေတြအမ်ားႀကီးရွိခဲ့တယ္လို႔ဆိုပါတယ္။

ကားတစ္စီးကို အနည္းဆုံး ၇ ရက္ဝန္းက်င္အခ်ိန္ေပးရၿပီး ၉၅ရာခိုင္ႏႈန္းဟာ သစ္သားနဲ႔သာျပဳလုပ္ထားတာျဖစ္ပါတယ္။

လက္မႈအႏုပညာရွင္ ကိုေဇယ်ာက “ကြၽန္ေတာ္ကေလးဘဝထဲက ကားေတြကိုႀကိဳက္တာ၊ ဒါေၾကာင့္ကားပုံစံငယ္ေလးေတြ အဓိကလုပ္ျဖစ္တာပါ၊ လက္မႈပညာနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ျမန္မာေတြမညံ့ဘူးဆိုတာ သိေစခ်င္တယ္၊ စိတ္ဝင္စားတဲ့လူငယ္ေတြလည္း တကယ္လုပ္ေစခ်င္တယ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံအေနအထားက တျခားႏိုင္ငံေတြနဲ႔ယွဥ္ရင္ လက္မႈပညာပိုင္းမွာအားနည္းေနေသးတယ္၊ လူငယ္ေတြကိုလည္း အားေပးပါတယ္” လို႔ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here