“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာစိုးဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကြောင်း နစက ထုတ်ပြန်”
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံ စမ်းရေးအဖွဲ့ဖွဲ့စစ်ဆေးပေါ်ပေါက်ချက်အရ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်း မာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဒေါက်တာထားထားလင်းနဲ့ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ နိုဝင်ဘာ ၃၀ ရက်မှာ နေပြည် တော်က ဘုရားကုန်းမြို့မရဲစခန်းမှာအမှုဖွင့်ခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမှာရုံးစိုက်ထားတဲ့ အဖွဲ့အစည်းက မြန်မာနိုင်ငံကို WHO နဲ့ UNICEF တို့ကနေတဆင့် ထောက်ပံ့ငွေတွေပေးခဲ့ပြီး အဲဒီငွေတွေကို တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှာ စီမံချက်တွေအလိုက် ကျန်း မာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ငွေစာရင်းကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ် ဆေးတွေ့ရှိခဲ့ရပါတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယိ။
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေအတွက် ဒေါက်တာထားထားလင်းခန့်ထားတဲ့ စီမံချက်မန်နေဂျာဥက္ကဋ္ဌ ဒေါက်တာစိုးဦးတင်ပြတဲ့ Quarter အလိုက် Work Plan စီမံချက်ကို ဒေါက် တာထားထားလင်းက ဗဟိုအဆင့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာရတဲ့ ပံ့ပိုးရန်ပုံငွေ ကျပ်သန်း ၁၆၉၀၀ ကျော်ထဲကနေ ကျပ်သန်း ၆၉၀၀ ကျော်နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် Non Budget လက်ကျန်ထဲကနေ ကျပ်သန်း ၁၁၃၀ ကျော်(စုစုပေါင်း ကျပ်သန်း ၈၁၂၀)ကျော်ကိုထုတ်ယူပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အတွက် ကျပ်သန်း ၁၁၅၀၀ ကျော်ကိုခွဲဝေချထားပေးခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးလုပ်ငန်းမဆောင်ရွက်နိုင်တာကြောင့် ဗဟိုအဆင့်ကျန်တဲ့ ကျပ်သန်း ၁၆၁ ဒသမ ၁၉၈ သန်း တိုင်းဒေသကြီးနဲ့ပြည်နယ်ငွေသားလက် ကျန် ကျပ်သန်း ၈၄၀ ကျော်ကို ငွေစာရင်းခေါင်းစဥ်ပြောင်းလဲအသုံးပြုရန် တင်ပြချက်အပေါ် ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနက စီမံကိန်း၊ဘ ဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနရဲ့သဘောထားကိုရယူနေစဥ် ငွေသားလက်ကျန်တွေကိုသုံးစွဲခြင်းမပြုဖို့ ဌစ-၆ နဲ့ထိန်းသိမ်းထားဖို့ညွှန်ကြားချက်ကိုမလိုက်နာပဲ ဗဟိုအဆင့်ငွေသားလက်ကျန် ကျပ်သန်း ၁၆၈ ဒသမ ၁၉၈ သန်းကို UNICEF Account ဆီ ဖေဖော်ဝါရီ ၁၀ ရက်မှာပေးသွင်းခဲ့တယ်လို့ စစ်ဆေးသိရှိခဲ့ရကြောင်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
ဒေါက်တာစိုးဦးဟာလည်း ဒေါက်တာထားထားလင်းရဲ့ဆောင်ရွက်ချက်တွေကို ကြီးကြပ်စစ်ဆေးဖို့ပျက်ကွက်တာ စီမံခန့်ခွဲဖို့ပျက်ကွက်တာတွေကြောင့်အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ရခြင်းဖြစ်ပါတယ်လို့ နစက က ထုတ်ပြန် လိုက်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆ ၊ ဒေါက်တာစိုးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၆/၆၃ တို့နဲ့အမှုဖွင့်ပြီး တရားစွဲဆိုဖို့ဆောင်ရွက်လျက်ရှိပါတယ်။