သင်လျစ်လျူမရှုသင့်တဲ့ ကိုယ်နံ့ပြင်းပြင်းကို ပျောက်စေတဲ့ နည်းလမ်းကောင်းများ
0
729
သင်လျစ်လျူမရှုသင့်တဲ့ ကိုယ်နံ့ပြင်းပြင်းကို ပျောက်စေတဲ့ နည်းလမ်းကောင်းများ
ကိုယ်နံ့ကောင်းဖို ့ဆိုတဲ့ကိစ္စဟာ လူတိုင်းအတွက် နေ့စဉ်မပြတ် ဖြေရှင်း နေ ရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ တချို့သူတွေကျတော့ ကိုယ် တွင်းအင်္ဂါစနစ်နဲ့ပြင်ပပတ်ဝန်းကျင်ကြောင့် သူများ တကာထက် ကိုယ် နံ့ပိုပြင်းတတ်ကြပါတယ်။ အထူးသဖြင့် အခြေခံမျိုးရိုး လိုက်ခြင်း ြကောင့် ဆိုရင် မိမိကိုယ်ကိုယ် ယုံကြည့်မှု မဲ့စေသလို ဘယ်ခေတ်ကာလ ပဲရောက်ရောက် ကြုံတွေ့နေကျတဲ့ပြဿနာရပ်လည်းဆိုရမှာ ဖြစ်ပါ တယ်။
ဘက်တီးရီးယားပိုးနဲ့ ချွေးပေါင်းစပ်ပြီး ထွက်လာတဲ့ ကိုယ်နံ့လိုမျိုးကို အမြဲကြံုတွေ့နေရတဲ့သူဆိုရင်တော့ စိတ်ပျက်စိတ်ရှုပ်ဖွယ်ကောင်းသလို မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာပုံရိပ်လည်းကျဆင်းစေပါတယ်။ ဒါကြောင့် ဒီကိုယ် နံ့ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို မျှဝေပေးမှာဖြစ်ပါတယ်။
အနံပြင်း တဲ့အစားအသောက်တွေကို လျှော့စားပါ။
အနံပြင်းတဲ့ အစား အသောက်ဟာ များသောအားဖြင့် ဟင်းခပ်အမွေးအကြိုင်ပါဝင်ထည့် သုံးတဲ့ပမာဏလည်း များပါတယ်။ အဲဒီအနံများဟာ ချွေးနဲ့အတူချွေး ပေါက် ကနေစိမ့်ထွက်လာတတ်ပါတယ်။အထူးသဖြင ့်ချွေးဂလင်း ပိုးများတဲ့သူဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ အနံ ့ပြင်းတဲ့ အသီး အရွက်များစားရင် တခြားသူထက်ကိုယ်နံ ့ပိုပြင်းစေပါတယ်။ ဒါကြောင့် ဒီလိုအစားအသောက် ဟင်းခပ် အမယ်မကြာခဏစားသူဆိုရင် စားနေ ကျပမာဏ ထက်ကို လျှော့ချစေလိုပါတယ်။
ကျောက်ချဉ်အသုံးပြုပေးပါ။
ကျောက်ချဉ်ဟာ ကိုယ်နဲ ့ပတ်သက်ပြီး ရှေးခေတ်ကနေ ယခုလက် ရှိ အချိန်အထိ ထိရောက်တဲ့စ္စည်းအဖြစ် လက်ခံအသုံးပြုနေတဲ့ အရာဖြစ် ပါတယ်။ ကျောက်ချဉ်ဟာ မလိုလားတဲ့ကိုယ်နံ့ပြင်းကို ထိရောက်စွာ ပျောက် စေတဲ့ အရာဖြစ်သလို ဈေးလည်းမကြီးပါဘူး။ ကျောက်ချဉ်ကို ရေစွတ်ပြီး ဂျိုင်းနေရာမှာ နှံအောင်လိမ်းပေးပါ။ ထို့နောက်အသားအရည် ခြောက်သွားတဲ့ထိစောင့်ပြီး နောက် တခြားအနံပျောက်စေတဲ့ အလှ ကုန် ပစ္စည်းတခုခုနဲ့ လိမ်းပေးနိုင်ပါတယ်။ဒီလိုနည်းနဲ့ပြုလုပ်ပေးရင် တစ်နေကုန်အနံ ့အသက်ကင်းစေပါတယ်။
ကိုယ်နံ့ပျောက်ဖို့အသားအရည်ကို ကြေးချွတ်ခြင်း ပြုလုပ်ပါ။
ကိုယ်နံ့ပြင်းတဲ့သူဟာ အစားအသောက်ပိုင်းအရကော အသုံးပြုနေတဲ့ ကိုယ်နံ့ပျောက်အလှကုန်ပစ္စည်းပါ သင့်တော်အောင်ရွေး ချယ်သင့်ပါ တယ်။ ဒါ ့အပြင် ကိုယ်ခန္ဓာအသားအရည်ကို ၁ပတ် ၁ကြိမ် ၂ကြိမ်ခန့် ကြေးချွတ်ခြင်း ပြုလုပ်ပေးသင့်ပါတယ်။ အသားအရေ ကို ကြေးချွတ် လို့ရတဲ့ ဆား သို့မဟုတ် မန်းကျည်းရေ ၊ ပျားရည်နဲ့ သံပယိုရည်ကို ရောနှောပြီး ခန္ဓာကိုယ်အသားအရည်ကို် ကြေးချွတ်လို့ရပါတယ်။ ဂျိုင်း အောက ်နေ ရာမှာ မိနစ်အနည်းငယ်ကြာလိမ်းထားလို့ရပါတယ်။ ဒီအရာ ထဲ ကပါဝင်တဲ့ဓာတ်တွေဟာ ချွေးပေါက်ထဲမှာရှိတဲ့ ရောဂါပိုးနဲ့ အညစ် အကြေးကို ကူညီဖျက်ဆီးပေးပါတယ်။
အထက်ပါနည်းဟာ အသားအရေကြည်လင်လာစေသလို အနံ ့အသက် လည်းပျောက်ကင်းစေတဲ့နည်းလည်း ဖြစ်ပါတယ်။ ဒီအသားအရေ ဂရုစိုက်တဲ့နည်းလမ်းများဟာ သင့်ရဲ့ကိုယ်နံ့နဲ့ ပတ်သက်ပြီး စိတ် အနှောက်အယှက်ဖြစ်နေခြင်းကို အတော်အသင့်လျော့ကျစေမယ့် နည်းလမ်းများဖြစ်ပါတယ်။ နှုတ်ယူပစ်သလို ပျောက်ကင်းသွားမှာ မဟုတ်ပေမယ့် သင့်ရဲ့မိမိကိုယ့်ကိုယုံကြည့်မှုကိုတော့ ဖြည့်တင်းပေးနိုင် ပါတယ်။
မည်သို့ပင်ဆိုစေ မိမိကိုယ်နံ့ပြင်းလို့ ဘယ်နည်းလမ်းမှလည်း အကူအညီ မဖြစ်ဘူးဆိုရင်တော့ ရောဂါနဲ့တည့်တဲ့ ကုသမှုရရန် အရေပြားဆိုင်ရာ ဆရာဝန်ဆီသာဆွေးနွေးအကြံတောင်းဖို့ အကြံပြုလိုက်ပါတယ်။
Ref:sanook
Ref:sanook
LEAVE A REPLY
Please enter your comment!
Please enter your name here