COVAX မှ မြောက်ကိုရီးယားကို Astra Zeneca ကိုဗစ်၁၉ ကာကွယ်ဆေး ၄.၇သန်းခွဲဝေပေးမည်

0
550

(Unicode)

COVAX မှ မြောက်ကိုရီးယားကို Astra Zeneca ကိုဗစ်၁၉ ကာကွယ်ဆေး ၄.၇သန်းခွဲဝေပေးမည်

ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးခွဲဝေမှုကွန်ယက် COVAX ဟာ မြောက်ကိုရီးယားအတွက် Astra Zeneca ကိုဗစ်၁၉ ကာကွယ်ဆေး ပမာဏ ၄.၇၃ သန်းကို ဖယ်ထားလိုက်ပြီဖြစ်ပါတယ်။

COVAX ရဲ့ခွဲဝေပေးမှုအစီအစဉ်အရ မြောက်ကိုရီးယားဟာ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ နိုင် ငံအနည်းငယ်ထဲမှ တစ်ခုဖြစ်ပါတယ်။

အခုလိုခွဲဝေပေးတာဟာ ဘေးထွက်ဆိုးကျိုးတွေအပေါ် စိုးရိမိစိတ်ကြောင့် မြောက်ကိုရီးယားကပယ်ချခဲ့တဲ့ ကာကွယ်ဆေးအလုံးရေ ၂သန်းနီးပါးအတွက် နောက်ဆက်တွဲဖြစ်တယ် လို့ တောင်ကိုရီးယား အတွေးအခေါ်ပညာရှင် တစ်ဦးက ပြောပါတယ်။

Astra Zeneca ကိုဗစ်ကာကွယ် ဆေး ၄၃သန်းဖြန့်ဝေဖို့နဲ့ Moderna ကိုဗစ်၁၉ကာကွယ်ဆေး သန်း ၁၀၀၀ ကို ဒီဇင်ဘာလကုန်မှာတင်ပို့မယ့် COVAX အစီအစဉ်ထဲကို ထည့်သွင်းတာကလည်း ၄င်းရဲ့အစီအစဉ် တွေထဲက တစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ပူးပေါင်းပါဝင် ဦးဆောင်တဲ့ COVAX အစီအစဉ်ဟာ လူဦးရေအလိုက် ကာကွယ်ဆေးလိုအပ်တဲ့ ပြည်နယ် ၁၄၀ ကျော်ကို ဇန်နဝါရီလကတည်းက ကာကွယ် ဆေးတွေ အချိုးကျခွဲဝေပေးခဲ့ပါတယ်။

WHO ရဲ့မှတ်တမ်းတွေအရ မြောက်ကိုရီးယားနဲ့ အီရီထရီးယားတို့ဟာ ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို မစတင်ရသေးတဲ့ တစ်ခုတည်းသော နိုင်ငံတွေဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်၁၉ရောဂါဖြစ်ပွါးမှုကို တရားဝင်အတည်ပြုထားခြင်းမရှိသေးပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တာဝန်ရှိသူတွေက မေးခွန်းထုတ်နေတဲ့ အနေအထားလည်းဖြစ် နေပါတယ်။

ဒါပေမယ့် နယ်စပ်ပိတ်ခြင်းနဲ့ ပြည်တွင်းခရီးသွားလာမှုတားမြစ်ခြင်းအပါအဝင် တင်းကြပ် တဲ့ ဗိုင်းရပ်စ်နှိမ်နှင်းရေး အစီအမံများကို ချမှတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရေးအစီအမံများ အကောင်အထည်ဖော်ရန်ပျက်ကွက်မှုသည် ကြီးမားသောအကျပ်အတည်းကို ဖြစ်စေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ဇွန်လမှာ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၁၁ရက်အထိ အနည်းဆုံးလူ ၄၅၅၆၄ ဦးကို ကိုဗစ်၁၉စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးကူးစက်သူမရှိကြောင်း WHO ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Source- CNA

(Zawgyi)

COVAX မွ ေျမာက္ကိုရီးယားကို Astra Zeneca ကိုဗစ္၁၉ ကာကြယ္ေဆး ၄.၇သန္းခြဲေဝေပးမည္

ကမာၻလုံးဆိုင္ရာကာကြယ္ေဆးခြဲေဝမႈကြန္ယက္ COVAX ဟာ ေျမာက္ကိုရီးယားအတြက္ Astra Zeneca ကိုဗစ္၁၉ ကာကြယ္ေဆး ပမာဏ ၄.၇၃ သန္းကို ဖယ္ထားလိုက္ၿပီျဖစ္ပါတယ္။

COVAX ရဲ႕ခြဲေဝေပးမႈအစီအစဥ္အရ ေျမာက္ကိုရီးယားဟာ ကာကြယ္ေဆးမထိုးႏွံရေသးတဲ့ ႏိုင္ ငံအနည္းငယ္ထဲမွ တစ္ခုျဖစ္ပါတယ္။

အခုလိုခြဲေဝေပးတာဟာ ေဘးထြက္ဆိုးက်ိဳးေတြအေပၚ စိုးရိမိစိတ္ေၾကာင့္ ေျမာက္ကိုရီးယားကပယ္ခ်ခဲ့တဲ့ ကာကြယ္ေဆးအလုံးေရ ၂သန္းနီးပါးအတြက္ ေနာက္ဆက္တြဲျဖစ္တယ္ လို႔ ေတာင္ကိုရီးယား အေတြးအေခၚပညာရွင္ တစ္ဦးက ေျပာပါတယ္။

Astra Zeneca ကိုဗစ္ကာကြယ္ ေဆး ၄၃သန္းျဖန္႔ေဝဖို႔နဲ႔ Moderna ကိုဗစ္၁၉ကာကြယ္ေဆး သန္း ၁၀၀၀ ကို ဒီဇင္ဘာလကုန္မွာတင္ပို႔မယ့္ COVAX အစီအစဥ္ထဲကို ထည့္သြင္းတာကလည္း ၄င္းရဲ႕အစီအစဥ္ ေတြထဲက တစ္ခုျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)မွ ပူးေပါင္းပါဝင္ ဦးေဆာင္တဲ့ COVAX အစီအစဥ္ဟာ လူဦးေရအလိုက္ ကာကြယ္ေဆးလိုအပ္တဲ့ ျပည္နယ္ ၁၄၀ ေက်ာ္ကို ဇန္နဝါရီလကတည္းက ကာကြယ္ ေဆးေတြ အခ်ိဳးက်ခြဲေဝေပးခဲ့ပါတယ္။

WHO ရဲ႕မွတ္တမ္းေတြအရ ေျမာက္ကိုရီးယားနဲ႔ အီရီထရီးယားတို႔ဟာ ကိုဗစ္၁၉ကာကြယ္ေဆးထိုးႏွံေရးလႈပ္ရွားမႈကို မစတင္ရေသးတဲ့ တစ္ခုတည္းေသာ ႏိုင္ငံေတြျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ ကိုဗစ္၁၉ေရာဂါျဖစ္ပြါးမႈကို တရားဝင္အတည္ျပဳထားျခင္းမရွိေသးပဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တာဝန္ရွိသူေတြက ေမးခြန္းထုတ္ေနတဲ့ အေနအထားလည္းျဖစ္ ေနပါတယ္။

ဒါေပမယ့္ နယ္စပ္ပိတ္ျခင္းနဲ႔ ျပည္တြင္းခရီးသြားလာမႈတားျမစ္ျခင္းအပါအဝင္ တင္းၾကပ္ တဲ့ ဗိုင္းရပ္စ္ႏွိမ္ႏွင္းေရး အစီအမံမ်ားကို ခ်မွတ္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကို ကိုင္တြယ္ေျဖရွင္းေရးအစီအမံမ်ား အေကာင္အထည္ေဖာ္ရန္ပ်က္ကြက္မႈသည္ ႀကီးမားေသာအက်ပ္အတည္းကို ျဖစ္ေစတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ဇြန္လမွာ ေျပာၾကားခဲ့ေၾကာင္း ႏိုင္ငံပိုင္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ႏိုဝင္ဘာ ၁၁ရက္အထိ အနည္းဆုံးလူ ၄၅၅၆၄ ဦးကို ကိုဗစ္၁၉စမ္းသပ္စစ္ေဆးခဲ့ရာ ပိုးကူးစက္သူမရွိေၾကာင္း WHO ရဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

Source- CNA


LEAVE A REPLY

Please enter your comment!
Please enter your name here