ရန်ကုန် – ကျုံမငေး ပြေးဆွဲသော ယာဉ်တစ်စီးတိမ်းမှောက်၍ ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရ

0
176

ရန်ကုန် – ကျုံမငေး ပြေးဆွဲသော ယာဉ်တစ်စီးတိမ်းမှောက်၍ ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ တုံလှဲချောင်းကျေးရွာအနီးတွင် ရန်ကုန် – ကျုံမငေး ခရီးသည်တင်ယာဉ်တစ်စီး မှာ ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက်က တိမ်းမှောက်သောကြောင့် လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မနက်က ၈ နာရီလောက်မှာ ဖြစ်တာ၊ ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီရေးအသင်းတွေက ကားတွေနဲ့ ဝါးခယ်မဆေးရုံကို ပို့ပေးလိုက်ကြတယ်။ဆိုးဆိုးရွားရွား ဒဏ်ရာ ရသူတွေကတော့ နည်းတယ်လို့ သိရတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။

ယာဉ် တိမ်းမှောက်ရခြင်းမှာ ဘရိတ်ပေါက်၍ အရှိန်ထိန်းမရသောကြောင့် ဖြစ်နိုင်ခြေ ရှိသည်ဟုဆိုသော်လည်း ဖြစ်စဉ်ကို တိတိကျကျ မသိရသေးပေ။

 

ရန္ကုန္ – က်ဳံမေငး ေျပးဆြဲေသာ ယာဥ္တစ္စီးတိမ္းေမွာက္၍ ခရီးသည္ ၁၀ ဦးခန႔္ ဒဏ္ရာရ

ဧရာဝတီတိုင္းေဒသႀကီး၊ ဝါးခယ္မၿမိဳ႕နယ္၊ တုံလွဲေခ်ာင္းေက်းရြာအနီးတြင္ ရန္ကုန္ – က်ဳံမေငး ခရီးသည္တင္ယာဥ္တစ္စီး မွာ ယေန႔ နိုဝင္ဘာလ ၂၈ ရက္ နံနက္က တိမ္းေမွာက္ေသာေၾကာင့္ လူ ၁၀ ဦးခန႔္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

“မနက္က ၈ နာရီေလာက္မွာ ျဖစ္တာ၊ ဒဏ္ရာရတဲ့သူေတြကို လူမွုကူညီေရးအသင္းေတြက ကားေတြနဲ႔ ဝါးခယ္မေဆး႐ုံကို ပို႔ေပးလိုက္ၾကတယ္။ဆိုးဆိုးရြားရြား ဒဏ္ရာ ရသူေတြကေတာ့ နည္းတယ္လို႔ သိရတယ္”ဟု ေဒသခံ တစ္ဦးကေျပာသည္။

ယာဥ္ တိမ္းေမွာက္ရျခင္းမွာ ဘရိတ္ေပါက္၍ အရွိန္ထိန္းမရေသာေၾကာင့္ ျဖစ္နိုင္ေၿခ ရွိသည္ဟုဆိုေသာ္လည္း ျဖစ္စဥ္ကို တိတိက်က် မသိရေသးေပ။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here