နိုင်ငံခြားရေး ဝန်ထမ်း အသစ်နေရာ စာမေးပွဲ ၅၆၀ကျေ ာ်ဝင်ရောက်ဖြေဆို

0
96

နိုင်ငံခြားရေးဝန်ထမ်းအသစ်နေရာစာမေးပွဲ ၅၆၀ကျော်ဝင်ရောက်ဖြေဆို

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြေညာခေါ်ယူထားသော နိုင်ငံခြားရေးဝန်ကြီးဌာန စီးမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ဌာနစုမှူး(၂)/တတိယအတွင်းဝန်ရာထူး ၃၅နေရာအတွက် ရေးဖြေစာမေးပွဲအား နေပြည်တော်၊ရန်ကုန်၊မန္တလေး၊မကွေးနှင့်မော်လမြိုင်မြို့ တို့တွင် စာစစ်ဌာန၅ခုဖွင့်ပြီး နိုဝင်ဘာ၂၇ရက်နှင့် ယနေ့ နိုဝင်ဘာ၂၈ရက်တို့တွင် ကျင်းပလျှက်ရှိနေသည်။

မန္တလေးစာစစ်ဌာနကို မန္တလေးအထက(၈)၊နေပြည်တော်စာစစ်ဌာနကို နေပြည်တော်အထက(၃)ရွာတော်၊ရန်ကုန်စာစစ်ဌာနကို အထက(၃)ဗိုလ်တထောင်၊မကွေးစာစစ်ဌာနကို မကွေးအထက်(၁)စသည်တို့တွင် ဖွင့်လှစ်ခဲ့ကာ စာစစ်ဌာနများသို့ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၅၆၅ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောဆိုထားသည်။

ယခုကျင်းပသည့် ရေးဖြေစာမေးပွဲသည် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးနေရာဖြစ်သည်ဟုသိရသည်။

 

Zaw Gyi

နိုင္ငံျခားေရးဝန္ထမ္းအသစ္ေနရာစာေမးပြဲ ၅၆၀ေက်ာ္ဝင္ေရာက္ေျဖဆို

ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က ေၾကညာေခၚယူထားေသာ နိုင္ငံျခားေရးဝန္ႀကီးဌာန စီးမံကိန္းႏွင့္စီမံေရးရာဦးစီးဌာန ဌာနစုမွူး(၂)/တတိယအတြင္းဝန္ရာထူး ၃၅ေနရာအတြက္ ေရးေျဖစာေမးပြဲအား ေနျပည္ေတာ္၊ရန္ကုန္၊မႏၲေလး၊မေကြးႏွင့္ေမာ္လၿမိဳင္ၿမိဳ႕ တို႔တြင္ စာစစ္ဌာန၅ခုဖြင့္ၿပီး နိုဝင္ဘာ၂၇ရက္ႏွင့္ ယေန႔ နိုဝင္ဘာ၂၈ရက္တို႔တြင္ က်င္းပလၽွက္ရွိေနသည္။

မႏၲေလးစာစစ္ဌာနကို မႏၲေလးအထက(၈)၊ေနျပည္ေတာ္စာစစ္ဌာနကို ေနျပည္ေတာ္အထက(၃)ရြာေတာ္၊ရန္ကုန္စာစစ္ဌာနကို အထက(၃)ဗိုလ္တေထာင္၊မေကြးစာစစ္ဌာနကို မေကြးအထက္(၁)စသည္တို႔တြင္ ဖြင့္လွစ္ခဲ့ကာ စာစစ္ဌာနမ်ားသို႔ ဝင္ေရာက္ေျဖဆိုသူစုစုေပါင္း ၅၆၅ဦးရွိခဲ့သည္ဟု ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က ေျပာဆိုထားသည္။

ယခုက်င္းပသည့္ ေရးေျဖစာေမးပြဲသည္ ျပန္တမ္းဝင္အဆင့္ စတင္ခန႔္ အရာထမ္းရာထူးေနရာျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here