နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ-၁၂၄ (က)နဲ့ ဦးစည်သူအောင်မြင့်ကို့ ထပ်မံတရားစွဲဆို

0
233

(Unicode)

နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ-၁၂၄ (က)နဲ့ ဦးစည်သူအောင်မြင့်ကို့ ထပ်မံတရားစွဲဆို

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နဲ့ဖမ်းဆီး တရားစွဲဆိုခံထားရသူ သတင်းစာဆရာတစ်ယောက်ဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကို နိုဝင်ဘာ ၉ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ-၁၂၄(က)နဲ့ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နဲ့ ဗဟန်းမြို့နယ်တရားရုံးနဲ့ပုဇွန်တောင်မြို့နယ်တရားရုံးတို့မှာ အမှုရင်ဆိုင်နေရပါတယ်။

နစက ရဲ့ထုတ်ပြန်ချက်မှာတော့ ဦးစည်သူအောင်မြင့်ဟာ နစက နဲ့တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်တဲ့သတင်းတွေ၊ဆောင်းပါးတွေကို နိုင်ငံတကာသတင်းမီဒီယာတွေဆီ ရေးသားပေးပို့တာကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(Zawgyi)


 





LEAVE A REPLY

Please enter your comment!
Please enter your name here