“ရေတာရှည်မြို့က CB ဘဏ်ဓားပြတိုက်ခံရ ၊လက်လုပ်မိုင်းထားခဲ့”

0
62

“ရေတာရှည်မြို့က CB ဘဏ်ဓားပြတိုက်ခံရ ၊လက်လုပ်မိုင်းထားခဲ့”

ပဲခူးတိုင်း ရေတာရှည်မြို့မှာရှိတဲ့ CB ဘဏ်ကို နိုဝငိဘာ ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က ဆိုင်ကယ်စီးပြီး မျက်နှာဖုံးစွတ်ထားသူ လေးယောက်က ဓားပြတိုက်ခဲ့ပြီး ဘဏ်ကောင်တာပေါ်မှာ လက်လုပ်မိုင်းတစ်လုံးကိုထားခဲ့ပါတယ်။

ရေတာရှည်မြိုမရဲစခန်းရဲ့ မှတ်တမ်းအရ ဓားပြတိုက်တဲ့လေးယောက်ဟာ ဘဏ်ထဲကိုဝင်လာပြီး ကျောပိုးအိတ်ထဲက လက်လုပ်မိုင်းကိုထုတ်ပြီး ကောင်တာပေါ်တင်ကာ သေနတ်နှစ်လက်နဲ့ ဘဏ်ဝန်ထမ်းဆီကငွေတိုက်သော့တောင်းပြီး ငွေကျပ် ၅၃၁ သိန်းကိုယူဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

“မြို့လယ်ကြီးမှာရှိတဲ့ CB ဘဏ်ကဓားပြတိုက်ခံရတယ်ဆိုတာကြားကြားချင်းမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ ဒါပေမဲ့ တကယ်တိုက်ခံလိုက်ရတယ်သိရတော့အတော်အံဩသွားရတယ် လုံခြုံရေးတွေလည်းမပြတ်စစ်ဆေးတာတွေလုပ်နေတဲ့ကြားကဖြစ်သွားတာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့က ဘဏ်အတွင်းစစ်ဆေးတာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာ အဓိက ဆိုင်ကယ်တွေကိုပိုပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေလုပ်နေပါတယ်။

Zaw Gyi
“ေရတာရွည္ၿမိဳ႕က CB ဘဏ္ဓားျပတိုက္ခံရ ၊လက္လုပ္မိုင္းထားခဲ့”

ပဲခူးတိုင္း ေရတာရွည္ၿမိဳ႕မွာရွိတဲ့ CB ဘဏ္ကို ႏိုဝငိဘာ ၅ ရက္ေန႔လည္ ၁ နာရီခြဲခန႔္က ဆိုင္ကယ္စီးၿပီး မ်က္ႏွာဖုံးစြတ္ထားသူ ေလးေယာက္က ဓားျပတိုက္ခဲ့ၿပီး ဘဏ္ေကာင္တာေပၚမွာ လက္လုပ္မိုင္းတစ္လုံးကိုထားခဲ့ပါတယ္။

ေရတာရွည္ၿမိဳမရဲစခန္းရဲ႕ မွတ္တမ္းအရ ဓားျပတိုက္တဲ့ေလးေယာက္ဟာ ဘဏ္ထဲကိုဝင္လာၿပီး ေက်ာပိုးအိတ္ထဲက လက္လုပ္မိုင္းကိုထုတ္ၿပီး ေကာင္တာေပၚတင္ကာ ေသနတ္ႏွစ္လက္နဲ႔ ဘဏ္ဝန္ထမ္းဆီကေငြတိုက္ေသာ့ေတာင္းၿပီး ေငြက်ပ္ ၅၃၁ သိန္းကိုယူေဆာင္သြားတယ္လို႔ ေဖာ္ျပထားပါတယ္။

“ၿမိဳ႕လယ္ႀကီးမွာရွိတဲ့ CB ဘဏ္ကဓားျပတိုက္ခံရတယ္ဆိုတာၾကားၾကားခ်င္းမျဖစ္ႏိုင္ဘူးလို႔ထင္ခဲ့တာ ဒါေပမဲ့ တကယ္တိုက္ခံလိုက္ရတယ္သိရေတာ့အေတာ္အံဩသြားရတယ္ လုံၿခဳံေရးေတြလည္းမျပတ္စစ္ေဆးတာေတြလုပ္ေနတဲ့ၾကားကျဖစ္သြားတာ”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

အခင္းျဖစ္ၿပီး လုံၿခဳံေရးအဖြဲ႕က ဘဏ္အတြင္းစစ္ေဆးတာ လမ္းသြားလမ္းလာေတြကိုစစ္ေဆးတာ အဓိက ဆိုင္ကယ္ေတြကိုပိုၿပီးတင္းတင္းၾကပ္ၾကပ္စစ္ေဆးတာေတြလုပ္ေနပါတယ္။
Photo-ေရတာရွည္ၿမိဳ႔မရဲစခန္း

 

Photo-ရေတာရှည်မြို့မရဲစခန်း


LEAVE A REPLY

Please enter your comment!
Please enter your name here