ကြံအပါအဝင် စက်မှုကုန်ကြမ်းလေးမျိုးကို တရုတ်သို့ တင်ပို့နိုင်ရေးဆွေးနွေး

0
568

(Unicode)

ကြံအပါအဝင် စက်မှုကုန်ကြမ်းလေးမျိုးကို တရုတ်သို့ တင်ပို့နိုင်ရေးဆွေးနွေး

ချင်းရွှေဟော်နယ်စပ်ဂိတ်ကတစ်ဆင့် ကြံအပါအဝင် စက်မှုကုန်ကြမ်းလေးမျိုးကို တရုတ်နိုင်ငံကို တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။တရုတ်နိုင်ငံဘက်က အဆိုပါ စက်မှုကုန်ကြမ်းလေးမျိုးကို တင်သွင်းခွင့်အတွက် အောက်တိုဘာလ ၂၈ ရက်တွင် တင်ပိုခွင့်ပြုထားပြီး ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ရှမ်းအရှေ့မြောက် ချင်းရွှေဟော်နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ လင်းချမ်းခရိုင် ကုန်သွယ်ရေးဌာနဘက်ကနေ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ကိုဗစ်ကြောင့် တရုတ်ဘက်က ပိတ်ထားတာ ဆိုပေမဲ့ အခု ယူနန်ပြည်နယ်အစိုးရကခွင့်ပြုလိုက်တာ ဖြစ်တယ်။ဒါပေမဲ့ မြန်မာဘက်ကတော့ မသိရသေးဘူး၊တရုတ်က သူတို့လိုအပ်ချက်ရှိတာကိုပဲ ခွင့်ပြုတာပါ”ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စက်မှုကုန်ကြမ်း စိုက်ပျိုးရေးထွက်ကုန်များမှာ ကြံ၊ ရော်ဘာ၊ လျှော်ဖြူ၊ ဝါဂွမ်း တို့ဖြစ်ကြောင်း၊သို့သော်လည်း ဆန်၊ပြောင်း၊ငရုပ် ၊ ဖရဲ၊ သခွား ကဲ့သို သီးနှံများ တင်ပိုခွင့်မရှိသေးကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ချင်းရွှေဟော်နယ်စပ်ဂိတ်မှာ တရုတ်နှင့် ကုန်ကူးသန်းရာတွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။

(Zawgyi)

ႀကံအပါအဝင္ စက္မႈကုန္ၾကမ္းေလးမ်ိဳးကို တ႐ုတ္သို႔ တင္ပို႔ႏိုင္ေရးေဆြးေႏြး

ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ကတစ္ဆင့္ ႀကံအပါအဝင္ စက္မႈကုန္ၾကမ္းေလးမ်ိဳးကို တ႐ုတ္ႏိုင္ငံကို တင္ပို႔ႏိုင္ရန္ ေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။တ႐ုတ္ႏိုင္ငံဘက္က အဆိုပါ စက္မႈကုန္ၾကမ္းေလးမ်ိဳးကို တင္သြင္းခြင့္အတြက္ ေအာက္တိုဘာလ ၂၈ ရက္တြင္ တင္ပိုခြင့္ျပဳထားၿပီး ျဖစ္ေၾကာင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္မ်ားက ေျပာဆိုၾကသည္။

“ရွမ္းအေရွ႕ေျမာက္ ခ်င္းေ႐ႊေဟာ္နဲ႔ ထိစပ္ေနတဲ့ ယူနန္ျပည္နယ္၊ လင္းခ်မ္းခ႐ိုင္ ကုန္သြယ္ေရးဌာနဘက္ကေန ခြင့္ျပဳထားၿပီး ျဖစ္ပါတယ္။ကိုဗစ္ေၾကာင့္ တ႐ုတ္ဘက္က ပိတ္ထားတာ ဆိုေပမဲ့ အခု ယူနန္ျပည္နယ္အစိုးရကခြင့္ျပဳလိုက္တာ ျဖစ္တယ္။ဒါေပမဲ့ ျမန္မာဘက္ကေတာ့ မသိရေသးဘူး၊တ႐ုတ္က သူတို႔လိုအပ္ခ်က္ရွိတာကိုပဲ ခြင့္ျပဳတာပါ”ဟု နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

စက္မႈကုန္ၾကမ္း စိုက္ပ်ိဳးေရးထြက္ကုန္မ်ားမွာ ႀကံ၊ ေရာ္ဘာ၊ ေလွ်ာ္ျဖဴ၊ ဝါဂြမ္း တို႔ျဖစ္ေၾကာင္း၊သို႔ေသာ္လည္း ဆန္၊ေျပာင္း၊င႐ုပ္ ၊ ဖရဲ၊ သခြား ကဲ့သို သီးႏွံမ်ား တင္ပိုခြင့္မရွိေသးေၾကာင္း မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရးကုန္သည္မ်ားအသင္း ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္မွာ တ႐ုတ္ႏွင့္ ကုန္ကူးသန္းရာတြင္ ျမန္မာႏိုင္ငံ၏ တတိယအႀကီးဆုံး နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here