PN | လျန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မြန်မာက လက်ခံကျင်းပမည်

0
1403
လျန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မြန်မာက လက်ခံကျင်းပမည်
လန်ချန်း-မဲခေါင်ဒေသ အဖွဲဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ အနုပညာရှင် လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် Puppet festival of LancangMekong စီမံကိန်းကို ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက် အထိအ မျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၌ လက်ခံကျင်းပသွားမည်ဟု နစက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကပြော သည်။
 
ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ မန္တလေးမြို၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) က လက်ခံကျင်းပသွားမည်ဖြစ်ကာ စီမံကိန်းအတွက် ကုန်ကျငွေကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေ ၂၀၂၀ မှ ကျခံပေးမည်ဖြစ်သည်။
 
ယခုကျင်းပမည့်ပွဲတော်သည် လန်ချန်း-မဲခေါင် အဖွဲဝင်နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲအစည်းများနှင့် အနုပညာရှင်လူငယ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့်လန်ချန်း-မဲခေါင်ယဉ်ကျေးမှု ဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်အတွက် လန်ချန်း-မဲခေါင် ဒေသတွင်းအဖွဲဝင်နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုရုပ်သေးပညာရပ်များ မပျောက်ပျက် စေရေး ဆောင်ရွက်ရန်နှင့် ရုပ်သေးပညာရှင် လူငယ်များ အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတိုးတက်စေရန် ကျင်းပခြင်းဖြစ်သည်။
 
အဆိုပါစီမံကိန်းကို မြန်မာတွင်လက်ခံဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွား မှု ကာကွယ်ထိန်းချုပ်ရေး အခြေအနေများအရ ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်းခဲ့ကြသည့် စီမံကိန်းဖြစ်သည်။

Zaw Gyi

လ်န္ခ်န္း-မဲေခါင္ ႐ုပ္ေသးပြဲေတာ္ကို ျမန္မာက လက္ခံက်င္းပမည္

လန္ခ်န္း-မဲေခါင္ေဒသ အဖြဲဝင္ႏိုင္ငံမ်ားျဖစ္သည့္ ကေမာၻဒီးယား၊ လာအို၊ ျမန္မာ၊ ဗီယက္နမ္၊ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံမ်ားမွ အႏုပညာရွင္ လူငယ္မ်ား ပူးေပါင္းေဆာင္႐ြက္သည့္ Puppet festival of LancangMekong စီမံကိန္းကို ဒီဇင္ဘာ ၂၅ ရက္မွ ၃၁ ရက္ အထိအ မ်ိဳးသား ယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး)၌ လက္ခံက်င္းပသြားမည္ဟု နစက သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ကေျပာ သည္။

ယခုႏွစ္ ဒီဇင္ဘာ ၂၅ ရက္မွ ၃၁ ရက္အထိ မႏၲေလးၿမိဳ၌ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ အမ်ိဳးသား ယဥ္ေက်းမႈႏွင့္ အႏုပညာ တကၠသိုလ္(မႏၲေလး) က လက္ခံက်င္းပသြားမည္ျဖစ္ကာ စီမံကိန္းအတြက္ ကုန္က်ေငြကို တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ ႐ြက္မႈ အထူးရန္ပုံေငြ ၂၀၂၀ မွ က်ခံေပးမည္ျဖစ္သည္။

ယခုက်င္းပမည့္ပြဲေတာ္သည္ လန္ခ်န္း-မဲေခါင္ အဖြဲဝင္ႏိုင္ငံမ်ားမွ ယဥ္ေက်းမႈအဖြဲအစည္းမ်ားႏွင့္ အႏုပညာရွင္လူငယ္မ်ားအၾကား အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္လန္ခ်န္း-မဲေခါင္ယဥ္ေက်းမႈ ဖလွယ္ေရးပလက္ေဖာင္း ထူေထာင္ရန္အတြက္ လန္ခ်န္း-မဲေခါင္ ေဒသတြင္းအဖြဲဝင္ႏိုင္ငံမ်ားမွ ႐ိုးရာယဥ္ေက်းမႈ႐ုပ္ေသးပညာရပ္မ်ား မေပ်ာက္ပ်က္ ေစေရး ေဆာင္႐ြက္ရန္ႏွင့္ ႐ုပ္ေသးပညာရွင္ လူငယ္မ်ား အၾကား အျပန္အလွန္ ခ်စ္ၾကည္ရင္းႏွီးမႈ၊ ယုံၾကည္မႈတိုးတက္ေစရန္ က်င္းပျခင္းျဖစ္သည္။

အဆိုပါစီမံကိန္းကို ျမန္မာတြင္လက္ခံေဆာင္႐ြက္ရန္ အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္အစိုးရလက္ထက္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ က်င္းပရန္ လ်ာထားခဲ့ေသာ္လည္း ကိုဗစ္-၁၉ကပ္ေရာဂါျဖစ္ပြား မႈ ကာကြယ္ထိန္းခ်ဳပ္ေရး အေျခအေနမ်ားအရ က်င္းပမည့္အခ်ိန္ကို ေ႐ႊ႕ဆိုင္းခဲ့ၾကသည့္ စီမံကိန္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here