ကြိုးစားမှုရဲ့ရလဒ်က အမြဲ အရာထင်မှာပါဆိုတဲ့ အသီးအရွက် ​ရောင်းတဲ့ ဦးလှဝင်း

0
178

ကြိုးစားမှုရဲ့ရလဒ်က အမြဲ အရာထင်မှာပါဆိုတဲ့ အသီးအရွက် ​ရောင်းတဲ့ ဦးလှဝင်း


တွံတေးမြို့ ကနေ ရန်ကုန်ထိနေ့တိုင်း လှည်းလေးနဲ့ အသီးအရွက်တွေလိုက်လံရောင်းချပြီး ဝမ်းရေးအတွက် ရှာဖွေစားသောက်နေတဲ့ သူက တော့ ဦးလှဝင်းပဲဖြစ်ပါတယ်။ အထမ်းသည်ဘဝကနေ ဈေးရောင်းလာကာ အခုဆိုရင် လှည်းလေးနဲ့ အသီးအရွက်လေးတွေ ရောင်းလို့ရနိုင်ပြီဖြစ်တယ်လို့ ဦးလှဝင်းကအခုလိုပဲပြောခဲ့ပါတယ်။

” ကျွန်တော် အရင်ကတော့ အထမ်းလေးနဲ့ပဲ ဈေးလိုက်ရောင်းတယ်။ အခုတော့ လှည်းလေးလည်းရလာတော့ ရန်ကုန်မြို့ရဲ့လမ်းတွေထဲမှာ အသီးအရွက် တွေလိုက်ရောင်းဖြစ်တယ်။ မနက်၆နာရီဆိုထလာပြီး အသီးအရွက်တွေ ဝယ်ပြီး လာရောင်းတယ်။ ရောင်းကောင်းတာ မကောင်းတာ ကတော့ ပုံမှန်ပါပဲ။ဒါပေမယ့်တချို့နေ့တွေဆို မိုးရွာထဲမှာ ရောင်းရတော့ မိုးတွေအရမ်းရွာနေရင် ဟိုဆိုင်ထဲဝင်ခို၊ ဒီဆိုင်ထဲ ဝင်ခိုနဲ့ အချိန်တွေပုပ်ပြီး မရောင်းရတဲ့နေ့တွေရှိပါတယ်။ ဘာပဲပြောပြော စိတ်ဓာတ်မကျဘဲ ဘဝကိုအကောင်းဆုံး ရှေ့ဆက်တယ်။ အကောင်းဆုံးကြိုးစားတယ်။နောက်ဆုံးမှာ ကြိုးစားခြင်းရဲ့ ရလဒ်က အရာထင်သွားမှာပါ။” လို့ပြောပါတယ်။

Zaw Gyi

ႀကိဳးစားမႈရဲ႕ရလဒ္က အၿမဲ အရာထင္မွာပါဆိုတဲ့ အသီးအ႐ြက္ ​ေရာင္းတဲ့ ဦးလွဝင္း

တြံေတးၿမိဳ႕ကေနရန္ကုန္ထိေန႔တိုင္း လွည္းေလးနဲ႔ အသီးအ႐ြက္ေတြလိုက္လံေရာင္းခ်ၿပီး ဝမ္းေရးအတြက္ ရွာေဖြစားေသာက္ေနတဲ့သူကေတာ့ ဦးလွဝင္းပဲျဖစ္ပါတယ္။အထမ္းသည္ဘဝကေန ေဈးေရာင္းလာကာ အခုဆိုရင္ လွည္းေလးနဲ႔ အသီးအ႐ြက္ေလးေတြေရာင္းလို႔ရႏိုင္ၿပီျဖစ္တယ္လို႔ ဦးလွဝင္းကအခုလိုပဲေျပာခဲ့ပါတယ္။

” ကြၽန္ေတာ္အရင္ကေတာ့ အထမ္းေလးနဲ႔ပဲေဈးလိုက္ေရာင္းတယ္။အခုေတာ့ လွည္းေလးလည္းရလာေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕လမ္းေတြထဲမွာ အသီးအ႐ြက္ေတြလိုက္ေရာင္းျဖစ္တယ္။မနက္၆နာရီဆိုထလာၿပီး အသီးအ႐ြက္ေတြ ဝယ္ၿပီး လာေရာင္းတယ္။ေရာင္းေကာင္းတာမေကာင္းတာကေတာ့ ပုံမွန္ပါပဲ။ဒါေပမယ့္တခ်ိဳ႕ေန႔ေတြဆို မိုး႐ြာထဲမွာ ေရာင္းရေတာ့ မိုးေတြအရမ္း႐ြာေနရင္ ဟိုဆိုင္ထဲဝင္ခို၊ဒီဆိုင္ထဲဝင္ခိုနဲ႔ အခ်ိန္ေတြပုပ္ၿပီး မေရာင္းရတဲ့ေန႔ေတြရွိပါတယ္။ဘာပဲေျပာေျပာစိတ္ဓာတ္မက်ဘဲ ဘဝကိုအေကာင္းဆုံးေရွ႕ဆက္တယ္။အေကာင္းဆုံးႀကိဳးစားတယ္။ေနာက္ဆုံးမွာ ႀကိဳးစားျခင္းရဲ႕ ရလဒ္က အရာထင္သြားမွာပါ။” လို႔ေျပာပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here