ရန်ကုန် မင်္ဂလာဒုံ ဇေကမ္ဘာဝင်းအတွင်းပေါက်ကွဲမှုဖြစ်၊မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးပါတွေ့ရှိခဲ့

0
30

ရန်ကုန် မင်္ဂလာဒုံ ဇေကမ္ဘာဝင်းအတွင်းပေါက်ကွဲမှုဖြစ်၊မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးပါတွေ့ရှိခဲ့

ရန်ကုန်၊ အောက်တိုဘာ ၈ရက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာဝင်း၊ ပိတောက်အိမ်ရာ(၂)၊ လမ်းသွယ်(၅)လမ်းနှင့်(၆)လမ်းကြားလူမနေသည့်ခြံတစ်ခြံ၏ ခြံစည်ရိုးအတွင်းပေ၂၀ အကွာတွင် ယမန်နေ့ မနက် ၁၂နာရီခန့်က လက်လုပ်ဗုံး(၁)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

စစ်ဆေးရာ ပေါက်ကွဲပြီးရှော့တိုက်ဒုံး အသုံးပြုရာတွင်ဆက်စပ်ပစ္စည်းများဖြစ်သည့်အချင်း ၄လက်မ၊အရှည်၃ပေခန့် PVC ပိုက်(၁)ခု၊ ဆိုင်ကယ်ဘက်ထရီ(၁)လုံး၊ ပေါက်ပြား(၁)လက်၊ ဓါတ်ဆီ(၁)ပုလင်း၊ ဝါယာကြိုး အပိုင်းအစ (၁)ခု တို့အားတွေ့ရသည်ဟု တာဝန်ရှိသူတို့ကပြောပြသည်။

ပတ်ဝန်းကျင်အားဆက်လက်ရှင်းလင်းရာ မပေါက်ကွဲသေးသည့် ၁၀၇အမျိုးအစား ရှော့တိုက်ဒုံး(၁)လုံး၊ အချင်း၄လက်မ၊ အရှည်၃ပေခန့် PVC ပိုက်(၁)ခု၊ ဆိုင်ကယ်ဘက်ထရီ(၁)လုံး ထပ်မံတွေ့ရှိခဲ့သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် ပျက်စီးမှုကြီးကြီးမားမားမရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here