Looking for something?

Explore the website

Looking for something?

Thursday, May 22, 2025

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...
HomeArticlesကိုဗစ်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးတွေ...

ကိုဗစ်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်သာဖို့ လိုက်နာရမယ့် အချက်(၈)ချက်

ကိုဗစ်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်သာဖို့ လိုက်နာရမယ့် အချက်(၈)ချက်

ကမ္ဘာပေါ်မှာ ယနေ့ထိကိုဗစ်၁၉ရောဂါကနေ ပြန်လည်ကောင်းမွန်လာသူ ၁၉၇သန်းကျော်ရှိပြီး မြန်မာနိုင်ငံမှာတော့ ဆေးရုံဆင်းခွင့်ရသူ ၃၅၀၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်၁၉ဖြစ်ပွါးပြီးတဲ့ သူတွေမှာ နေပြန်ကောင်းလာတာတောင် တချို့ရောဂါလက္ခဏာတွေကို ဆက်ခံစားရတာ၊ တချို့ဆိုရင် နလန်ထတဲ့ အချိန်မှ ရုတ်တရက် သေဆုံးသွားတာမျိုးတွေ ရှိနေပါတယ်။ဒါဟာ မြန်မာတစ်နိုင်ငံထဲမဟုတ်ပဲ ကမ္ဘာပေါ်မှာလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ပညာ ရှင်တွေကြားမှာ ဆွေးနွေးလေ့လာနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။

ကိုဗစ်ဖြစ်တဲ့သူတွေရဲ့ ၃၀%က ဆက်ပြီး ညောင်းကိုက်တာ၊ ဘာပဲလုပ်လုပ်အားမရှိပဲ နုံးချည့်နေတာ၊အနံ့အရသာ ဆက်တိုက် ပျောက်နေ တာ၊တချို့ဆိုရင် အသက်ရှူရခက်ခဲတာတွေကိုဆက် ပြီး တွေ့ရှိနေရကြောင်းနဲ့ ဒီလက္ခဏာတွေဟာ ပိုးပြန်စစ်ကြည့်လို့ ပိုးမတွေ့တာ တောင် နောက် ထပ် အနည်းဆုံး ၄ပတ်အထိ ဆက်ရှိနေတာမျိုးတွေ့ရတယ်လို့ JAMA Network Open ဆေးပညာ ဂျာနယ်မှာ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလက ရေးသားချက်တွေအရ သိရပါတယ်။

ကိုဗစ်၁၉ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြန်ကောင်းလာသူ ၁၀ဦးမှာ ၁ဦးနှုန်းထက် ပိုခံစားရမိုင်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ လျော့ပါးသက်သာဖို့ လိုက်နာရမယ့်အချက် (၈)ချက် ရှိကြောင်း ဒေါက်တာသန်းနိုင်စိုးက
ပြောပါတယ်။

၁။ ပထမအချက်ကတော့ အမြဲတမ်းအိပ်ယာထဲမှာပဲ လှဲမနေသင့်ပါဘူး။စိတ်ဓာတ်ကျတာတွေ၊စိုးရိမ်ထိတ်လန့်တာတွေမဖြစ်စေဖို့အတွက် ကိုယ်လက်လှုပ်ရှားတာတွေ၊ လမ်းလျှောက်တာတွေကို တတ်နိုင်သမျှ စတင်ဖို့လိုပါတယ်။

၂။ အစားများများစားဖို့ လိုပါတယ်။ အနံ့၊အရသာပျောက်ရင်တောင်မှ အောင့်အီးသည်းခံပြီးစားပါ။ အသီးအနှံနဲ့ အသား၊ငါးများများစားပါ။ အသင့်စားအစားအစာတွေနဲ့ ဆီကြော်မုန့်တွေအပြင် ဆေးလိပ်သောက်ခြင်းတို့ကို ရှောင် သင့်ပါတယ်။

၃။ စိတ်ရှုပ်စေမယ့် အရာတွေကို ရှောင်ပါ။စိတ်ကိုအနားပေးရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဘာသာတရားအလိုက် တရားထိုင်တာတွေ အပြင်၊ မိတ်ဆွေ၊သူငယ်ချင်း၊မိသားစုတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဖြစ်နိုင်ရင်တော့ ဆိုရှယ်မီဒီယာနဲ့ ခဏ အဆက်အသွယ်ဖြတ်ပါ။

၄။ အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။အိပ်ရေးမဝတဲ့အခါ နေပြန်ကောင်းတာ ကြာမယ့်အပြင် အခြားရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာတွေကို အများကြီးထိခိုက်စေပါတယ်။ဒါပေမယ့် တရက်ကို ၁၂နာရီ၊၁၄နာရီလောက် အအိပ်မလွန်ဖို့လည်း လိုပါတယ်။

၅။ ပြန်လည်ကောင်းမွန်တဲ့ ခရီးလမ်းကြောင်း (Recovery Journey) ကို သွားနေတဲ့အချိန်မှာ စိတ်မလောဖို့နဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်ဖြစ်ဖို့ လိုပါတယ်။ တချို့လူငယ်တွေဆို ဆေးရုံဆင်းပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို လူကောင်းလို့ ထင်တတ်ပါတယ်။ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာက တခုခုဖြစ်နေနိုင်ပါတယ်။ ဥပမာ နှလုံးကြွက်သားေရောင်နေတာမသိပဲ ပြင်းပြင်းထန်ထန်လုပ်လိုက်မိရင် ရုတ်တရက် နှလုံးခုန်ရပ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာတွေ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုစောင့်ကြည့်ရမှာပါ။အသက်ရှူရခက်နေတာ ရင်ဘတ်အောင့်နေတာ၊ ရင်ဘတ် ပေါ်ဖိထားသလို့ ခံစားနေရတာ ၊စိတ်အရမ်းရှုပ်လာတာ၊စကားပြောရတာ မပီချင်တာ၊ သတိလစ်ချင်သလို ဖြစ်လာတာမျိုးတို့ဆိုရင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး ချက်ချင်းအရေးပေါ်သွားရပါမယ်။ နောက်ပြီး မျက်နှာနဲ့နှုတ်ခမ်းပြာလာတာမျိုးဆို အောက်ဆီဂျင်ကောင်းကောင်း မရတာမျိုးဖြစ်နိုင်တဲ့ အတွက် အောက်ဆီဂျင်ပုံမှန် တိုင်းရပါမယ်။အောက်ဆီဂျင်လယ်ဗယ် ၉၄ အောက်ကျလာပြီဆိုရင် ချက်ချင်း ကုသမှု ခံယူရပါမယ်။ ဒါတွေအပြင် တညလုံးအိပ်မပျော် တာ၊ ကိုယ်အလေးချိန်သိသိသာသာ ကျ လာ တာ၊ ဝမ်းပျက်ဝမ်းလျှော ဆက်တိုက်ဖြစ်လာတာဆိုရင် ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်ဖို့ လိုပါတယ်။

၇။ မည်သူမဆို (အထူးသဖြင့် သက်ကြီးရွယ်အိုတွေ) နေပြန်မကောင်းသေးတဲ့အချိန်မှာ တစ် ယောက်တည်း မနေသင့်ပါဘူး။ မိသားစုရှိတဲ့နေရာ၊ ဒါမှမဟုတ် အရေးပေါ် ပြုစုစောင့်ရှောက် ပေးနိုင်မယ့် သူတွေနဲ့နေပါ။ လုံးဝအရှင်းမကောင်းသေးတဲ့ အချိန်မှာ တယောက်တည်း နေတာကို ရှောင်သင့်ပါတယ်။ ဒါမှ အရေးပေါ် ဆေးရုံ၊ဆေးခန်းသွားတဲ့အခါမှ လိုက်ပို့ပေးနိုင်မယ့်သူရှိမှာပါ။

၈။ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေလျှော့ချဖို့လိုတဲ့အတွက် နေပြန်ကောင်းလာပြီး သီးသန့်ခွဲနေတဲ့ ကာလပြည့်ရင် သက်ဆိုင်ရာ လုပ်ငန်း ခွင် ကို ပြန်သွားသင့်ပါတယ်။ အလုပ်ပြန်လုပ်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သက်သာလာနိုင် ပါတယ်။ ပြန်ကျန်းမာ လာပြီး စိတ်ချမ်းသာလာနိုင်ပါတယ်။

ဒီအချက် (၈)ချက်ကတော့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက နိုင်ငံပိုင်သတင်းစာတစ်ခုကို ဖြေကြားချက်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071