Thursday, May 29, 2025

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...
HomeNewsLocal Newsမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံအား အောက်ဆီဂျင်အလုံးရေ...

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံအား အောက်ဆီဂျင်အလုံးရေ (၁၄၀) လှူဒါန်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန်၊ ဩဂုတ် ၂၅
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့ ဩဂုတ်လ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံးရေ ၁၄၀ လုံး လှူဒါန်းပေးအပ်ခဲ့ပြီး လွှဲပြောင်းပေးသည့်စာလွှာကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က Video စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
Mr. Chen Hai က တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပေးအပ်သည့် နောက်ထပ် အောက်ဆီဂျင်စက် အလုံးရေ ၁၀၀၀ လည်း သြဂုတ်လ ၂၁ ရက်နေ့တွင် ဝမ်တိန်နယ်စပ်ဂိတ်သို့ ရောက်ရှိခဲ့ပြီး မကြာမီမှာ မြန်မာနိုင်ငံသို့ ပိုဆောင်ရောက်ရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ခုခံတိုက်ဖျက်နေသော အရေးကြီးကာလတွင် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသော အောက်ဆီဂျင်စက်များက မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပြည်သူများ၏ကျန်းမာရေးအတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၅.၆ သန်း ထောက်ပံ့ပေးခဲ့ပြီး ၎င်းအနက် ကာကွယ်ဆေး အလုံးရေ ၂.၉ သန်းသည် အကြွင်းမဲ့ လှူဒါန်းပေးအပ်ခြင်း ဖြစ်ကြောင်း၊ နောက်ထပ် ကာကွယ်ဆေး အလုံးရေ ၃ သန်းကိုလည်း မကြာမီရက်ပိုင်းတွင် လွှဲပြောင်းပေးအပ် မည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် တရုတ်-မြန်မာ အထူးလမ်းကြောင်းမှ အောက်ဆီဂျင်အရည် စသည့်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ အတားအဆီးမရှိ မြန်မာနိုင်ငံသို ရောက်ရှိရေးအတွက် အာမခံချက်ပေးပြီးကူညီ၍ ပြီးခဲ့သည့်အပတ်တွင် ကျင်းပသည့် “အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကတိပြုခြင်း ညီလာခံ” ၌ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၁ သန်းနှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထပ်မံအကူအညီပေးမည် ဟုထပ်မံပြော ကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံကယခုအကြိမ် အောက်ဆီဂျင်စက် ၁၄၀ လုံး လှူဒါန်းပေးအပ်ပြီး မကြာမီတွင် အောက်ဆီဂျင်စက် ၁၀၀၀ လုံး နောက်ထပ်လှူဒါန်းမည်ကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အများပြည်သူကျန်းမာရေး အာမခံမှုအတွက် ကြီးမားသည့်အကူအညီပေးအပ်ခဲ့ခြင်းတိုကြောင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။
ထိုနောက် ၎င်းမှ မြန်မာနိုင်ငံကပ်ရောဂါတတိယလှိုင်း ကာကွယ်ထိန်းချုပ်မှုတွင် အတိုင်းအတာတစ်ခုအထိတိုးတက်မှုရရှိပြီးဖြစ်ကာ ယခုနှစ်ကုန်၌ ပြည်သူလူထု ၅၀% ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာ-တရုတ် နယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေးကိုလည်း အင်တိုက်အားတိုက်ကူညီပြီး တရုတ်နိုင်ငံ၏ ကူညီမှုအောက်တွင် နေပြည်တော် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) တည်ဆောက်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြား ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071