အမြတ်ကြီးစား ဈေးမကစားပါဆိုသည့် ခံဝန်လက်မှတ် ဆေးဂိုဒေါင်ပိုင်ရှင်တိုင်းထိုးရမည်

0
176

ဆေးဂိုဒေါင်ပိုင်ရှင်တွေကို တာဝန်ရှိသူတွေက အမြတ်ကြီးစား ဈေးမကစားပါ ဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးစေမယ်လို့ သိရပါတယ်။

ဒါဟာ လုပ်ထုံးလုပ်နည်း နဲ့ အညီ ပုံမှန် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေကို တစ်စုံတစ်ရာအရေးယူဖို့ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ ဆေးဝါးတွေ ဈေးနှုန်းမမြင့်မားစေဖို့၊ ဈေးကွက်အတွင်း ဆေးဝါး ဖြန့်ဖြူးမှု ထိန်းချုပ်တာတွေ မလုပ်ဖို့အတွက် ကြိုတင်စီမံတာဖြစ်တယ်လို့ တာဝန်ရှိသူတွေ ကပြောကြပါတယ်။

ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်မားနေလို အခုရက်ထဲ အဖွဲစုံနဲ့ ရန်ကုန်တိုင်းအတွင်းက ဆေးဂိုဒေါင်တွေ လိုက်လံစစ်ဆေးရာမှာ ဆေးဂိုဒေါင် ၉ ခုဟာ တင်သွင်းတဲ့ အထောက်အထားတွေ မတင်ပြနိုင်တဲ့ အပြင် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတဲ့ အတွက် အရေးယူခံလိုက်ရတဲ့ ဆေးဂိုဒေါင်အရေအတွက်က ၉ လုံးအထိရှိနေပါတယ်။

ရန်ကုန်တိုင်းကဲ့သို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အခုလို စစ်ဆေးမှုတွေ လုပ်နေပြီး အရေးယူတဲ့ အခြေအနေနဲ့ မသိရှိရသေးဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here