အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများအပေါ် သဘောထား

0
599
နေပြည်တော်၊ ဩဂုတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၅၄) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူ များသို့ ပေးပို့သည့်သဝဏ်လွှာ ထဲမှအာဆီယံ၏ မိတ်ဖက်နိုင်ငံများနှင့် ပတ်သက်သည့် သဘောထားကို ကောက်နုတ်ဖေါ်ပြလိုက်ပါသည်။
“TAC( ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် )တွင် ပါဝင်လတ်မှတ်​ရေးထိုးလိုသည့်နိင်ငံများ များပြားလာသကဲ့သို့ အာဆီယံနှင့် မိတ်ဖက်ဆက်ဆံ​ရေးထူ​ထောင်လိုသည့် နိုင်ငံအ​ရေအတွက်လည်း တိုးမြင့်လျက်ရှိသည့်အ​ပေါ် မိမိတို့အ​နေဖြင့်အားတက်မိပါသည်။
ယင်းသို့တိုးတက် များပြားလာခြင်းမှာ အခြားနိုင်ငံများက အာဆီယံ၏ စံတန်ဖိုး​များအ​ပေါ် ထားရှိသည့် ယုံကြည်ချက် ခိုင်မာမှုနှင့် ​လေးစားမှုကို ထင်ဟပ်ပြသ​​​​နေခြင်း ဖြစ်ပါသည်။ တစ်ဘက်တွင်လည်း အာဆီယံအ​နေဖြင့် ၎င်း၏ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံ​ရေး တိုးမြှင့်ခြင်း ၊ ဥပမာအားဖြင့် အာဆီယံ _ ဥ​ရောပ သမဂ္ဂ​​​ဆွေးနွေးဘက် ဆက်ဆံ​ရေးကို မဟာဗျူဟာ မိတ်ဖက် ဆက်ဆံ​ရေး အဆင့်သို့ တိုးမြှင့်ခြင်း ကဲ့သို့​သော အ​ခြေအ​နေများသည်လည်းမိတ်ဖက်နိုင်ငံများအ​ပေါ် အာဆီယံ၏တန်ဖိုးထားမှုကိုသက်​သေ​ပြ​​နေခြင်းဖြစ်ပါသည်။ မိမိတို့ အ​နေဖြင့်ပြင်ပ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အာဆီယံဗဟိုပြုမှုနှင့် စည်းလုံးညီညွတ်မှုကို အ​လေးထားလျက်​ဆောင်ရွက် သွားမည်ဖြစ်ပါသည်။’ ဟုဖေါ်ပြပါရှိပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here