အလံအရောင်သင်္ကေတနဲ့ ပြည်သူအချင်းချင်းကူညီနေ

0
174
ကိုဗစ်၁၉ တတိယလှိုင်း ကြောင့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူရော သေဆုံးသူအရေအတွက်ပါ မြင့်တက်လျက်ရှိပါတယ်။တချို့
အိမ်တွေဆို အဖေအမေ ဆုံးပါးပြီး ကလေးငယ်တွေပဲ ကျန်ခဲ့တာမျိုးတွေတောင်ရှိနေပါတယ်။တချို့ အိမ်တွေကတော့ အိမ်လုံးကျွတ် ဖျားနာနေကြပါတယ်။
ဒါကြောင့် ရပ်ကွက်နေပြည်သူအချင်းချင်း သင်္ကေတတွေအမှတ်အသားပြုလုပ်ပြီး ကူညီနေကြပါတယ်။ အိမ်တအိမ်မှာ အလံဖြူလွှင့် တင်ထား ခဲ့မယ်ဆိုရင် အဲ့ဒီအိမ်ဟာ အစားအသောက်အတွက် အကူအညီ လိုအပ်နေတဲ့အိမ်ဖြစ်ပါတယ်။ အလံဖြူမဟုတ်ပဲ အလံဝါ လွှင့်တင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီအိမ်ဟာ ဆေးဝါးအတွက်လိုအပ်နေတဲ့အိမ်ဖြစ်ပါတယ်။
ရန်ကုန်တမြိုလုံးမှာဆိုရင် အဝါရောင်အလံလွှင့်တင်ထားတဲ့ အိမ်ပေါင်း ၁၆အိမ်ထက်မနည်းရှိနေပါပြီ။ လွှင့်တင်ထားတဲ့ အလံအရောင်ကို ကြည့်ပြီး ရပ်ကွက်နေပြည်သူအချင်းချင်း မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီနေကြတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here