နေပြည်တော်တွင် ယခုနှစ် ၆ လကျော်ကာလအတွင်း Covid-19 ရောဂါပိုး ကြောင့်သေဆုံးသူ ၆၆ ဦးထိ ရှိလာ

0
51

နေပြည်တော် ဇူလိုင် ၂၀

ယခု ၂၀၂၁ ခုနှစ်အတွင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၆ လကျော်ကာလအတွင်း Covid-19 ရောဂါပိုး အတည်ပြုလူနာဦးရေ ၄၄၄၂ ကျော်ထိရှိလာနေပြီး သေဆုံးသူမှာလည်း ၆၆ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၈ ရက်နေ့ထိတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း Covid-19 ရောဂါကူးစက်ဖြစ်ပွားမှုမှာ လူနာဦးရေ ၄၄၄၂ ဦးထိ ရှိလာနေပြီး သေဆုံးသူမှာလည်း ၆၆ ဦးထိရှိလာနေကြောင်း၊ ထိုသို့ ကိုဗစ်လူနာတွေ့ရှိမှုများတွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဇေယျာသီရိမြို့နယ်ကအများဆုံးဖြစ်ပြီး ယခု ဇူလိုင်လထိတွင် ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့လူနာပေါင်း ၂၂၁၀ ဦးဖြင့်အများဆုံးဖြစ်နေကြောင်း သိရသည်။

” ပိုးတွေ့မှုနှုန်းက နိုင်ငံတစ်ဝန်းမြငိ့တက်နေသလို နေပြည်တော်မှာက လဲ နေ့စဉ်မြင့်တက်လာနေတာပါ။ နေပြည်တော်မှာ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့ အတွက် နေပြည်တော်ကောင်စီရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ပိုးတွေ့လူနာတွေ လက်ခံကုသရေး စင်တာတွေနဲ့ contact person တွေသီးသန့်ထားပြီး စစ်ဆေးတဲ့ စင်တာတွေလဲ တိုးချဲ့ဆောင်ရွက်ထားပါတယ်” ဟု နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ပြောသည်။

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှစ၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထိတွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူလူနာဦးရေပေါင်း ၅၄၂၆ ဦးထိ ရှိလာနေခြင်းဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်တွင် ၂၂၁၀ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၁၁၆ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၁၆၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၃၉၉ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၈၃၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၇၆၉ ဦး၊ လယ်ဝေးမြို့နယ်တွင် ၅၁၁ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၁၄၃ ဦး၊ နေပြည်တော်နယ်မြေပြင်ပမှဝင်လာသူများထံမှ ၂၇၇ ဦး စုစုပေါင်း ၅၄၂၆ ဦးတို့ဖြစ်ကြကြောင်း၊ အဆိုပါ ပိုးတွေ့လူနာ ၅၄၂၆ ဦးအနက် သေဆုံးခဲ့သူ ၇၃ ဦးထိ ရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ဒီဇင်ဘာလကုန်ထိတွင် ကိုဗစ်ပိုးတွေ့လူနာဦးရေ ၉၈၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးသာရှိခဲ့ပြီး ယခုနှစ်အတွင်း သေဆုံးသူ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here