ယခုဘဏ္ဍာနှစ်ငါးဖမ်းရာသီမှာတရားမဝင်ခိုးဖမ်းတဲ့လိုင်စင်မဲ့ငါးဖမ်းလှေ၉စီးကိုဘဏ္ဍာသိမ်းအရေးယူထား

0
101

ယခုဘဏ္ဍာနှစ်ငါးဖမ်းရာသီမှာတရားမဝင်ခိုးဖမ်းတဲ့လိုင်စင်မဲ့ငါးဖမ်းလှေ၉စီးကိုဘဏ္ဍာသိမ်းအရေးယူထား

နေပြည်တော် ဇူလိုင် ၉

ယခုဘဏ္ဍာနှစ် ငါးဖမ်းရာသီအတွင်း မြန်မာ့ရေပိုက်နက်အတွင်းဝင်ရောက်ဖမ်းဆီးတဲ့ ပြည်ပငါးဖမ်းလှေနှင့် ပြည်တွင်း လိုင်စင်မဲ့ငါးဖမ်းလှေ စုစုပေါင်း ကိုးစီးကို ဖမ်းဆီးရမိလို့ လှေများကို ဘဏ္ဍာသိမ်းအရေးယူထားတယ်လို့ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးဖမ်းရာသီဖြစ်တဲ့ စက်တင်ဘာလမှ ဩဂုတ်လထိမှာ မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ပြည်ပငါးဖမ်းလှေသုံးစီးနဲ့ ပြည်တွင်းမှ လိုင်စင်မဲ့ ငါးဖမ်းလှေ ၆ စီး တို့ကို ရေတပ်မှ ကင်းလှည့်ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖမ်းမိတဲ့ငါးဖမ်းလှေတွေကိုငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းကာ ဒီ တရားမဝင် ဖမ်းစီးတဲ့ငါးဖမ်းလှေ ၉ စီးကို ဘဏ္ဍာသိမ်းအဖြစ်အရေးယူထားတာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

” ဒီလှေ ကိုးစီးက ခိုးဝင်တာပါ။ ပြည်တွင်းလှေကလဲ VMS မတပ်ထားဘူး။ လိုင်စင်လဲ မရှိဘူး။ ရေတပ် က ကင်းလှည့်လုပ်ငန်းဆောင်ရွက်ရင်းဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီး တဲ့လှေတွေကို ငါးလုပ်ငန်းဦးစီးဌာနက ဘဏ္ဍာသိမ်းအဖြစ်အရေးယူထားပါတယ်။ ” လို့ ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဖမ်းမိတဲ့လှေပေါ်ပါလာတဲ့လူတွေကိုလည်း ဥပဒေအရတရားစွဲပြီး သတ်မှတ်တဲ့ပြစ်ဒဏ်တွေချမှတ်ကာအရေးယူထားတယ်လို့သိရပါတယ်။

ငါးဖမ်းရာသီအတွင်း ကမ်းဝေးငါးဖမ်းခြင်းလုပ်ငန်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်တဲ့ ငါးဖမ်းလှေ တွေအပြင် တရားမဝင်ခိုးဖမ်းသည့်ငါးဖမ်းလှေများ စုစုပေါင်း ၁၇၆ စီးထိ ယခုဘဏ္ဍာနှစ်အတွင်းမှာ ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here