ဘန်ကောက်ရှိ ဆေးရုံအချို့မှ ဌာနအချို့ ယာယီပိတ်

0
105
ဘန်ကောက်၊ ဇူလိုင် ၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆီရီရပ်ချ် ဆေးရုံ (Siriraj Piyamaharrajkarun)ရဲ့ အရေးပေါ်ခန်းကို ယာယီပိတ် လိုက်ပြီဖြစ်ကြောင်းနဲ့ နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ပိတ်ထားမှာဖြစ်ကြောင်း၊ ရောက်လာတဲ့လူနာတွေ ဟာ အရေးပေါ်ခန်းနဲ့ မမျှတော့တာကြောင့် ခုလို ယာယီပိတ်လိုက်ရတာဖြစ်ကြောင်း ဇူလိုင် ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဆေးရုံရဲ့ အခြားဌာနတွေကိုတော့ ဖွင့်လှစ်ထားပေမယ့် လူနာတွေအဆင်မပြေဖြစ်မှုအတွက် တောင်းပန်ပါတယ်လို့လဲ ဆေးရုံကဆိုပါတယ်။
နောက် ဆေးရုံတစ်ခုဖြစ်တဲ့ Rajavithi ဆေးရုံကလဲ အထွေထွေခွဲစိပ်ကုသဆောင်မှာတက်ရောက်ကုသမယ့် လူနာတွေကို နောက်တစ်ပတ် သောကြာနေ့မထိ လက်မခံတော့ပါဘူးလို့ သတင်းထုတ်ပြန်ပါတယ်။ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ ကိုဗစ်ကူးစက်လို့ အများအပြား ကွာရန်တင်း ဝင်နေကြရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် ခုလို သတင်းထုတ်ပြန်တာပါပဲ။ လူနာတွေကို စစ်ဆေးတဲ့ဌာနတို့ အထွေထွေ ကုသဌာနတို့ကိုလဲ ဆက်ပြီးဖွင့်ထားမှာဖြစ်ပေမယ့် လက်ရှိစာရင်းသွင်းပြီးသား လူနာတွေအတွက်ပဲ ကုသပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်၁၆ ရက်နေ့အထိ လူနာသစ်ကို လောလောဆယ် လက်မခံသေးဘူးလို့ ဆေးရုံကဆိုပါတယ်။
Ref: Bangkok’s Siriraj Hospital closes emergency room until further notice
PHOTO: Chanawit Sitthisombat/Flickr


LEAVE A REPLY

Please enter your comment!
Please enter your name here