နေပြည်တော်က မြို့နယ် (၂)ခုအပါအဝင် Stay at Home မြို့နယ် (၃၁)မြို့ရှိလာ

0
256

နေပြည်တော် ဇူလိုင် ၇

ကိုဗစ်(၁၉) ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကူးစက်မှု မြင့်မားနေသည့် မြို့နယ်များ မိမိအိမ်တွင် သာနေထိုင်ရေး stay at home အဖြစ် သတ်မှတ် ထိန်းချုပ်လျှက်ရှိရာ ယနေ့အထိ မြို့နယ်ပေါင်း (၃၁)မြို့ အထိ ရှိလာပြီဖြစ်သည်။

ယမန်နေ့ညက နေပြည်တော်က ဇဗ္မူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် တို့ကိုပါ stay at home အဖြစ် စတင်ကြေညာခဲ့ပြီး ပဲခူး၊ပြည်နှင့်တောင်ငူ မြို့များလည်း ပါဝင်လာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထိန်းချုပ်ကုသရေး ဆောင်ရွက်ချက်များကို ဆောင်ရွက်လျှက် ရှိနေသော်လည်း ကိုဗစ်(၁၉) ကူးစက်မှု အရှိန်မြင့်လာပြီးနေ့စက် ကူးစက်သူ ရာခိုင်နှုန်းက စံချိန်တင်မြင့် တက်လာနေသည်။

ပြည်သူများ အနေဖြင့် mask တပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းနှင့် လက်ကို မကြာခဏ‌ဆေးကြောခြင်း တို့ဖြင့် ကူးစက်မှုကို ဟန့်တားနိုင်မည်ဖြစ်ကာ မကြာမီရက်ပိုင်း အတွင်း ကာကွယ်ဆေး (၂)သန်း ခန့်ပြည်တွင်း ကိုရောက်ရှိလာမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here