မြန်မာအိမ်အကူကို အစာငတ်ထားခြင်း နှိပ်စက်ခြင်းများပြုခဲ့သည့် စင်ကာပူအမျိုးသမီးတစ်ဦးအား ထောင်ဒဏ် နှစ် ၃၀ ချ

0
954
စင်ကာပူ၊ ဇွန် ၂၃
အသက် ၂၄ နှစ်အရွယ်ရှိ အိမ်အကူ မြန်မာအမျိုးသမီး တစ်ဦးအား သေဆုံးသည်အထိ အစားအစာအငတ်ထားခြင်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ သည့် စင်ကာပူနိုင်ငံသူ တစ်ဦးအား တရားရုံးမှ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်။
အိမ်အကူ မြန်မာအမျိုးသမီးသည် နှိပ်စက်ခံရသဖြင့် ရရှိသောဒဏ်ရာများဖြင့် ၂၀၁၆ ခုနှစ်က သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် ခန္ဓာကိုယ် အလေးချိန်မှာ ၂၄ ကီလိုဂရမ်(၅၃ ပေါင်ခန့်) သာရှိတော့ကြောင်းသိရသည်။
ထို့ကြောင့် နှိပ်စက်သူ စင်ကာပူနိုင်ငံသူ အမျိုးသမီး(အသက် ၄၀)အား လူမဆန်မှု၊ နှိပ်စက်မှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အိမ်အကူအမျိုးသမီး နှိပ်စက်ခံရသည့် ဓာတ်ပုံသက်သေများ၊ CCTV သက်သေများကိုကြည့်ရှု၍ တရားသူကြီးက အထူးတုန်လှုပ်ခဲ့ရပြီး၊ ယခုအမှုမှာ စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး နှိပ်စက်မှု လူမဆန်မှုများအနက် တစ်ခုဖြစ်ကြောင်းဆိုသည်။
Ref: Singaporean who tortured and killed Myanmar maid gets 30 years in jail
Photo: Getty Images

 


LEAVE A REPLY

Please enter your comment!
Please enter your name here