နေခြည်​ဦးနဲ့အတူ သွားရောက်​ရိုက်​ကူးထားတဲ့ ခရီးသွားကောက်​ကြောင်း အကြောင်းစဝ်​ယွန်းဝတီဦးပြောပြ

0
357

အနုပညာလောကကို အခု နောက်​ပိုင်းမှာ ခြေလှမ်းခပ်​စိတ်​စိတ်​နဲ့ ဝင်​ရောက်​လာသူက တော့ စဝ်​ယွန်းဝတီဦးပါ။ အခုလတ်​တလော အနုပညာ လှုပ်​ရှားမှုအနေနဲ့ Stellar Seven နဲ့ ရိုက်​ကူးမယ့်​ အဆောင်​ ဇာတ်​လမ်းတွဲမှာ ကာရိုက်​တာ ဆန်းဆန်းလေးနဲ့ ပါဝင်​ရိုက်​ကူး သွားမယ်​လို့လည်း ပြောပြပါတယ်​။ မြန်​မာနိုင်ငံ မှာရှိတဲ့ လှပတဲ့ နေရာတွေကို သွားရောက်​ရိုက်​ကူးထားတဲ့ ခရီးသွား ကောက်​ကြောင်းဆိုတဲ့ ပရိုဂရမ် ကိုလည်း နေခြည်​ဦးနဲ့ အတူတူ သွား ရောက်​ရိုက်​ကူးထားပါသေးတယ်​။

ခရီးသွား ကောက်​ကြောင်း ရိုက်​ကူးရင်းနဲ့ အမှတ်​တရဖြစ်​ခဲ့တဲ့အကြောင်းတွေကို စဝ်​ယွန်းဝတီဦးက…

”ဒီ ပရိုဂရမ်လေး ရိုက်​ကူးရတာ ပျော်​ဖို့လည်း ကောင်းတယ်​။ မရောက်​ဖူးသေးတဲ့နေရာတွေကို သွားပြီး အများကြီးလေ့လာခွင့်​ရခဲ့တယ်​။ စစ် ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဘက်​ကို အဓိက ရောက်​ခဲ့တယ်​။ မနေခြည်​ရော ညီမရော နှစ်​ယောက်​စလုံးပင်​ပန်းတယ်​။ အမှတ်​တရအဖြစ်​ဆုံးဆိုရင်​ နှစ်​ယောက်​စလုံး လှေစီးပြီးတော့ လင်းပိုင်ငါးလေးတွေ သွားကြည့်​ကြတယ်​။ မနေခြည်​က လင်းပိုင်ငါးလေးတွေ မတွေ့မချင်း သူ စောင့်​မယ်​ဆိုပြီး ဧရာဝတီမြစ်​ထဲ လိုက်​ရှာ ကြတယ်​။ လိုက်​ရှာတာ လုံးဝညနေစောင်းတော့ ပြီ။ လေးနာရီလောက်​ ကြာသွားတယ်။ တွေ့ တော့ တွေ့တယ်​။ ဒါပေမဲ့ နည်းနည်းလေးပဲ တွေ့ရတယ်​။ ခေါင်းလေးနည်းနည်းလောက်​ပဲ မြင်​ရတယ်​။ အများကြီးပေါ်မလာဘူး။ အစက စိတ်​ထဲမှာထင်​ထားတာက လှေနားကို ကပ်​လာ ပြီး ဆယ်လ်ဖီအတူ တူရိုက်​လို့ရမယ်​ဆိုပြီး ထင်​ထားတာ။ ဒါပေမဲ့ မရိုက်​လိုက်​ရဘူး” လို့ ပြောပြ ပါတယ်​။

နေခြည်​ဦးနဲ့ အတူတူရိုက်​ကူးရတာ တကယ်​ကို ပျော်​ဖို့ကောင်းခဲ့တယ်​ ဆိုတာကို လည်း…

”မနေခြည်​ကိုလည်း အပြင်​မှာ တကယ်​ သဘောကျတာဆိုတော့ အတူတူ ရိုက်​ကူးရတာ ပျော်​ဖို့ကာင်းတယ်​။ လူတွေ သူ့ကို ချစ်​ကြတဲ့ ပုံစံအတိုင်းပဲ အပြင်​မှာ လည်းသူက ဖော်​ရွေ တယ်​။ ချစ်​ဖို့ ကောင်းတယ်​။ မနေခြည်​နဲ့က ခရီး သွားကောက်​ကြောင်း အခုရိုက်​မှ အပြင်​မှာ ဆုံဖူးတာ။ အရင်​တုန်းက အတူတူမရိုက်​ဖူးဘူး။ ဒါရိုက်​တာကလည်း နှစ်​ယောက်​သား ရင်းနှီး သွားအောင်​ မရိုက်​ခင်​ အပြင်​မှာ မနေခြည်​နဲ့ တစ်​ရက်​ဆုံပေးတယ်​။ အဲဒီမှာ တွေ့တော့ မနေ ခြည်​က ဘာမှစိတ်​မပူနဲ့။ အစ်​မနဲ့ အတူတူရိုက်​ရင်​ တအားကို ပျော်​မှာဆိုပြီးပြောတယ်​။ ခရီး တွေသွားတော့လည်း တောင်တွေ အတူတူ တက်​၊ ကားတွေအတူတူစီးပြီး တကယ်​ကို ပျော်​ဖို့ကောင်းခဲ့ပါတယ်” လို့ ပြောပြပါတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here