Boy Band တစ်ခုထောင်ဖို့ ကြိုးစားနေတဲ့Rain

0
245


ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Radio Star ရှိုးတွင် မင်းသားRain ပါဝင်ခဲ့ပြီး သူ့ရဲ့ ဆက်လက်လုပ်ဆောင်မယ့် အနုပညာအကြောင်းများကို ဝေမျှခဲ့သလို လူငယ်အဖွဲ့ တစ်ခုကို စင်တင်မြေထောင်မြှောက်ပေးမယ့် အစီအစဉ်ကိုလည်း ပြောပြ ခဲ့ပါတယ်။ သူဟာ ဝါသနာပါတဲ့ လူငယ်လေးတွေကို စုစည်းပြီး လေ့ကျင့်ပေးနေသလို ဝါသနာရှင်ရှာဖွေဖို့ကလည်း အတော်လေး ခက်ခဲကြောင်းကို ပြောပြခဲ့ပါတယ်။။

အခုဆို အွန်လိုင်းရှိတာေ ကြာင့် အေဂျင်စီမလိုပဲ နာမည်ကြီးဖို့က အရမ်း လွယ်ကူကြောင်း၊ အခုလေ့ကျင့်နေတဲ့အထဲက သူစိတ်တိုင်းကျတဲ့ ၃ ယောက် ရှိကြောင်းတို့ကို ထုတ်ဖော်ပြောပြခဲ့သလို သူ့ရဲ့ အလေ့အကျင့်လေး တွေကို ပြောပြခဲ့ပါတယ်။

သူဟာ မင်းသမီး Kim Tae Hee နဲ့ အိမ်ထောင်တခုတည်ထောင်ထားပေမယ့် သူ့ရဲ့ ထူးခြားတဲ့အကျင့် က အသားကင်စားရင်တော့ ဘယ်သူမှမပါပဲ တယောက်တည်း စားရတာကို နှစ်သက်တာလို့ သိရပါတယ်။

သူစားသောက် နေတုန်း ပရိသတ်တွေက ဓာတ်ပုံရိုက်ဖို့ တောင်းဆိုရင်လည်း ဓာတ်ပုံအစား သူ့တို့ကို နွေးထွေးစွာနဲ့ ဖက်ပေးလိုက်ကြောင်း Radio Star မှာ ပြောပြခဲ့ပါတယ်။ ကဲ ဇီဇာကြောင်တဲ့Rain ရဲ့ အကြိုက်တွေ့မယ့် သူ့ရဲ့အသင်းသားတွေက ဘယ် သူတွေဖြစ်မလဲဆိုတောစောင့်ကြည့်စရာပါပဲ။


LEAVE A REPLY

Please enter your comment!
Please enter your name here