အိမ်​ထောင်​ဘက်​ကို မိန်းမယူမှာလား၊ ယောက်ျားယူမှာလားဆိုတာကို စောင့်​ကြည့်​ပေးပါဆိုတဲ့ ရဲလေးမ

0
249


ကိုယ်​တတ်​စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်​တွေကိုပျော်​ရွှင်​အောင်​ အမြဲတမ်းတင်​ဆက်​ပေးနေသူတွေထဲမှာ ရဲလေးမလည်း တစ်​ဦးအပါအဝင်​ဖြစ်​ပါတယ်​။ မိန်းမလျာ ကာရိုက်​တာနဲ့ ပရိသတ်​တွေရဲ့ အားပေးနှစ်​ခြိုက်​မှုကို ရရှိ ထားတာကြောင့်​ ပရိသတ်​တွေကိုကျေးဇူးတင်​ပါတယ်​ဆို တာကို ရဲလေးမက…

”ပရိသတ်​တွေက အစ်​ကို့ကို မိန်းမလျာ ကာရိုက်​တာနဲ့ပဲ ချစ်​ကြတယ်​။ တစ်​ခါတစ်​လေ င်္ခေနဘသသု မှာ ကိုယ်​က ယောက်ျားပုံစံမျိုးပုံတင်​ရင်​ အစ်ကိုမလှဘူး။ မိန်းကလေးလိုပဲကြိုက်​တယ်​။ မိန်းကလေးလိုပဲချစ်​​တယ်​ဆိုလို့ အစ်​ကို့မှာ ကျားချင်​ရင်​တောင်​ ကျားလို့မရဘူး။ ပြန်​ပြန်​ခြောက်​နေရတယ်​။ ပရိသတ်​က ကိုယ့်ရဲ့ကျေးဇူးရှင် လည်းဖြစ်​တယ်​။ ထမင်းရှင်​လည်းဖြစ်​တော့ သူတို့ထားတဲ့ နေရာမှာပဲ အစ်​ကိုနေပါတယ်​။ အစ်​ကိုနဲ့အံဝင်​ခွင်​ကျဖြစ်​လို့ ဒီနေရာ လေးမှာ ရပ်​တည်​ခွင့်​ရတာ။ အခုလို မျိုးမိန်း မလျာကာရိုက်​တာနဲ့ အစ်​ကို့ကိုအားပေးတာကိုပဲ ပရိသတ်​ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

မင်းသားသူငယ်​ချင်းအခန်းတွေ သရုပ်​ဆောင်​တုန်း က ပရိသတ်​က သတိမထားမိဘဲ မိန်းမလျာဇာတ်​ရုပ်​နဲ့မှ ပိုချစ်​လာတဲ့အတွက်​ ဒီကာရိုက်​တာကြောင့်​ နောင်​တမရ ဘူးဆိုတာကိုလည်း…

”အခုလိုမျိုး မိန်းမလျာဇာတ်​ရုပ်​နဲ့ ကိုယ့်ကိုသိတဲ့အတွက်​ နောင်​တတော့မရပါဘူး။ အနုပညာ လောကထဲကို အစ်​ကိုဝင်​လာကတည်းက ဖြတ်​လျှောက်​ဘဝကနေပဲစပြီးဝင်​လာရတာလေ။ ဘယ်​နေရာကနေပဲ သရုပ်​ဆောင်​ရဆောင်ရလုပ်​မယ်​ဆိုပြီး အနုပညာလောက ထဲကိုဝင်​လာတာ။ မိန်းမလျာဇာတ်​ရုပ်​ သရုပ်​မဆောင်​ခင်​က မင်းသားသူငယ်​ချင်းအခန်းတွေအများကြီး သရုပ် ဆောင်​ဖူးတယ်​။ ပရိသတ်​က သိပ်​မသိဘူး။ သိပ်​သဘော မကျဘူး။ အခုမိန်းမလျာ ဇာတ်​ရုပ်​နဲ့မှ ပရိသတ်​က ကိုယ့် ကိုယ်​ပိုသဘော ကျပြီး အားပေးလာကြတာ။ ဟိုးတုန်းက လူကြမ်းကြီး ဦးအံ့ကျော်​ဆိုလည်း သေတာသွားတယ်​။ ဦးအံ့ကျော်​က ဦးအံ့ကျော်​ပဲ။ ပရိသတ်​က သူ့ကိုမုန်းချင်းသည်​ သူ၏ အနုပညာပဲ။ အစ်ကိုလည်းဒီအတိုင်းပဲ။ ရဲလေးမ ခြောက်​တယ်​။ အခြောက်​ကြီးလို့ ပြောချင်းသည်လည်း ရဲလေးမရဲ့ အနုပညာမှတ်​တိုင်​ပဲ”လို့ ပြောပြခဲ့ပါတယ်​။

”အရင်​တုန်းက ယောက်ျားလေးလိုပဲနေတုန်းကတော့ အပြင်​ထွက်​ရင်​လည်း ဒီအတိုင်းပဲ။ ဘာမှမပြင်​မဆင်​ဖြစ်​ဘူး။ မိန်းမလျာကာ ရိုက်​တာနဲ့ ကိုယ့်​ကိုယ်​ပရိသတ်​တွေ အားပေးလာတဲ့အချိန်​မှာ အခုအပြင်​တွေဘာတွေထွက်​ရင်​ မိတ်​ကပ်​လေး၊ ဘာလေးနည်းနည်းပါးပါးလျလျလေးလိမ်း ပြီးထွက်​ရတယ်​။ ဘာမှမလိမ်းထားရင်​ ကိုယ့်​ရုပ်​က လူ ကြမ်းရုပ်​ကြီးဆိုတော့ ပြင်​ဆင်​ပြီးသွားရတယ်​။ ပရိသတ်​က ကိုယ့်​ကိုယ်​မိန်းမ လျာ ကာရိုက်​တာနဲ့ ချစ်​တာဆိုတော့ သူတို့အမြဲတမ်းချစ်​နေနိုင်​အောင်​ ဘယ်​နေရာသွားသွား ပြင်​ပြင်​ဆင်ဆင်​လုပ်​ပြီးမှသွားဖြစ်​တယ်​”လို့လည်း ပြော ပြခဲ့ပါသေးတယ်​။

အိမ်​ထောင်​ဘက်​ကို မိန်းမယူမှာလား၊ ယောက်ျား ယူမှာလားဆိုတာကိုလည်း ရဲလေးမက”အခုလက်​ရှိအချစ်​ရေးကတော့ အေးဆေးပါပဲ။ နောက်​ထပ်​နှစ်​နှစ်​လောက်​နေရင်​သတင်းကောင်းတော့ကြားရမှာပါ။ ကိုယ်​ကမိန်းမ လျာကာရိုက်​တာနဲ့ နာမည်​ကြီးပြီး ပရိသတ်​က လက်​ခံ နေတာဆိုတော့ သူကတော့နားလည်​မှုအပြည့်​အဝပေး တယ်​။ နားလည်​ပေးမှလည်း အဆင်​ပြေမှာဆိုတော့။ ယောက်ျားယူမှာလား။ မိန်းမယူမှာလားဆိုတာတော့ လျှို့ ဝှက်​ထားဦးမယ်​။ လူလူချင်းချစ်​တာတော့ အပြစ်​မဖြစ်​ဘူးလေ။ ပရိသတ်​ကို စောင့်​ကြည့်​စေချင်​ပါတယ်​”လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ-ထက်​လူ


LEAVE A REPLY

Please enter your comment!
Please enter your name here