ရော့ခ်သီချင်းသံတွေညံစေမယ့် ‘ဆေးပေါင်းခတဲ့ ရန်ကုန်ည’ ဖျော်ဖြေပွဲ

0
312

‘ဆေးပေါင်းခတဲ့ ရန်ကုန်ည’ ဖျော်ဖြေပွဲကို နိုဝင်ဘာ၂၂ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညမှာ ရန် ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပါဝင်ဖျော် ဖြေကြမယ့်သူတွေကတော့ ဇော်ဝင်း ထွဋ်(Emperor Band)၊ ရင်ဂို၊ စည် သူလွင်၊ စည်သူလွင်၊ Big Band၊ အီ တိုး (ဂီတရောင်စုံ)နဲ့ No U Turn၊Blood of Century ၊The Reasonable List ၊ The Myth တို့ပဲဖြစ် ပါတယ်။ အခုနှစ်’ဆေးပေါင်းခတဲ့ ရန် ကုန်ည’ဖျော်ဖြေပွဲကတော့ အရင်နှစ် ဖျော်ဖြေပွဲတွေထက် တစ်မူထူးခြားမှာ ဖြစ်ပြီးဘာကြောင့်လဲ ဆိုရင်သားအဖ အတွဲတွေ ပါဝင်လာတာကြောင့်ပဲဖြစ်ပါ တယ်။

ဆေးပေါင်းခတဲ့ရန်ကုန်ည ဖျော်ဖြေပွဲမှာ ဇော်ဝင်းထွဋ်အပါအ ဝင်အားလုံးက ပရိသတ်တွေနဲ့ တစ် သားတည်းဖြစ်အောင် ဖျော်ဖြေတင် ဆက်ကြမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်မှာပါလို့လည်း ဇော်ဝင်းထွဋ်ကပြောခဲ့ပါတယ်။ ဒါ့အ ပြင်စည်သူလွင်က ပွဲရဲ့ရင်ခုန်မှုနဲ့ ပတ်သက်ပြီး ပြောပြရာမှာတော့..

”တန်ဆောင်တိုင်လပြည့်နေ့ညလည်း ဖြစ်တယ်၊ ဒီပွဲက နှစ်တိုင်း နှစ်တိုင်း မှာ ဒီရက်ဆိုရင်ကို ညီထွဋ်ပွဲရှိတယ်ဆို တာပရိသတ်တွေအကုန်လုံးက သိကြ တယ်။ ပြီးတော့ ကိုယ့်ရဲ့ဆရာကိုညီ ထွဋ်နဲ့အတူတူ ကိုယ့်ရဲ့မိခင်တပ်ရင်း ဖြစ်တဲ့ အင်ပါယာတေးဂီတအဖွဲ့နဲ့ အတူတူ ပြန်ပြီးတော့ သီဆိုဖျော်ဖြေ ခွင့်ရတဲ့အတွက်လည်း ဝမ်းလည်း ဝမ်းသာတယ်၊ ပျော်လည်းပျော် တယ်။ သီချင်းကတော့ Rock Show ဖြစ်တဲ့အတွက်ကြောင့် Rock သီချင်းတွေပဲ အဓိကထားသီဆိုမှာပါ” လို့ ပြောပြပါတယ်။ အဆိုပါပွဲကိုတော့ Steller Seven Entertainment Group က စီစဉ်ခြင်းဖြစ်ပြီး လက် မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၇ သောင်း၊ ကျပ် ၅ သောင်း၊ ကျပ် ၃ သောင်း၊ ကျပ် ၁ သောင်း တို့ပဲဖြစ်ပါ တယ်။ လက်မှတ်များကိုတော့ မန်းသီ ရိတေးသံသွင်းမှာ ဝယ်ယူရရှိနိုင် ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here