Friday, April 24, 2026

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင်...

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။ ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ...
HomeArticlesကျွန်တော်ရေးခဲ့သောစာအုပ်များ(၈)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၈)

ကျွန်တော်သည် မူလတန်း ကျောင်းသားဘဝမှ တက္ကသိုလ်ဘွဲ့ရ သည့် ဘဝအထိ ကျောင်းသားဘဝ ကို ဖြတ်သန်းခဲ့ရသည့်နည်းတူ ဘွဲ့ရ ပြီး တက္ကသိုလ်မှာ ဆရာအဖြစ် အမှု ထမ်းခဲ့ရပြီး အသက်ပြည့် အငြိမ်းစား ယူသည်အထိ တက္ကသိုလ်ဆရာဘဝ ကိုလည်း ဖြတ်သန်းခဲ့ရပါသည်။ ထို အတွေ့အကြုံများသည် ကျွန်တော့် အဖို့ စာရေးစရာ ရေးကွက်များဖြစ် လာရပါသည်။

ပညာတန်ဆောင်မဂ္ဂဇင်းတွင် ငယ်စဉ်ကျောင်းသားဘဝမှ သတိရ စရာကလေးများကို ပြန်ရေးဖို့ စိတ် ကူးရသည့်အလျောက် ‘ရွာကျောင်း က ဆရာလေး’ ခေါင်းစဉ်ဖြင့် ကျွန် တော်၏ ပညာခရီးအစဖြစ်သော ကျွန်တော်တို့ ရွာမူလတန်းမှ တစ်ဦး တည်းသော ဆရာဦးသန်းမောင် အကြောင်း အမှတ်တရ စရေးခဲ့ပါ သည်။ ထို့နောက် ‘ဘုန်းကြီးကျောင်း သား မူလတန်းကျောင်းသား’၊ ‘မြူနီ စီပယ်ကျောင်းသား’၊ ‘နှစ်ကျောင်း တစ်နေရာ’၊ ‘ရဲတိုက်ကြီးနှင့်တူသော ကျောင်းမှာ’ ‘ဗဟန်းတန်းမြင့် လျှမ်း တင့် ကျက်သရေ’စသည့် ဆောင်းပါး များ ဆက်ရေးခဲ့ပါသည်။ ရန်ကုန် ရောက်ပြီး ဗဟန်းအစိုးရအထက် တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်သည့် အကြောင်းအထိ ဖြစ် ပါသည်။

ကျွန်တော်တက္ကသိုလ်တက် တော့ နေ့ကျောင်းသားအဖြစ် တက်ခဲ့ ပါသည်။ တက္ကသိုလ်မြန်မာစာဌာန မှာ ဆရာဖြစ်လာတော့ ဌာနတည်ရှိ ရာ ‘တောင်ငူဆောင်မှာ ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီး ဆရာမကြီး များ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများ နှင့် ပျော်မွေ့ဖွယ်အမှတ်တရကလေး ပေါင်းများစွာ ကြုံခဲ့ရသော ‘ကွန်းခို ရာ’ဖြစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ် မဂ္ဂဇင်းများတွင် ‘နေ့ကျောင်းသား အဖြစ် ရခဲ့သောအမွေ’နှင့် ‘မအို သော တောင်ငူဆောင်’ ဆိုသည့် ဆောင်းပါး ၂ ပုဒ်ကို မှတ်မှတ်ရရ ရေးပြီး ကျွန်တော့်အမြင်ကို ဖော် ထုတ်ခဲ့ပါသည်။

ထို့အတူပင် ကျွန်တော်အမှုထမ်း ခဲ့သော ပညာရေးတက္ကသိုလ်၊ ပုသိမ် ကောလိပ်နှင့် ဒဂုံတက္ကသိုလ်တို့မှ အ တွေ့အကြုံများကိုလည်း အလျဉ်းသင့် သလို ပြန်ရေးဖြစ်ပါသည်။ မှတ်မှတ် ရရ ကျွန်တော်တက္ကသိုလ်ဆရာဖြစ် သည့် ပထမဆုံးနှစ်တွင် ကျွန်တော် စစ်ဆေးရသော တက္ကသိုလ်ဝင်စာမေး ပွဲအဖြေလွှာရှင်တစ်ယောက် မြန်မာ စာဂုဏ်ထူးထွက်သည့်အတွက် ဝမ်း သာဂုဏ်ယူပြီး သူ့နာမည်နှင့် ခုံနံ ပါတ်ကို မှတ်မိနေခဲ့ပါသည်။ နောင် အနှစ် ၂ဝ ခန့်ကြာသောအခါ ကျွန် တော်ရန်ကုန်တက္ကသိုလ်မှာ တက္က သိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ များကို လက်ခံသိမ်းဆည်းဖို့ တာဝန် ကျစဉ် နယ်မှ အဖြေလွှာလာအပ် သော ဆရာမတစ်ယောက်၏ နာ မည်ကိုကြားလိုက်ရသည်။ ရှားရှား ပါးပါးနာမည်မျိုးဖြစ်သည်။

ကျွန် တော်စစ်ဆေးခဲ့သော အဖြေလွှာ ဂုဏ်ထူးရှင်၏ နာမည်နှင့်တူနေ၍ မေးမြန်းကြည့်သောအခါ သူပင်ဖြစ် ကြောင်းသိရ၍ အံ့သြဝမ်းသာရ သည်။ အတွေ့အကြုံကလေးကိုလည်း ‘ပြန်လည်နိုးကြားလာသော ပီတိ’ အမည်ဖြင့် ပညာတန်ဆောင်မှာ ရေးဖြစ်ပါသည်။ ဆရာတပည့် အတွေ့အကြုံဆောင်းပါးကလေး များလည်း ရေးဖြစ်ပါသည်။ တစ်နေ့ တွင် ဆရာဖေမြင့်က စာမူတောင်း သည့်အတွက် ထိုစာများကို စုစည်းပြီး ဆရာနှင့်တပည့် တပည်နှင့် ဆရာ ခေါင်းစဉ်ဖြင့် ၂ဝဝ၄ ခုနှစ်မှာ မြန် မာ့ရတနာစာပေက ထုတ်ဝေခဲ့ပါ သည်။ ဆယ်နှစ်အကြာ ဆုစာပေမှ ဦးမြင့်ဦးက ထိုစာအုပ်ကို ပြန်ထုတ် လိုကြောင်း ပြောသောအခါ ဆောင်း ပါးအချို့ထပ်မံဖြည့်စွက်ပြီး ၂ဝဝ၅ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ခဲ့ ပါသည်။

၂ဝဝ၆ ခုနှစ်မှာ ပုဂံစာအုပ် တိုက်က မခိုင် (ဒေါ်ခိုင်ခိုင်ဦး) က ကျွန်တော့်စာစုတစ်စုကို စာအုပ်ထုတ် ဖို့ စီစဉ်သောအခါ ကျွန်တော်က ဆောင်းပါးတစ်ပုဒ်၏ နာမည်ဖြစ် သော ရှေ့ရထား နောက်ရထား ဆို သည့်ခေါင်းစဉ်ကို ပေးလိုက်သည်။ ကျွန်တော့်ကို ပညာသင်ကြားပေးခဲ့ သော ကျေးဇူးရှင်ဆရာများနှင့် ခင် မင်သောလုပ်ဖော်ကိုင်ဖက်များထဲက ကွယ်လွန်သွားသူများအကြောင်းကို ရေးရာတွင် ဆရာဒေါင်းနွယ်ဆွေ၏ ‘အလှကို ရှာ၊ ဘယ်မှာမှ မတွေ့၊ တစ် နေ့အချိန်တန်တော့၊ ဆူညံညံ ငိုသံ ကြားရတယ်၊ ရထားရွေ့ရွေ့’ဟူသော နောက်ဆုံးရထား ကဗျာကို သတိရ သည့်အတွက် ထိုဆောင်းပါးကို ‘ရှေ့ ရထား နောက်ရထား’ဟု ခေါင်းစဉ် တပ်လိုက်ခြင်းဖြစ်သည်။ အလားတူ ကွယ်လွန်သည့် ပုဂ္ဂိုလ်များအကြောင်း အမှတ်တရရေးခဲ့သော ဆောင်းပါး များကို စုစည်းထားခြင်းဖြစ်သည်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇန ကာဘိဝံသ နှစ်တစ်ရာပြည့်ဆောင်း ပါး၊ တောဝဆရာတော် ဂုဏ်ပြု ဆောင်းပါးတို့မှစ၍ မြမျိုးလွင်၊ ဒဂုန် ရွှေမျှား၊ ငွေတာရီ၊ လူထုဦးလှ၊ တိုက် စိုး၊ တက္ကသိုလ်ဘုန်းနိုင်၊ မင်းကျော်၊ ကာတွန်းဝင်းမောင်၊ ဦးဆန်းထွန်း၊ ညွန့်ကြူး၊ ဗိုလ်ဗကို၊ ကိုမြတ်လေး၊ ဦး ဖေမောင်တင်၊ ပါမောက္ခဦးဧမောင်၊ ဦးဝန်၊ ဦးမောင်မောင်ကြီး၊ ဦးကျော် ရင်၊ ဦးလှရွှေ၊ ဦးအောင်မိုး၊ ဦးဖိုး ကျော်မြင့်၊ ဦးထွန်းမြင့်၊ (တက္ကသိုလ် မင်းမော်)၊ ဦးမန်းကြည်ရှိန်၊ ကိုစိုး မောင် (မောင်တင်မြိုင်၊ အင်းလေး)၊ ဦးအောင်သိန်း၊ ဦးစိုးမြင့်၊ မောင်စံ ဖော်၊ ဒေါ်မြင့်မြင့်သန်း၊ ဦးအောင် မြင့်၊ ဒေါ်စောကြည်ကြည်၊ ဦးသာ ဌေးတို့ အကြောင်းများဖြစ်သည်။ ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီး ဆရာမကြီးများနှင့် လုပ်ဖော်ကိုင် ဖက်များဖြစ်သည်။ အားလုံးကွယ်လွန် သွားကြရှာပါပြီ။ ရှေ့ရထား နောက် ရထားတွေ တရွေ့ရွေ့ထွက်သွားကြပါ ပြီ။

၂ဝဝ၇ ခုနှစ်မှာ ပုဂံတိုက်က ထုတ်သည့် နောက်တစ်အုပ်ကတော့ မွေးရပ်မြေအလွမ်း လက်ဆင့်ကမ်း အမွေ ဖြစ်သည်။ ‘မွေးရပ်မြေအလွမ်း’ ဆိုသည့်ဆောင်းပါးနာမည်နှင့် ‘ဝန် ထမ်းတစ်ဦးအတွက် လက်ဆင့်ကမ်း အမွေ’ဆိုသည့် ဆောင်းပါးနာမည် ၂ ခုစပ်ပြီး စာအုပ်နာမည်ပေးထားခြင်း ဖြစ်သည်။ ကျွန်တော့်အတွေ့အကြုံ ကလေးများကို အလျဉ်းသင့်သလို ရေးခဲ့သော ဆောင်းပါးများဖြစ်သည်။ မွေးရပ်မြေကို ခွဲခွာလာပြီး နှစ် ၅ဝ ကျော်အတွင်း တစ်ကြိမ်သာ ပြန် ရောက်ခဲ့ရသည့်အတွက် စိတ်ထဲမှာ မှန်းဆလွမ်းဆွတ်မိသည့်အကြောင်း က စ၍ စာပေဝါသနာဖြင့် ဖတ်မှတ် လေ့လာခဲ့ပုံ၊ မတောက်တခေါက်စာ ကလေးများရေးပြီး ကလောင်မွေးခဲ့ ပုံ စသည့်အကြောင်းများ ပါဝင်ပါ သည်။ ‘အင်္ဂလိပ်စာနှင့် ကျွန်တော်’၊ ‘သင်္ချာနှင့် ကျွန်တော်’၊ ‘ကဗျာနှင့် ကျွန်တော်’ ဆောင်းပါးများတွင် ကျောင်းသားဘဝက အင်္ဂလိပ်စာရေး တတ်အောင် ကြိုးစားခဲ့ရပုံ၊ သင်္ချာ ဝါသနာပါ၍ သင်္ချာတွက်ရင်း ပျော် မွေ့ခဲ့ရပုံ၊ မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားဘဝတွင် ကဗျာရေးဖွဲ့ နည်းများ သင်ရပြီး ကဗျာများကို လက်တည့်စမ်းရေးရင်း ပျော်ရွှင်ခဲ့ရပုံ များကို စားမြုံ့ပြန်ထားပါသည်။

အိမ်ထောင်ရှင်ဘဝ အစပိုင်း တွင် ရုန်းကန်လှုပ်ရှားရင်း ဇနီးဖြစ် သူ နယ်ပြောင်းရသောအခါ သမီး က လေးနှင့် သားအဖနှစ်ယောက် ရန် ကုန်မှာ နေခဲ့ရင်း ဖြစ်သလို နေထိုင် စားသောက်ရပုံများလည်း အမှတ်တ ရရေးဖြစ်သည်။ ‘မြန်မာပါမောက္ခများ နှင့် ကျွန်တော်’ဆိုသော ဆောင်းပါး မှာတော့ မြန်မာစာဌာနကို ဦးဆောင် တည်ထောင်ခဲ့သော ဆရာကြီးဦးဖေ မောင်တင်ကစ၍ ထိုဆောင်းပါးရေး နေစဉ် ပါမောက္ခတာဝန်ထမ်းဆောင် နေသော ဆရာမကြီး ဒေါ်ခင်မေနွဲ့ အထိ မြန်မာပါမောက္ခအဆက်ဆက် သည် ကျွန်တော်၏ ကျေးဇူးရှင်ဆရာ ဆရာမများသော်လည်းကောင်း၊ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များ သော် လည်းကောင်း၊ ဖြစ်နေသည်ကို တွေ့ရသည့်အတွက် ဂုဏ်ယူဝမ်းသာ မိပုံကို ရေးထားခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် စိန်ရတု အထိမ်းအမှတ်မဂ္ဂဇင်း အတွက် အမှတ်တရရေးခြင်းဖြစ် သည်။ (ပို၍ အ မှတ်တရဖြစ်ရသည်မှာ ထိုဆောင်းပါးရေးပြီး နှစ်အနည်း ငယ်အကြာတွင် ကျွန်တော်ကိုယ်တိုင် မြန်မာစာပါမောက္ခဖြစ်လာခြင်းပင် ဖြစ်ပါသည်။)
ကျောင်းစာထဲမှာ ခေါင်းမြုပ်နေ ပြီး ကျူရှင်တွေ ဝိုင်းတွေမှာ အချိန် ပြည့်လှုပ်ရှားရသည့်အတွက် ‘အပြင် စာ’ဟု သူတို့ခေါ်သော ဖတ်သင့် သည့်စာများ ဖတ်ဖို့အချိန်မပေးနိုင် အောင် ဖြစ်နေသော ကျောင်းသား လူငယ်များ၏ အခြေအနေကို သတိ ပြုမိသည့်အတွက် ထိုအခြေအနေ အမျိုးမျိုးကို ဖော်ပြသည့် ဆောင်းပါး များလည်း ရေးခဲ့သည်။ ကဗျာတစ် ပုဒ်၏ အလှ၊ ကဗျာတစ်ပုဒ်၏ ရသ ကို နှစ်နှစ်သက်သက် ခံစားဖို့ထက် ကဗျာထဲက အချက်အလက်ကို ထုတ် ပြီး အလွတ်ကျက်ဖို့ အားသန်နေကြ သော လူငယ်အချို့အကြောင်း၊ ရသ စာပေနှင့် ယဉ်ပါးသည့်အတွက် သ နားစရာတွေ့သည်ကို ဟားတိုက်ရယ် နေကြသော နှလုံးသားရိုင်းပျသည့် အပြုအမူများအကြောင်း၊ အပြော အဆိုအပြုအမူများ ရိုင်းနေသော် လည်း ရိုင်းမှန်းမသိရှာသော လူငယ် များအကြောင်းတို့မှစ၍ မိဘဆရာ တို့၏ စိတ်ဓာတ်နှင့် ပညာကို အမွေ ခံယူပြီး ထွန်းထွန်းပေါက်ပေါက်ဖြစ် လာကြသော လူငယ်များအကြောင်း ကိုလည်း ဂုဏ်ယူဖွယ်ရေးသားခဲ့ပါ သည်။ ထိုစာများကို စုစည်း၍ ၂ဝဝ၈ ခုနှစ်တွင် ဖူးပွင့်ဝေဝေ စာ အုပ်တိုက်က စိတ်ဓာတ်အမွေခံပညာ အမွေခံ ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့ပါ သည်။

ပြန်စဉ်းစားကြည့်တော့ ဆရာ များ၊ တပည့်များ၊ မိတ်ဆွေများစသည့် လေးစားခင်မင်ရသော ပုဂ္ဂိုလ်များ အကြောင်းနှင့် မိမိ၏ လူငယ်ဘဝကို ပြန်လည်သတိရရင်း လူငယ်များ စိတ်ဓာတ်အမွေပညာအမွေခံယူရေး အတွက် တွေးမိမြင်မိသည့်အကြောင်း များကို ထိုကာလများအတွင်း ရေး ဖြစ်ခဲ့သည်ကို သတိပြုမိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အ စောပိုင်းက ဆိုင်ခန်းမီးလေ_ာင်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမပေါ်တွင် ဆိုင်ခန်းမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၃ နာရီ ၄၆ မိနစ်၌မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။ " အရင် NCA...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071