ကောင်းမှုတော် ဘုရားကြီးအား ရွှေသင်္ကန်းအစား အဖြူရောင်ဆေး ကပ်လှူမည်

0
836


စစ်ကိုင်းမြို့ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား ပြည် တွင်းပြည်ပ၊ ပညာရှင်များအကူအညီ ရယူ၍ ထုံးသင်္ကန်းထက် သာလွန် ကောင်းမွန်သည့်အဖြူရောင် ဆေး သင်္ကန်းကပ်လှူမည်ဟု သီတဂူဆရာ တော်ကြီးက အောက်တိုဘာလ ၃ ရက် နေ့ညနေပိုင်းတွင် မိန့်ကြားခဲ့သည်ဟု ဂေါပက အဖွဲ့ဥက္ကဋ္ဌထံမှ သိရှိရသည်။

”ဆရာတော်ကြီးကထုံးသုတ်မှာ မဟုတ်ဘူး။ ထုံးထက်သာလွန်ကောင်း မွန်တဲ့ အဖြူရောင်ဆေးကပ် လှူမှာ ပါ။ အောက်တိုဘာလ ၆ ရက်နေ့မှာ ရန်ကုန်က ပညာရှင်တွေလာမယ်။လက်ရှိရွှေရောင်ဆေးတွေ စနစ်တ ကျဖယ်ရှားနိုင်ဖို့၊ စေတီတော်အပြင် ဘက်ပလာစတာကိုင်ထားတာတွေ ပြန်လည်ကြည့်ရှုစစ်ဆေးမှုတွေစတင် လုပ်ကြမယ်လို့မိန့်တယ်”ဟု ဂေါပ ကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောသည်။

ကောင်းမှုတော်ဘုရားကြီးအား အဖြူရောင်ဆေးသင်္ကန်းကပ်လှူရာ တွင် သီတဂူဆရာတော်ကြီး၏ ဦး ဆောင်စီမံခန့်ခွဲမှုဖြင့် ဂေါပကအ ဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိရွှေရောင်ဆေး အားဖယ်ရှားရာတွင် အက်စစ်၊ကော့ စတစ်စသော ဓာတုဗေဒချွတ်ဆေး များမသုံးဘဲ ပညာရှင်များ၏အကြံပြု ချက်ဆရာတော်ကြီး၏လမ်းညွှန် ချက်ဖြင့် တာရှည်ခံမည့် အဖြူရောင် ဆေးကို သာသုံးစွဲကပ်လှူမည်ဖြစ် ကြောင်း ဂေါပကအဖွဲ့ထံမှသိရှိရ သည်။

အလှူရှင်များကုသိုလ်ပါဝင် လိုပါက ရာဇမဏိစူဠာကောင်းမှု တော်စေတီဂေါပကအဖွဲ့သို့ ဆက် သွယ်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရာဇမဏိစူဠာ ကောင်းမှုတော် သည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တစ်ဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌တည် ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here