Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ်...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော...

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊...
HomeDhammaကောင်းမှုတော် ဘုရားကြီးအား ရွှေသင်္ကန်းအစား...

ကောင်းမှုတော် ဘုရားကြီးအား ရွှေသင်္ကန်းအစား အဖြူရောင်ဆေး ကပ်လှူမည်


စစ်ကိုင်းမြို့ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား ပြည် တွင်းပြည်ပ၊ ပညာရှင်များအကူအညီ ရယူ၍ ထုံးသင်္ကန်းထက် သာလွန် ကောင်းမွန်သည့်အဖြူရောင် ဆေး သင်္ကန်းကပ်လှူမည်ဟု သီတဂူဆရာ တော်ကြီးက အောက်တိုဘာလ ၃ ရက် နေ့ညနေပိုင်းတွင် မိန့်ကြားခဲ့သည်ဟု ဂေါပက အဖွဲ့ဥက္ကဋ္ဌထံမှ သိရှိရသည်။

”ဆရာတော်ကြီးကထုံးသုတ်မှာ မဟုတ်ဘူး။ ထုံးထက်သာလွန်ကောင်း မွန်တဲ့ အဖြူရောင်ဆေးကပ် လှူမှာ ပါ။ အောက်တိုဘာလ ၆ ရက်နေ့မှာ ရန်ကုန်က ပညာရှင်တွေလာမယ်။လက်ရှိရွှေရောင်ဆေးတွေ စနစ်တ ကျဖယ်ရှားနိုင်ဖို့၊ စေတီတော်အပြင် ဘက်ပလာစတာကိုင်ထားတာတွေ ပြန်လည်ကြည့်ရှုစစ်ဆေးမှုတွေစတင် လုပ်ကြမယ်လို့မိန့်တယ်”ဟု ဂေါပ ကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောသည်။

ကောင်းမှုတော်ဘုရားကြီးအား အဖြူရောင်ဆေးသင်္ကန်းကပ်လှူရာ တွင် သီတဂူဆရာတော်ကြီး၏ ဦး ဆောင်စီမံခန့်ခွဲမှုဖြင့် ဂေါပကအ ဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိရွှေရောင်ဆေး အားဖယ်ရှားရာတွင် အက်စစ်၊ကော့ စတစ်စသော ဓာတုဗေဒချွတ်ဆေး များမသုံးဘဲ ပညာရှင်များ၏အကြံပြု ချက်ဆရာတော်ကြီး၏လမ်းညွှန် ချက်ဖြင့် တာရှည်ခံမည့် အဖြူရောင် ဆေးကို သာသုံးစွဲကပ်လှူမည်ဖြစ် ကြောင်း ဂေါပကအဖွဲ့ထံမှသိရှိရ သည်။

အလှူရှင်များကုသိုလ်ပါဝင် လိုပါက ရာဇမဏိစူဠာကောင်းမှု တော်စေတီဂေါပကအဖွဲ့သို့ ဆက် သွယ်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရာဇမဏိစူဠာ ကောင်းမှုတော် သည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တစ်ဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌တည် ရှိသည်။

Ads Space Available


Continue reading

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ​ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတကာစံနှုန်းမီ အပြည်ပြည်ဆိုင်ရာ စစ်တုရင် (International Chess) သာမက မြန်မာတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲများကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071