Monday, May 4, 2026

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို...

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက်...

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို...

​ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး...

ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ငှက်ပျောခင်းစု၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အောင်ကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အ စပ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး...
HomeActivitiesဥပါဒါန် ပရိသတ် ၁ဝ...

ဥပါဒါန် ပရိသတ် ၁ဝ ဦးနဲ့အတူ ဗုဒ္ဓဂယာကို ဘုရားဖူးသွားမယ့် ဒါရိုက်တာ ဗန်းကြီး

ဒါရိုက်တာ ဗန်းကြီးရိုက်ကူးတဲ့ ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားကို အားပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် ကံထူးရှင်၁ဝ ဦးရွေးချယ်ပွဲကို စက်တင်ဘာလ ၉ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကံထူးရှင် ၁ဝဦး ရွေးချယ်မှု နဲ့ပတ်သက်ပြီး ဒါရိုက်တာဗန်းကြီးက အခုလို ပြောပြခဲ့ပါတယ်။

”ဒီပွဲကတော့ ကျွန်တော့်ရဲ့ တတိယဦးတည်ချက်ပေါ့။ ပထမဦး တည်ချက်ကတော့ ကျွန်တော် ဇာတ် ကားရိုက်ကူးဖို့ ကြိုးစားခဲ့ရတယ်။ အခက်အခဲတွေကြားထဲက ဇာတ်ကား ရိုက်ကူးပြီးသွားတော့ ရုံတင်ပြသဖို့ ကြိုးစားခဲ့ရတယ်။ ဒီဇာတ်ကားကို စပြီးရေးတဲ့ အချိန်ကတည်းက ဒီဇာတ် ကားကြီးအောင်မြင်သွားခဲ့ရင် ဗုဒ္ဓ ဂယာကိုဘုရားဖူးပို့မယ်ဆိုတဲ့ ရည် ရွယ်ချက်က အစကတည်းကရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရုံပေါ် စတင်ပြသ တဲ့အချိန်မှာ ကျွန်တော်မကြေညာနိုင် ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ပိုက်ဆံမရှိသေးလို့ပါ။ ပရိသတ်တွေ လာရောက်ကြည့်ရှုမလား မကြည့်ရှု ကြဘူးလားလည်း မသိဘူးပေါ့။ ပရိ သတ်တွေ အားပေးကြတဲ့အတွက် ကျွန်တော်ဇာတ်ကား ရုံတင်ပြသမှု စတင်ပြီး တတိယအပတ်မှာ ကြေညာ ခဲ့ပါတယ်။ ရုပ်ရှင်လက်မှတ်တစ်စောင် ကို ကံစမ်းမဲလက်မှတ်တစ်စောင်စီ ပေးပါတယ်။ ကံထူးရှင် ၁ဝ ဦးကို ဗုဒ္ဓဂယာဘုရားဖူးပို့မယ်ဆိုတဲ့ ကြေ ညာချက်အတိုင်း ဒီနေ့မှာကံထူးရှင် ၁ဝ ဦးကိုရွေးချယ်ခဲ့တာပါ”လို့ ဒါ ရိုက်တာ ဗန်းကြီးက ပြောပါတယ်။

‘ဥပါဒါန်’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ် ဆောင်များထဲမှ တစ်ဦးကိုလည်း ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ရာ သရုပ် ဆောင် ခိုင်ထူးသာက ကံထူးခဲ့ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်များထဲမှ ကိုသိန်းခိုင်စိုး၊ ဒေါ်လေးဝါ၊ မခက် ခက်မာ၊ မနေခြည်ဦး၊ မမြင့်မြင့် သီတာဇော်၊ ကိုဇော်နေဦး၊ ဦးလှခိုင်၊ မမြင့်ကြိုင်၊ မနန္ဒအုပ်စိုး၊ မထိုက် ထိုက်ခင်တို့က ကံထူးရှင်များဖြစ်ခဲ့ ကြပါတယ်။

ဗုဒ္ဓဂယာကို ပရိသတ်တွေနဲ့ အတူ ဘုရားဖူးသွားရမယ့်အတွက် အတိုင်းမသိ ဝမ်းသာနေတယ်ဆိုတာ ကိုလည်း ဒါရိုက်တာ ဗန်းကြီးက …

” ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့အတူ ဗုဒ္ဓဂယာကို အတူဘုရားဖူးသွား ရမှာဖြစ်တဲ့အတွက် တအား ဝမ်းသာ နေပါတယ်။ ကျွန်တော်က ဗုဒ္ဓဂယာ ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ အရင်ကသွားရောက်ဖို့စီစဉ်တိုင်းလည်း ခရီးစဉ်ပျက်ခဲ့ရတယ်။ ငွေရေးကြေးရေး အရလည်း ပါတာပေါ့။ ကျွန်တော့်အ မေကိုလည်း ပို့ချင်တာပေါ့။ အခု ကျွန်တော့်အမေ့ကိုလည်း ခေါ် သွားနိုင်မယ်။ ကျွန်တော်လည်း သွား နိုင်မယ်။ ကျွန်တော်တို့ရဲ့ ပရိသတ် တွေလည်း ပါမယ်ဆိုတော့ အတိုင်းမ သိဝမ်းသာပါတယ်” လို့ ပြောပြခဲ့ ပါတယ်။ အဆိုပါဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ၁၄ ည အိပ် ၁၅ ရက် ခရီးစဉ်ဖြစ်ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန် ပြင်ဆင်နေ

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Main Board တွင် စာရင်းဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း YSX မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ပြင် YSX ၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်၊နောက်တစ်ဆင့်တက်ရန် ခက်ခဲလာ

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် ထိုင်းအသင်းသည် ပထမပိုင်း၌ ရရှိခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးဆုံးသည်အထိ ထိန်းကစားသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကိူတွေ့ရသည်။ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအတွက် အနည်း ဆုံး သရေတစ်မှတ်ရရှိရန်ကြိုးစားကစားခဲ့သော်လည်းထိုင်းအသင်းကို ထိရောက်စွာ ဖိအားမပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်နှင့် ယခုပွဲစဉ်အပါအဝင် နှစ်ပွဲဆက်...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက် လိုက် ကား‌လေအိတ်ပေါက် ပိမိ၍ အသက်ဆုံး

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို က်မှ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ‌ကား‌လေအိတ်ပေါက်ကာမျက်နှာ‌ပေါ်သို့ ပိမိပြီး ပေါက် ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပ လူနာဌာနသို့ အရောက်တွင် လူနာမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ်စက်ချို့ယွင်း သွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်း ပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေး မြေသားပေါ်သို့မဖြစ်မနေရွှေ့ ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွ မ်းနားလည်သည့် လေ့ကျင့်ထားသူ/...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071