အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းချီ၊ ပန်းပုလက်ရာ မွန်ပြပွဲနှင့် ဂီတသဘင်ဖျော်ဖြေပွဲ

0
493

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂ဝ၁၇ -၂ဝ၁၈ခုနှစ် ပညာသင်နှစ် ၁၄ ကြိမ် မြောက်၊ ပန်းချီ၊ ပန်းပုလက်ရာမွန်နှင့် ဂီတ၊ သဘင်စင်တင်ဖျော်ဖြေ တင် ဆက်ပွဲ အခမ်းအနားကို စက်တင် ဘာ ၉ ရက်၊ နေ့လယ် ၁ နာရီက မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

”အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ဖြန့်ဖြူးရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ နှစ် စဉ်အနုပညာရပ်များမွေးထုတ်ပေး နေသည်မှာ ယခုဆိုလျှင် ၁၄ ကြိမ် မြောက်ခဲ့ပြီဖြစ်ပါတယ်။ ၁၄ နှစ်တာ အနုပညာခရီးလမ်း၌ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် ဘာသာရပ်များနှင့် စာပေဘာသာရပ် ဆိုင်ရာများကို အနုပညာပံ့ပိုးမှု ကောင်းကောင်းဖြင့် ပံ့ပိုးသင်ကြား ပေးလျက်ရှိပြီး ယခုပြသသည့်စွမ်း ရည်ပြပွဲမှသည် ထူးချွန်ထက်မြက် သော အနုပညာရှင်များလည်း ပေါ် ထွက်လာကာ အနုပညာ အမွေ ကောင်းများ ထိန်းသိမ်းလျက် တီထွင် ဆန်းသစ်နိုင်သည့် ဖြစ်ထွန်းအောင် မြင်ကြမယ့် အနုပညာရှင်ကောင်းများဖြစ်စေရန်ရည်ရွယ်၍ တင်ဆက်တာ ဖြစ်ပါတယ်”ဟု အမျိုးသားယဉ်ကျေး မှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၏ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ပြောပါတယ်။

ဒီအခမ်းအနားမှာ ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ်အတွက် ဘွဲ့ယူ ကျောင်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ အင်အားဖြည့် ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ပန်းချီအနုပညာလက်ရာကားပေါင်း ၂၂ ကား၊ ပန်းပုလက်ရာ ရုပ်တုပေါင်း ၁ဝ ရုပ်နှင့် ရုပ်ရှင်နှင့် ပြဇာတ်ပညာ ဌာန၏ အနုပညာဖန်တီးမှုတို့ကို ခင်း ကျင်းပြသထားရှိပြီး ဂီတ၊ သဘင်ပူး ပေါင်း၍ စွမ်းရည်ပြပွဲ၊ အစီအစဉ်တင် ဆက်မှု ၁၃ မျိုးတို့ဖြင့် စီစဉ်တင် ဆက်ပါခဲ့တယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here