ကဗျာချစ်သူတွေဆုံကြတဲ့ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရ ပွဲ

0
258

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အမှတ် တရ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီက့ ညေါသည သြသု ဏူဖေေ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားမှာ ဆရာမောင်ချောနွယ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိန် (ညီမ လေး မမမြင့်)က အမှတ်တရစကား ပြောကြားခဲ့ပြီး ဆရာ စောဝေ၊ စိုင်း ဝင်းမြင့်၊ လင်းလက်တာရာ အစရှိတဲ့ ကဗျာဆရာတွေက ဆရာမောင်ချော နွယ် အမှတ်တရ ကဗျာရွတ်ခဲ့ကြပါ တယ်။

“ဒီပွဲလေးကတော့ ဆရာမောင် ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရပွဲလေးပါ။ ဒီပွဲကို ဆရာ မြေမှုန်လွင်က စီစဉ်ပြီး ဖိတ် စာတွေ ရိုက်စသည်ဖြင့် လုပ်ပေးပါ တယ်။ ဒီပွဲလေးကိုအချိန်ပေးပြီး လာ ရောက်ကြတဲ့ ကဗျာချစ်သူ၊ ဆရာ မောင်ချောနွယ်ကို ချစ်သူတွေ အား လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ညီမလေး မမမြင့်က ပြောပါတယ်။

ဆရာမောင်ချောနွယ်နဲ့ ပတ် သက်တဲ့ အမှတ်တရတွေအကြောင်း ကိုတော့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆရာ စောဝေက “အမှတ်တရက တော့ ကျွန်တော်တို့လိုအရွယ် ခေတ် ပေါ်ကဗျာဆရာတွေဟာ ဆရာမောင် ချောနွယ် ဆိပ်ကမ်းကို မကပ်ဘဲနဲ့ ဘယ်သူမှ ခေတ်ပေါ်ကဗျာဆရာ၊ ဆရာမမဖြစ်ဘူးပေါ့။ ဆရာ့ရဲ့ ကဗျာ တွေကို ဖတ်ရှုရုံတင် မဟုတ်ဘူး၊ ဆရာ့ဆီကိုပါ ရောက်အောင် သွား ကြရတယ်။ ဆရာ့ရဲ့ ကဗျာရွတ်သံကို နားထောင်ကြရတယ်ပေါ့။ ဆရာ့ရဲ့ ကဗျာတွေအကုန်လုံးက အသံသာ တယ်၊ ချိုတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု ကံကောင်းတာက ကျွန်တော် က ဆရာ့ဆီ မသွားခဲ့ရဘူး။ ဆရာက ကျွန်တော်နေတဲ့ ဖြူးမြို့က ဝဲဒေါင့်ဆို တဲ့ ရွာလေးကို ဇာတ်မင်းသား မောင် သိန်းဇော်က ခေါ်လာပြီးတော့ ဆရာ မောင် ချောနွယ်ရယ်၊ မောင်သင်းခိုင် ရယ်က ကျွန်တော်တို့ဆီ ရောက်လာ ခဲ့တယ်။ အဲဒီမှာ ကဗျာအကြောင်း၊ စာအကြောင်းတွေ ထိုင်ပြောကြတာ ပေါ့။ ဒါကတော့ ဆရာမောင်ချော နွယ်နဲ့ပတ်သက်ပြီး အမှတ်တရလေး တစ်ခုပါ။ ဆရာက ကျွန်တော့်ကို အတော် လွှမ်းမိုးပါတယ်။ မော်ဒန် ကဗျာမှာလည်း ဆရာက ဖယ်ထား လို့မရတဲ့ နတ်ဒေဝတာတစ်ဆူပါပဲ” လို့ ပြောပြပါတယ်။

ဆရာမောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွား ခဲ့ပါတယ်။ မြန်မာကဗျာ ဖြစ်ပေါ် တိုးတက်မှုမှာ အရေးပါတဲ့ ခေတ်ပေါ် ကဗျာဆရာတစ်ဦးအဖြစ် ကိုက်လမ်း၊ ညီမလေး မမမြင့်၊ ညနေခင်းကဗျာ၊ ပန်းသီး၊ မြို့သစ်မိုး၊ ရန်သူမဲ့သော နေ့ရက်များ အစရှိတဲ့ ကဗျာပုဒ်ရေ ရာပေါင်းများစွာ ရေးသားခဲ့ပြီး ကဗျာလုံးချင်းစာအုပ် ၁ဝ အုပ်ကျော် ထုတ်ဝေခဲ့ပါတယ်။ မျိုးဆက်သစ် ကဗျာဆရာတွေအပေါ် များစွာလွှမ်း မိုးမှုရှိတဲ့ ကဗျာဆရာတစ်ဦး ဖြစ်ပြီး သူ့ရဲ့ ကဗျာတွေဟာလည်း ယနေ့ ထက်တိုင် ရေပန်းစားအောင်မြင်နေဆဲဖြစ်ပါတယ်။ ဆရာမောင်ချောနွယ် ဟာ ၂ဝဝ၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန် ခဲ့ပါတယ်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here