Friday, April 24, 2026

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်သစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုစီရီလီကို...

မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo...

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့...

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း...

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...
HomeArticlesကျွန်တော်ရေးခဲ့သောစာအုပ်များ(၃)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၃)

ကျွန်တော့်စာအုပ် တစ်အုပ်ကို ၁၉၉ဝ ပြည့်နှစ်မှာ စာပေ ဗိမာန်က ထုတ်ပေးသည်။ မြန်မာ စကား မြန်မာစာ ရုပ်ပုံလွှာဖြစ်သည်။ စာပေ ဗိဗာန်စာမူဆုပြိုင်ပွဲမှာ ဆုရ သည့်အတွက် ထုတ်ပေးခြင်းဖြစ် သည်။

စာပေဗိမာန်အဖွဲ့က စာမူဆု ပြိုင်ပွဲ နှစ်စဉ်ပြုလုပ်ပြီး ဘာသာရပ် အသီးသီးမှာ ဆုရသော စာအုပ်များ ကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပေး သော အစဉ်အလာရှိသည်။ ကလောင်သစ်များကို မြေတောင် မြှောက်ပေးသော အစီအစဉ်ဖြစ်၍ ကျေးဇူးတင်စရာကောင်းပါသည်။ ကျွန်တော်သည် ဘဝဖြစ်ရပ်တစ်စိတ် တစ်ပိုင်းကို ‘ဝါသနာကို အရင်းခံ၍’ ခေါင်းစဉ်ဖြင့် ၁၉၈၅ ခုနှစ်လောက် က ရေးပြီး ပြိုင်ပွဲဝင်ကြည့်သည်။ ကျွန်တော့်စာမူ ဆုမရပါ။ ၁၉၈၇ ခုနှစ်ကျတော့ နောက်ထပ်စာမူတစ်ခု ရေးပြန်သည်။ မြန်မာဘာသာစကား ကို မြန်မာ့ရိုးရာနည်းဖြင့် လေ့လာ သော ပညာရှင်များ၏ လေ့လာပုံနှင့် ဘာသာဗေဒပညာရှင်များ၏ လေ့ လာပုံတို့ကို နှိုင်းယှဉ်ကြည့်ရင်း စိတ် ဝင်စားလာသည့်အတွက် ထိုစာမူကို ပေးပြီး စာပေဗိမာန်စာမူဆုပြိုင်ပွဲ ဝင်ကြည့်ခြင်းဖြစ်သည်။ သည်အကြိမ် မှာတော့ အောင်မြင်သွားပါသည်။ သုတပဒေသာ (ဝိဇ္ဇာ)ပညာရပ်အတွက် ကျွန်တော့် စာမူပထမဆုရပါသည်။ ၁၉၉ဝ ပြည့်နှစ်မှာ စာပေဗိမာန်က ပုံနှိပ်ထုတ်ဝေပေးပါသည်။ စာပေ ဗိမာန်၏ ပုံစံအတိုင်း စာအုပ်ကျော ဖုံးမှာ ကျွန်တော့်ကိုယ်ရေး အတ္တုပ္ပတ္တိ အကျဉ်းကို ဓာတ်ပုံနှင့် အတူ ဖော်ပြ ထားသည်။ မြန်မာစကား မြန်မာ ရုပ်ပုံလွှာ စာအုပ်ကလေးကို ကြည့်ပြီး စာတွေ ဆက်ရေးဖို့ စိတ်ကူးတွေ ပေါ်လာသည်။ တစ်ခု မှတ်မိနေ ပါသည်။ စာပေဗိမာန်က စာရေးသူ အတွက်ပေးသော စာအုပ် အရေ အတွက်မှာ လက်ဆောင်ပေးဖို့ မလောက်သည့်အတွက် စာအုပ် ၂ဝ အုပ်လောက်ဝယ်ပြီး အပေါင်းအသင်း တွေ၊ တပည့်တွေကို လက်ဆောင်ပေး ခြင်းဖြစ်ပါသည်။

ကိုယ့်စာမူကို ပုံနှိပ်စာအုပ်က လေးအဖြစ် မြင်ရသည့်အတွက် ဝမ်း သာသည်နှင့်အတူ စာပေဗိမာန်ကို လည်း ကျေးဇူးတင်ပါသည်။ စိတ်ထဲ မှာ ခိုးလိုးခုလုဖြစ်ရသည့်ကိစ္စကလေး တစ်ခုတော့ရှိသည်။ ကျွန်တော်က စာဖတ်သူကို တိုက်ရိုက်ရည်ညွှန်း သည့် ပုံစံဖြင့် အဆွေစာရှုသူဆိုသော ‘ညွှန်းခေါ်စကားကလေး’ ဖြင့် အလျဉ်းသင်းသည့်နေရာတိုင်းတွင် အစချီကာ စာဖတ်သူကို ‘အဆွေ’ ဟု ရည်ညွှန်းပြောဆိုဟန်ရေးသားထား ပါသည်။ စာအုပ်ထွက်လာသောအခါ တည်းဖြတ်သူများက ထိုညွှန်းခေါ် စကားကလေးများကို ဖြုတ်ထားခဲ့ သည့်အတွက် ကျွန်တော်ရည်ရွယ် သည့် ပုံစံပျက်သွားပါသည်။ ညွှန်း ခေါ်စကားတွေကိုသာ ဖြုတ်ထားပြီး စာကိုယ်ထဲမှာ စာဖတ်သူကို ရည် ညွှန်းသော ‘အဆွေ’ ဆိုသည့် အသုံး အနှုန်းများ ကျန်နေသည့်အတွက် မပြေမပြစ်ဖြစ်သွားပါသည်။ စာမူ တွင် ကျွန်တော်က အောက်ခြေမှတ် စု (်သသအ ညသအန) ထည့်သည့် ပုံစံဖြင့် ရေးထားရာ ပုံနှိပ်သောအခါတည်း ဖြတ်သူများက အောက်ခြေမှတ်စု အားလုံးကို အဆုံးသတ်မှတ်စု (နညိ ညသအန) အဖြစ် ပြောင်းပြီးနောက်သို့ ပို့လိုက်သည်။ ဤသို့ ပုံစံပြောင်းရာ တွင် အကျအပေါက်ကလေးများ ဖြစ် သွားသည်ကိုလည်း တွေ့ရပါသည်။ စာမူတွင် ဖော်ပြထားသော ပုံနှင့် ဇယားအချို့လည်း ပုံနှိပ်ရာတွင် ပါ မလာတော့ပါ။ စာကိုယ်မှာ ပုံတွေ ဇယားတွေ ညွှန်းထားသော်လည်း မပါသည့်အတွက် မရှင်းမလင်းဖြစ်ရ သည်။ ဤသို့ကသိကအောက်ဖြစ်စ ရာ ကလေးများပါသော်လည်း ထို အကြောင်းကို ကျွန်တော်မည် သူ့ကို မျှ မပြောခဲ့ပါ။ တည်းဖြတ်သူများနှင့် လည်း စကားမစပ်ခဲ့ပါ။ ယခုအလျဉ်း သင့်၍ ဖော်ပြခြင်းဖြစ်ပါသည်။ (နောက်ထပ်ပုံနှိပ်သည့်အကြိမ်များ တွင်တော့ မူလစာမူအတိုင်း ပြန် လည် ထည့်သွင်းခဲ့ပါသည်။)
‘မြန်မာစကား မြန်မာစာရုပ်ပုံ လွှာ’မှာ ကျွန်တော်တို့ နေ့တိုင်းပြော ဆိုရေးသားနေသော မြန်မာစကား မြန်မာစာအကြောင်းကို ပေါ့ပေါ့ပါး ပါး မိတ်ဆက်ပေးသော စာအုပ်ဖြစ် ပါသည်။ အထူးသဖြင့် ‘စာစကား’ ကို အခြေခံသော ထုံးတမ်းစဉ်လာလေ့လာ မှုမှာ ‘အပြောစကားကို အခြေခံသော ဘာသာဗေဒအမြင်ဖြင့် လေ့လာမှု တို့ကို နှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။

ထိုကာလတွင် မြန်မာဘာသာ စကားအကြောင်း ဆောင်းပါးတော် တော်များများ ကျွန်တော်ရေးဖြစ် သည်။ မြန်မာဘာသာစကားကို အစဉ်အဆက်လေ့လာခဲ့ကြသော ပညာရှင်များ၏ လေ့လာမှုကို မိတ် ဆက်တင်ပြရန် ရည်ရွယ်၍ ‘ … နှင့် ဘာသာစကား’ဟူသော ပုံသေ ခေါင်းစဉ်ဖြင့် အတွေးအမြင် မဂ္ဂဇင်း တွင် ဆောင်းပါးများ လစဉ်ရေးခဲ့ပါ သည်။ ‘ဒုတိယကျော်အောင်စံထား ဆရာတော်နှင့် မြန်မာဘာသာစကား’၊ ‘ပုဂံဝန်ထောက်မင်း ဦးတင်နှင့် မြန် မာဘာသာစကား’၊ ‘ဆရာကြီး ဦးဖေ မောင်တင်နှင့် မြန်မာဘာသာစကား’ စသည်တို့ဖြစ်သည်။ ဆုစာပေမှ ဦး မြင့်ဦးက ထိုဆောင်းပါးများကို စာ အုပ်အဖြစ် ထုတ်လိုကြောင်း ပြော လာသည့်အတွက် ဆောင်းပါး ၁၅ ပုဒ်ကို စုစည်းပြီး မြန်မာဘာသာ စကားပညာရှင်များနှင့် ဘာသာစ ကားအမြင် ခေါင်းစဉ်ဖြင့် ၁၉၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာ ဘာသာစကားကို ပညာရှင်အစဉ် အ ဆက် မည်သို့လေ့လာခဲ့ကြသည်ကို ခြေရာခံကြည့်ခြင်းဖြစ်ပါသည်။ ပါ ဝင်သော ပညာရှင်များမှာ ဒုတိယ ကျော်အောင်စံထားဆရာတော်၊ မဟာဇေယသင်္ခယ၊ ယောမင်းကြီး ဦး ဖိုးလှိုင်၊ ပုဂံဝန်ထောက်မင်း ဦးတင်၊ မှော်ဘီဆရာသိန်း၊ ဝန်ထောက်မင်း ဦးမောင်မောင်တင်၊ ဝဇီရဝုဒ္ဓိဦးဖိုး စိန်၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဦး ဖေမောင်တင်၊ ဦးဖိုးလတ်၊ သိပ္ပံမောင်ဝ၊ ဦးသာမြတ်၊ ဦးထွန်းဖေ၊ ပါမောက္ခ ဦး ဧမောင်နှင့် မောင်သုတတို့ ဖြစ်ပါသည်။
ထိုစာအုပ်ကို ကံ့ကော်ဝတ်ရည် စာပေက ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပုံနှိပ်ထုတ်ဝေပါသည်။ တတိ ယအကြိမ် ထုတ်ဝေရာတွင် အတွေး အမြင်နှင့် အခြားမဂ္ဂဇင်းများတွင် ကျွန်တော်ဆက်ရေးသော ပညာရှင် ၁ဝ ဦး၏ ဘာသာစကားအမြင်များကို ဖြည့်စွက်ထည့်သွင်းခဲ့သည်။ တောင် တွင်းဆရာ ခင်ကြီးဖျော်၊ ပေါက်မြိုင် မြို့စားမင်း၊ ဟံသာဝတီ ဦးဘရင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာလှ ဘေ၊ ဦးကင်လှ၊ ဒေါ်သန်းဆွေ၊ လှ သမိန်နှင့် ဦးရွှေသွင်တို့၏ မြန်မာ ဘာသာစကားဆိုင်ရာအမြင်များဖြစ် ပါသည်။

ထိုကာလတွင် ဘာသာစကား ဆိုင်ရာ ဆောင်းပါးများ အရှိန်မပျက် ဆက်ရေးဖြစ်ဖို့ အကြောင်းပေါ်လာ သည်။ ၁၉၈၃ ခုနှစ်တွင် ချယ်ရီ မဂ္ဂဇင်း စတင်ထုတ်ဝေရာ မဂ္ဂဇင်းကို တာဝန်ယူ စီစဉ်နေသော ကိုအောင် ပြည့်က လစဉ်ဆောင်းပါးရေးပေးဖို့ ကျွန်တော့်ကို တိုက်တွန်းသည်။ ခင် မင်ရင်းစွဲမိတ်ဆွေဖြစ်သည့်အတွက် ရေးပေးပါမည်ဟု ကတိပေးပြီး ကျွန်တော်လစဉ်ရေးခဲ့ပါသည်။ မြန် မာဘာသာစကား၏ စကားသံ၊ စကားလုံးဖွဲ့ပုံ၊ အနက်အဓိပ္ပာယ် စသည်တို့အကြောင်းကို ပေါ့ပေါ့ပါး ပါးရေးသွားရန် စိတ်ကူးရသည့် အလျောက် တစ်ပုဒ်ပြီး တစ်ပုဒ်ရေး ရင်း ရေးကွင်းရေးကွက်များ မြင်လာ သည့်အတွက် လစဉ်ရေးခဲ့ရာ ချယ် ရီမဂ္ဂဇင်းမှ ကိုအောင်ပြည့်နုတ်ထွက် သည့်အချိန်အထိ အပုဒ် ၉ဝ ကျော် ရေးဖြစ်ခဲ့ပါသည်။ ၈ နှစ်ကျော် ၉ နှစ်ခန့် လစဉ်ပေးခဲ့ခြင်းဖြစ်သည်။ စာဖတ်သူများက ထိုဆောင်းပါးများ ကို စိတ်ဝင်စားပုံရပါသည်။ မကြာမီ က လူငယ်ပန်းချီဆရာ တစ်ယောက် နှင့် စကားစပ်မိစဉ် ချယ်ရီမှ ကျွန် တော့်ဆောင်းပါးများကို စောင့်ဖတ် ခဲ့ရကြောင်း အမှတ်တရပြောပြပါ သည်။ ထိုဆောင်းပါးများကို စုစည်း ပြီး အချို့ကို ၁၉၉၇ ခုနှစ်တွင် စကား သမုဒ္ဒရာ စာသမုဒ္ဒရာ ခေါင်းစဉ်ဖြင့် မြကန်စာပေဖြင့်ထုတ်ခဲ့သည်။ အချို့ ကို ၂ဝဝ၁ ခုနှစ် တစ်သံ နှစ်သံ သုံး လေးသံခေါင်းစဉ်ဖြင့် ဓူဝံစာပေက ထုတ်ခဲ့သည်။ ကျွန်တော်က ဘာသာ ဗေဒပညာရပ်ကို စိတ်ဝင်စားသည့် အတွက် လက်လှမ်းမီသမျှ ဖတ်ရှုလေ့ လာခဲ့သည်။ မိခင်ဘာသာစကားဖြစ် သော မြန်မာစကားကို ဘာသာဗေဒ အမြင်ဖြင့် လေ့လာရာမှ တွေ့ရသော အချက်များကို ဆောင်းပါးများရေးခဲ့ ရာ ထိုဆောင်းပါးများ စာအုပ်အဖြစ် ပုံပေါ်လာခြင်းဖြစ်ပါသည်။

ပြန်စဉ်းစားကြည့်သောအခါ ထိုကာလများအတွင်းတွင် ကျွန်တော် စိတ်ဝင်တစား အာရုံပြုမိသော နယ် ပယ်များမှာ စကားပြေအရေးအသား နှင့် ဘာသာစကားနယ်ပယ်တို့ဖြစ် ကြောင်း သတိပြုမိပါသည်။ စကား ပြေအကြောင်း၊ ဘာသာစကားအ ကြောင်း ဆောင်းပါးများရေးသည်။ သုတေသနစာတမ်းများ ပြုစုပြီး ဖတ် သည်။ သင်ကြားရာတွင်လည်းစကား ပြေနှင့် ဘာသာစကားကို အများဆုံး သင်ကြားပေးခဲ့ပါသည်။ ကျွန်တော့် စာအုပ်များသည် ထိုအာရုံကျက်စားမှု များမှ ပေါ်ထွက်လာသော အသီးအပွင့် များ ဖြစ်သည်ဟု သုံးသပ်မိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်သစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုစီရီလီကို ခန့်အပ်

မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo Cirelli)ကို နည်းပြချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပြသစ် မာဆယ်လိုစီရီလီသည် မြန်မာဘောလုံးလောကနှင့် ရင်းနှီးသူတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင် ဇေယျာရွှေမြေအသင်း၌ လာရောက်ကစားကာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် အာဂျင်တီးနား၊ မလေးရှားနှင့် အင်ဒိုနီးရှားလိဂ်များတွင်လည်း ကျင်လည်ခဲ့သည့် နိုင်ငံတကာအတွေ့အကြုံရင့် ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်သည်။ နည်းပြဘဝ ဖြတ်သန်းမှုအရ အာဂျင်တီးနား U-15 လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် အာဂျင်တီးနားကလပ်များ၊ အင်ဒိုနီးရှားကလပ်များ၊ အီကွေဒေါနှင့်...

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။ ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင်...

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071