မန္တလေးမြို့မှာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်း အမှတ်အခမ်းအနား ကျင်းပ

0
127

 

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန် လ ၂၃ ရက် မနက် ၆ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။

ယောဂနေ့အခမ်းအနားကို ကိုယ်ရောစိတ်ပါ ကျန်းမာရေးနဲ့ သုခအဝဝ ပြည့်စုံမှုကို ပေးအပ်နိုင် တဲ့အတွက် ကမ္ဘာ့လူသားများရဲ့ ကျန်းမာရေးအတွက် ယောဂကျင့် စဉ်ရဲ့ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရေး သတင်းပေးရန်၊ ယောဂသည် ဆင်းရဲချမ်းသာမရွေး မည်သူမဆို စိတ်နဲ့ကိုယ် သဟဇာတဖြစ်စေနိုင်ပြီး ရောဂါကာကွယ်ရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေး နဲ့ ဘဝပုံစံကြောင့်ဖြစ်တဲ့ ရောဂါကုသရေးတို့မှာ အသုံးဝင်တဲ့အတွက် ယောဂနဲ့ ယောဂကျင့်စဉ် အကြောင်းကို လူတစ်ဦးအတွက်သာ သာမက လူထုအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရရှိရန် မိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပရကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ ယောဂနေ့တစ်နေ့ ပေါ်ပေါက်လာဖို့ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ် မစ္စတာရှရီနာရန်ဒြာမိုဒီက ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ တစ်ကမ္ဘာလုံး နိုင်ငံတကာ ယောဂနေ့ကျင်းပဖို့ တိုက်တွန်း ပြော ကြားခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် စံချိန်တင်မဲ ၁၇၇ မဲနဲ့ ဇွန်လ ၂၁ ရက်နေ့ကို နိုင်ငံတကာ ယောဂနေ့ သတ်မှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ အပြည်ပြည် ဆိုင်ရာ ယောဂနေ့အခမ်းအနားတွေ ကို မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်က စတင် ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင် စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora က ပြောပါတယ်။

ရှေးခေတ်အိန္ဒိယလူမျိုးများရဲ့ သက်ရှည်ကျန်းမာနေထိုင်နည်းတစ် ခုအဖြစ် ကျင့်ကြံခဲ့ကြတဲ့ ယောဂ ကျင့်စဉ်များကို ယနေ့ခေတ်မှာ အားကစား တစ်ခုအသွင်အဖြစ် တစ်ကမ္ဘာ လုံးက လက်ခံလေ့လာနေကြပြီ ဖြစ်ပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here