သဘင်မင်းသားတွေရဲ့ ဒီနှစ်သင်္ကြန်အစီအစဉ်

0
212

မကြာခင်မှာတော့ သင်္ကြန်ချိန် ခါက ရောက်ရှိလို့ လာတော့မှာဖြစ် ပါတယ်။ ဒီနှစ်သင်္ကြန်မှာ ဇာတ်သ ဘင် ချစ်ပရိသတ်တွေအနေနဲ့လည်း သူတို့ချစ်တဲ့ မင်းသားတွေ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းကြလိမ့်မလဲဆိုတာ ကိုလည်း သိချင်နေကြမှာပါ။ နှစ်စဉ် ကတော့ ပဲခူးပွဲတော်ကြီးက သင်္ကြန် ရက်တွေနဲ့ တိုက်ဆိုင်တဲ့အတွက် သဘင်မင်းသားတွေက ပဲခူးမှာ ပွဲ ကရင်းပဲ ဖြတ်သန်းရတာများပါ တယ်။ အခုနှစ်မှာတော့ ပဲခူးပွဲတော် ကြီးကလည်း သင်္ကြန်မတိုင်ခင်မှာ ပြီးစီးခဲ့ပြီဖြစ်တဲ့အတွက် သဘင် မင်း သားတွေအနေနဲ့သင်္ကြန်မှာ ဘယ်မှာ ရှိနေမလဲဆိုတာ ပိုလို့စိတ်ဝင်စားဖို့ ကောင်းပါပြီ။ စံပြသဘင်က ဟန်ဇာ မိုးဝင်း က တော့ သင်္ကြန်အတွက် အစီအစဉ်မဆွဲရသေးဘဲ သူငယ်ချင်း တွေရဲ့မဏ္ဍပ်မှာပဲ ထိုင်ဖြစ်မလား၊ ခရီးပဲထွက်ဖြစ်မလားဆိုတာကတော့ စဉ်းစားနေတုန်းပါပဲလို့ ပြောပါတယ်။

”ဒီနှစ်ကတော့ပွဲကဖို့ မရှိသေး ဘူး။ အေးအေးဆေးဆေးနေလို့ရတဲ့ အချိန်လို့ ပြောလို့ရမယ်။ သင်္ကြန်က အမျိုးမျိုး စိတ်ခံစားမှုပေးစေတယ်။ မဏ္ဍပ်တွေမပေးတော့ဘူးဆိုတုန်းက လည်း မဏ္ဍပ်တွေကို လွမ်းရတဲ့ခံစား မှု၊ အခုပြန်ပေးမယ်ဆိုတော့လည်း ပျော်ရတဲ့ခံစားမှုပေါ့။ အရင်တုန်းက စိုင်းစိုင်းမဏ္ဍပ်မှာ သူငယ်ချင်းတွေနဲ့ အတူတူနေရတဲ့ အချိန်တွေက သိပ် ပျော်ဖို့ကောင်းခဲ့တယ်။ ဒီနှစ်ကတော့ ဘယ်သူတွေက မဏ္ဍပ်တွေလုပ်မလဲ ဆိုတာမသိသေးဘူး”လို့ သူ့ရဲ့သင်္ကြန် ခံစားမှုကို ဟန်ဇာမိုးဝင်း က ပြောပြ ပါတယ်။ စွမ်းကတော့ သင်္ကြန်က နှစ်စဉ်လိုလိုပွဲနဲ့တိုက်နေတဲ့အတွက် သင်္ကြန်ကို ပွဲကရင်းနဲ့သာ ဖြတ်သန်း ခဲ့လေ့ရှိပြီး အခုနှစ်မှာတော့ ပွဲနဲ့ မတိုက်တဲ့အတွက် အိမ်မှာပဲ နားဖြစ် ဖို့များတယ်လို့ ပြောပါတယ်။

”ကျွန်တော်ကသင်္ကြန်ဆို သီ ချင်းလည်းမဆိုချင်ဘူး။ မဏ္ဍပ်လည်း မထိုင်ချင်ဘူး။ ဘာကြောင့်လဲဆို တော့ ကျွန်တော်ကတစ်နှစ်လုံး မဆို ချင်မှအဆုံးပဲလေ။ သင်္ကြန်ရက်နဲ့ စာမေးပွဲရက်ပဲနားရတာဆိုတော့ လေ။ ကျွန်တော်က ကလေးကတည်း က သင်္ကြန်လည်ရတာဝါသနာမပါ ဘူး။ ဒါကြောင့် ဒီနှစ်လည်း ဘာမှ တော့လုပ်ဖြစ်မယ်မထင်ဘူး”လို့ စွမ်း ကသူ့ရဲ့သင်္ကြန်ခံစားမှုကိုပြောပြပါ တယ်။

ရွှေမန်းသဘင်က တင်မောင် ဆန်းမင်းဝင်း က တော့ ဒီနှစ်သင်္ကြန် မှာ ဘန်ကောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စိန်မဟာ သဘင်က ဇံဟိန်း ကတော့ အခုနှစ် သင်္ကြန်ကို စင်ကာပူမှာဖြတ်သန်း မှာဖြစ်ပါတယ်။ သူကစင်ကာပူမှာ သီချင်းဆိုရမှာဖြစ်ပြီး စိန်မဟာ သဘင်တစ်ဖွဲ့လုံးမဟုတ်ဘဲ သူတစ် ယောက်တည်းဖြစ်တယ်လို့ သိရပါ တယ်။

မြို့ရွှေမန်းသားဖိုးချစ် က တော့ ဒီနှစ်မှာ မုံရွာမြို့ ချင်းတွင်းသင်္ကြန်မှာ ရှိမယ်လို့သိရပြီး သင်္ကြန်ခံစားမှုက တော့ ငယ်စဉ်ကာလတုန်းကတော့ ပိုပြီးပျော်ရွှင်ရပါတယ်လို့ ပြောပါ တယ်။

”အဓိကတော့ စိတ်ပါပဲ။ ပျော် တဲ့နှစ်လည်းရှိသလို သာမန်ပဲဖြတ် သန်းတဲ့နှစ်လည်းရှိပါတယ်။ သင်္ကြန် တွင်းအလှူတွေကတော့ ပုံမှန်လုပ် သွားမှာပါပဲ။ ပရိသတ်တွေအများ ကြီးစိတ်ချမ်းသာပါစေ။ တအား မပင်ပန်းဘဲနဲ့ ထမင်းတစ်လုတ်ကို ငြိမ်းငြိမ်းချမ်းချမ်း စားနိုင်ကြပါစေ။ စိတ်အေးချမ်းစေချင်ပါတယ်။ စိန် ခေါ်မှုပေါင်းများစွာနဲ့ လောကကြီး ထဲမှာ တကယ်ကိုအေးချမ်းတဲ့ခံစား မှုမျိုးရစေချင်တာပါ။ ငွေကြေး ဘယ် လောက်ပဲချမ်းသာချမ်းသာ၊ အာဏာ ဘယ်လောက်ပဲရှိရှိ စိတ်အေးချမ်း မှုကသာ အဓိကကျပါတယ်”လို့ မြို့ရွှေမန်းသားဖိုးချစ်က သင်္ကြန်ခံ စားမှုနဲ့ သင်္ကြန်ဆုတောင်းကိုပါ ပြော ပြခဲ့ပါတယ်။ ဇာတ်သဘင်အဖွဲ့တွေ အနေနဲ့ကတော့ သင်္ကြန်ရက်နဲ့ တက္က သိုလ်ဝင်တန်းစာမေးပွဲရက်တွေမှာပဲ အနားရကြတာမျိုးတွေဖြစ်တဲ့ အ တွက် သင်္ကြန်ကိုလည်း ပရိသတ်တွေ နည်းတူ အတူတူပျော်ရွှင်စွာဖြတ် သန်းကြမှာပဲ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here