အေးဝတ်ရည်သောင်း ပရိသတ်တွေကို ဘာကြောင့်တောင်းပန် နေတာလဲ

0
157

 

 

သရုပ်ဆောင်အေးဝတ်ရည်သောင်းကသူ့ရဲ့ဖေ့စ်ဘုတ်ခ် အကောင့်မှာ တင်ထားတဲ့ စတေးတပ် များအောက်မှာ လာရောက်စကား ပြောကြသူ ပရိသတ်တစ်ယောက်ချင်း စီတိုင်းကို စကားများပြန်လည် ပြောကြားလေ့ရှိပါတယ်။ အခုချိန်မှာတော့ သူ့အနေနဲ့ ပရိသတ် တွေကို စကားများပြန်လည်ပြောကြားဖို့ အခက်အခဲနည်း နည်း ရှိနေတယ်လို့ဆိုပါတယ်။

“နည်းနည်း စိတ်ဖိစီးမှုများလို့ မျက်လုံးရေဝပ်သွားတယ်လို့ ပြောတယ်။ တစ်လပဲရှိသေးတယ်။ အခုတော့သက်သာနေပါ တယ်။ ကုတာကတော့ သဘာဝအတိုင်း ပျောက်သွားမယ်လို့ပြောပါတယ်။ နောက်တစ်ခုကတော့ မသက်သာဘူးဆိုရင်လေဆာဓာတ်မှန်ရိုက်ကုလို့ ရမယ်လို့တော့ပြောတယ်။ ဆေးတော့သောက် စရာမလို ဘူး။ မျက်စဉ်းလည်း ခတ်စရာမလိုဘူးလို့တော့ပြောပါတယ် ရှင့်။ အဲဒီတော့ ပေါက်စီ အရင်ဦးဆုံး တောင်းပန်ချင်တာ ကတော့ ပေါက်စီက အရင်တုန်းကဆိုရင် ဖေ့စ်ဘုတ်ခ် မှာReply လေးတွေ ပြန်နေကြ လေ။ အခုချိန်မှာ အမှန်တိုင်းပြောရရင် အဲဒီလို လုပ်မပေး နိုင်ဘူးဖြစ်နေ တယ်။

ပေါက်စီ ရဲ့ မျက်လုံးအခြေအနေအရ လုပ်မပေး ဖြစ်တာကို ခွင့် လွှတ်ပေးကြပါလို့ ပြောချင်ပါ တယ်။ ပေါက်စီမျက်လုံး ပြန်ကောင်း မွန်လာရင်Reply လေး တွေရော၊ Like တွေရော ပြန်လုပ်ပေးပါ့မယ်။ ပေါက်စီကို စိတ်ပူပေးကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ အေးဝတ်ရည်သောင်းကပြောပါတယ်။ သူမက မတ်လ ၂၃ ရက်နေ့မှာကျင်းပမယ့် အကယ်ဒမီပေးပွဲကိုလည်းကိုယ်တိုင် တက် ရောက်မှာဖြစ်ပြီး အကယ်ဒမီ ပွဲတက်ဝတ်စုံကိုလည်း စီစဉ်နေပြီလို့ သိရပါ တယ်။ ဒီနှစ်အကယ်ဒမီမှာသူရရှိစေချင်တဲ့အနုပညာရှင်တွေကတော့ …

“မင်းသား ကတော့ ကိုနေတိုးလို့တော့ပြောကြတယ်။ မင်းသမီးထဲမှာတော့ အကယ်ဒမီ ဆုရစေချင် တဲ့သူတွေအများကြီးပဲ။ အေးမြတ်သူကိုလည်း ရစေချင်တယ်။ မအူဝဲကို လည်း ရစေချင်တယ်။ မဆင့်ကိုလည်း ရစေချင်တယ်။ သူတို့ ဇာတ်ကားလေး တွေကို ကိုယ်ကသွားကြည့်ထားတော့တာတေကြီး၊ ရင်ဘတ်ထဲကဓား၊ ထာဝရ အမေ အားလုံးကအကုန်ကောင်းကြတာပဲလေ။ ဘယ်သူရရကိုယ်ကတော့ ပျော် တယ်”လို့ အေးဝတ်ရည်သောင်းကပြောပြပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here