Sunday, July 20, 2025

အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ...

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့်...

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄...

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ...

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...
HomeCelebrities' Newsပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း...

ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း နန်းမြတ်ဖြိုးသင်း ပြော

နန်းမြတ်ဖြိုးသင်းရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘မောင်မစ္စက ဝိညာဉ်’ရုပ်ရှင်ဇာတ် ကားကြီးက မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်မှုအပြင် အသံနဲ့ပါတစ်ကားလုံး ပါဝင်ခဲ့ရတာ ဖြစ်တဲ့အတွက်တအား ပင်ပန်းခဲ့ရကြောင်း နန်းမြတ်ဖြိုးသင်းက ပြော ပါတယ်။နန်းမြတ်ဖြိုးသင်းရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘မောင်မစ္စက ဝိညာဉ်’ရုပ်ရှင်ဇာတ် ကားကြီးက မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်မှုအပြင် အသံနဲ့ပါတစ်ကားလုံး ပါဝင်ခဲ့ရတာ ဖြစ်တဲ့အတွက်တအား ပင်ပန်းခဲ့ရကြောင်း နန်းမြတ်ဖြိုးသင်းက ပြော ပါတယ်။

“ဒီဇာတ်ကားက နန်းမြတ်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ပါ။ အနုပညာစလုပ်ကတည်းက ရုပ် ရှင်ကားကြီး ရိုက်ရဖို့အတွက် အမြဲ တမ်းမျှော်လင့်ခဲ့တယ်။ ဒီဇာတ်ကားကိုရိုက်ကူးတဲ့အချိန်မှာ နန်းမြတ် မျှော်လင့်ခဲ့တာ ပြည့်စုံခဲ့တဲ့နေ့တစ်နေ့လေးပါ၊ ဒီဇာတ်ကားမှာက နန်းမြတ်အသံနဲ့ပါသရုပ် ဆောင်ခဲ့ရတာက ထူးထူးခြားခြား အမှတ်တရဖြစ်ပါတယ်။ အဓိကကတော့Post production အပိုင်းပါ။ အသံသွင်းတဲ့ အပိုင်းတွေ၊ ဝင်ပူးတဲ့အခန်းတွေ လုပ်ရတာတော်တော်ပင်ပန်း တယ်။ အခုကြည့်တဲ့ခါမှာတော့ ကွန်ပျူတာနဲ့ ထပ်လိုက်တော့ သိပ်မသိရဘူး။ ဒါပေမဲ့ ကိုယ် လုပ်တဲ့ အခါမှ သူတို့ အိုက်တင် ကိုမှတ်ရ တယ်၊ မှတ် ပြီးရင်အဲဒီအိုက်တင်အတိုင်းထပ်လုပ်ရ တာဆိုတော့ စိတ်လည်း တော်တော် ပင်ပန်း တယ်။ ကိုယ့်ရဲ့ပထမ ဦးဆုံးကား ဆိုတော့ ကိုယ့်အတွက်တာဝန်ပိုကြီးတယ်”လို့ပြော ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း မှာတော့ အနုပညာအလုပ် တွေလည်း ဆက်လက် လုပ်ကိုင် ခွင့် ရခဲ့တဲ့အတွက်လည်းတအားပျော်ရွှင်ခဲ့ရကြောင်း၊ လောလောဆယ်မှာတော့ လွတ်လွတ် လပ်လပ်နေချင်သေးတဲ့အတွက် ကလေး ယူဖို့ အစီအစဉ်မရှိ သေးကြောင်း နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

“ကိုယ့်အနေနဲ့ အနုပညာရှင် တစ်ယောက်သမီးတစ်ယောက်ဘဝကနေ ဇနီး သည်တစ်ယောက်ဖြစ်သွားတဲ့ အချိန် မှာ ကိုယ်ကစဉ်းစားရတယ်။ ကိုယ့်အနုပညာဘက် မှာလည်း မယုတ်လျော့သွားအောင်၊ ကိုယ့် မိသားစုပေါ်မှာလည်း မလစ်ဟင်းသွားအောင် စဉ်းစားပြီးမှ ဒီလမ်းကို လျှောက်ခဲ့တာ။ နန်းမြတ် ပျော်ရွှင်တဲ့ ဘဝလေး ကိုပိုင်ဆိုင်ရတယ်။ သူ့ရဲ့ ပံပိုးမှု လည်း အများကြီးပါ ပါတယ်။ ညီမတို့အခု နှစ်ဖက်မိဘနဲ့ အတူတူနေပါ တယ်။ ဟိုဘက် အိမ်သွားနေ လိုက်၊ ဒီဘက် အိမ်သွားနေ လိုက်၊ နှစ်ဖက်အိမ်ဆိုတော့သူလည်း သက် သောင့် သက်သာနေရ တယ်၊ ကိုယ်လည်း စိတ်ဖြောင့် ဖြောင့်နဲ့အလုပ်လုပ်လို့ရ တယ်။ ကလေးယူဖို့ကလို ပါသေးတယ်။ အလုပ်လည်း လုပ်ချင်သေး တာလည်းပါ တယ်။ လွတ် လွတ်လပ်လပ် နေရတဲ့ ဘဝလေးမှာလည်း နေချင်သေးတယ်။ အဲဒါ့ ကြောင့်လောလောဆယ် အခြေ အနေမှာတော့ ကလေးယူဖြစ်မယ်မထင်ပါဘူး” လို့နန်းမြတ် ဖြိုးသင်း ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071