အောင်မြင်တဲ့ လူရွှင်တော် တစ်ဦး ဖြစ်ဖို့ဆိုရင်…. လူရွှင်တော်ကြီး မိုးဒီ

0
72

moe-dee-copy

လူရွှင်တော်တွေမှာ အသံနဲ့ပြက်တဲ့ လူရွှင်တော်၊ ရုပ်နဲ့ပြက်တဲ့ လူရွှင်တော်၊ ဗဟုသုတ နဲ့ပြက်တဲ့ လူရွှင်တော်၊ နိုင်ငံရေးနဲ့ပြက်တဲ့ လူရွှင်တော်၊ ညစ်လုံးထေ့လုံးနဲ့ ပြက်တဲ့ လူရွှင်တော် စသဖြင့် လူရွှင်တော်အမျိုးမျိုးရှိကြောင်း ဝါရင့်လူရွှင်တော်ကြီး ဦးမိုးဒီက ပြောပြပါ တယ်။

“ပြီးတော့ပြောင်တာရှိတယ်။လှောင်တာရှိတယ်။ သရော်တာရှိ တယ်။ သူ့လိုင်းမျိုးစုံနဲ့ ကျွမ်းရာ၊ ကျွမ်းရာကို တင်ဆက်ကြတယ်။ အကုန်လုံးတော့ မကျွမ်းကြဘူး။ ကိုယ်နဲ့လိုက်ဖက်မယ့် အရာလေးတွေကို ကြိုးစားပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တော့ လူရွှင်တော် အဖြစ် အောင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ပွဲတစ်ပွဲကပြီဆိုရင် ပရိသတ်က ပြက်လုံးကို အကြမ်း ကြိုက်သလား၊ အနုကြိုက်သ လား၊ တွေးလုံးကြိုက်သလား၊ တဲ့လုံးကြိုက်သလားဆိုတာ မြေစမ်းခရမ်းပျိုးကြည့်လိုက်ပါ။ ပျိုးကြည့်လိုက်တဲ့အခါ ပရိသတ်တွေနှစ် သက်တာကို ပေးနိုင် အောင် ကြိုးစားရမယ်။ ပရိသတ်တွေနှစ်သက်တာကိုပေးနိုင်တဲ့ ကြိုးစားမှုရှိရင် အဲဒါက လူရွှင်တော်အ တွက် အောင်မြင်တာပဲ”လို့ လူရွှင်တော်ကြီး ဦးမိုးဒီက သူ့ရဲ့အတွေ့အကြုံ စကားဆိုပါတယ်။

လူရွှင်တော်ကြီး ဦးမိုးဒီက ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိ ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့လက်ခံတဲ့အခါ တစ်နှစ်ကို ဘယ်နှကားဆိုပြီး သတ်မှတ်ထားတာမျိုးမရှိဘဲ လာကမ်းလှမ်းသမျှကို ရိုက်ကူးဖြစ်နေပြီး
အခုအချိန်မှာ ရိုက်ကူးပေးနေရတဲ့ ဇာတ်ရုပ်တွေကတော့ အဖေခန်း၊ အဘိုး ခန်းတွေက သရုပ်ဆောင်ရတာပဲ များပါကြောင်းလည်း သူကပြောပါတယ်။ လူရွှင်တော်ကြီးဦးမိုးဒီက ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် ရိုက်ကူးတဲ့ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင် ဇာတ်ကားကြီးနဲ့  ဇာတ်ပို့ ဆုအကယ်ဒမီရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here