အပျိုကြီးလုပ်ဖို့ စဉ်းစားထားတယ် နေခြည်ဦး (Beauty Blogger)

0
204

Beauty Blogger နေခြည်ဦး က မင်းသားအောင်ရဲလင်းနဲ့ ချစ်သူ သက်တမ်း ၂ နှစ်အထိ လက်တွဲလာ ခဲ့ကြပြီး  အခုအချိန်မှာတော့ သူတို့ နှစ်ဦးလမ်းခွဲလိုက်ပြီလို့သိရပါတယ်။ တစ်ယောက် ကိုယ်တစ်ယောက် မုန်း တီးစိတ်မရှိဘဲ  အဆင်မပြေလို့သာ လမ်းခွဲခဲ့ရ ကြောင်းကို နေခြည်ဦးက Beauty Blogger နေခြည်ဦး က မင်းသားအောင်ရဲလင်းနဲ့ ချစ်သူ သက်တမ်း ၂ နှစ်အထိ လက်တွဲလာ ခဲ့ကြပြီး  အခုအချိန်မှာတော့ သူတို့ နှစ်ဦးလမ်းခွဲလိုက်ပြီလို့သိရပါတယ်။ တစ်ယောက် ကိုယ်တစ်ယောက် မုန်း တီးစိတ်မရှိဘဲ  အဆင်မပြေလို့သာ လမ်းခွဲခဲ့ရ ကြောင်းကို နေခြည်ဦးက  ” အချစ်ရေးက ပြတ်သွားပြီ။အခုချိန်မှာ တစ်ယောက်တည်း တ အားအဆင်ပြေတယ်။ တစ်ယောက် တည်း အလုပ်ပိုလုပ်ဖြစ်တယ်။ Fan  တွေကိုအချိန်ပိုပေးဖြစ်တယ်။ မိ သားစုကို ပိုအချိန်ပေးဖြစ်တယ်။ ခရီး တွေလည်းတအားသွားဖြစ်တယ်။ တစ်ယောက်တည်း ဘဝကြီးက တော် တော်အဆင်ပြေပါတယ်။

နေခြည်တို့ က အဆင်ပြေပြေပဲ လွမ်းခွဲ ခဲ့ကြတာ ပါ။ နေခြည်တို့ အ နေနဲ့ မုန်းတီး တဲ့ စိတ်တွေ ဘာတွေ မရှိပါဘူး။ သူလည်း ဒီအသိုင်းအဝိုင်းကပဲ ဆိုတော့ နေခြည်တို့ အနေနဲ့ အဆင်ပြေပြေပဲ လမ်းခွဲခဲ့ကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေလို့သာ လမ်းခွဲခဲ့ ကြတာပါ။တခြား ဘာအ ကြောင်းကြောင့်မှ မရှိပါဘူး။နေခြည် တို့ ချစ်သူသက်တမ်း ၂ နှစ်မှာ လမ်း ခွဲခဲ့ကြပါတယ်” လို့ ပြောပြပါတယ်။ ချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက် ပိုင်းမှာ အချစ်သစ်ကို ဘယ်တော့ရှာ မလဲဆိုတဲ့ မေးခွန်းကိုတော့ နေခြည် ဦးက “မရှာသေးဘူးရှင့်။ အပျိုကြီး လုပ်ဖို့ စဉ်းစားထားတယ်။ ပိုက်ဆံ တွေအများကြီး ရှာမယ်။ ခရီးတွေ သွားချင်တယ်။ နေခြည်လိုမျိုး စိတ်နဲ့ တန်းတူရဖို့ လက်တွဲဖော်ဆိုတာ တော်တော် ခက်မယ်လို့ ထင်ပါတယ်။ အခုလောလောဆယ် တော့ နေခြည် တစ်ယောက်တည်း အေးအေးဆေး ဆေးနေပါဦးမယ်” လို့နေခြည် ဦးက ပြောပြပါတယ်။ အခု လတ်တလောမှာတော့ နေခြည်ဦးက အနုပညာအလုပ်နဲ့ ပတ်သက်ပြီး  များကြော်ငြာများ လက်ခံ ရိုက်ကူးပေးနေတယ်လို့ သိရ ပါတယ်။

နေခြည်ဦးက  “နေခြည်ရယ်၊ ကိုအားတီရယ် ထူးအောင်ရယ် MTV လေးတစ်ပုဒ် ရိုက်ကူးထားပါတယ်။ အဲဒီ့ MTV က နေခြည့်ကို မြင်နေကျ ပုံစံနဲ့ လုံးဝမတူဘဲနဲ့ သီချင်းစာသား အပေါ်လုံးဝ Feel ထည့်ပြီး ရိုက် ကူးထားပါတယ်။ ဇာတ်ကားရိုက် ကူးမှုကတော့ နေခြည်က သရုပ် ဆောင်တာပဲ ဝါသနာပါတယ်။ ကိုယ်ကိုယ်တိုင်က အဲဒီလောက် ကြီး Confident မရှိ သေးဘူး။ အလှအပကိုပဲ ပိုပြီး တအား ဝါသနာပါတဲ့ အတွက် သရုပ် ဆောင်တဲ့ပညာက တအား နက်နဲတဲ့ အတွက် အဲဒီဘက် ကို သွားဖို့တော့ နေခြည် အစီအစဉ် မရှိသေးပါဘူး”  လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here