အသည်းအစားထိုး ကုသခြင်း (Liver Transplantation) အပိုင်း (၁)

0
321

capture

ဒေါက်တာသွင်မောင်အေး

အောင်မြင်တဲ့ အသည်း အစားထိုးကု သမှုတစ်ခုဖြစ် ဖို့ဘာသာရပ်မျိုးစုံမှ အသိပညာရှင် အတတ်ပညာရှင်တွေ ကိုယ့်အခန်း ကဏ္ဍ ကနေ လက်ညီတက်ညီပါဝင်ရ သလို စင်တာရဲ့ အခြေခံအဆောက် အဦနဲ့ ပစ္စည်းပြည့်စုံမှု ရှိဖို့လိုပါတယ်။ အဲဒါကြောင့်လည်း   နိုင်ငံတိုင်းမှာ အသည်းအစားထိုးတဲ့စင်တာ (Liver Transplant Centre)တွေ မရှိ တာပါ။

နောက်တစ်ခုသတိပြုစေချင် တာက အသည်းအစားထိုးပြီးရင် ပြီးသွားပြီမဟုတ်ပါဘူး။ အကြီး စားခွဲစိတ်မှုဖြစ်တဲ့အတွက် ခွဲစိတ်မှု အန္တရာယ်ရှိသလို၊ ခွဲစိတ်မှုရဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲရှုပ်ထွေးမှု တွေကိုလည်း သိထားသင့်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်က
သူ့ရဲ့ပစ္စည်း မဟုတ်တာ ဝင်လာရင် ကိုယ်ခံအား က လက်မခံတဲ့အတွက် အဲဒီလိုမဖြစ် အောင် ကိုယ်ခံအားကို ဖိနှိပ်တဲ့ဆေး (immunosuppressives) တွေကို ရာသက်ပန်သောက်ဖို့ လိုပါတယ်၊ သမားတော်နဲ့လည်း အထူးသဖြင့် အစားထိုးပြီး ပထမ (၁) နှစ်အတွင်း ခဏခဏပြသဖို့လိုပါတယ်၊ ပြီးရင် အမြဲမှန်မှန်ပြသနေဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောက်နေ တဲ့ဆေးတွေမှာ နောက်ဆက်တွဲဆိုး ကျိုးတွေရှိသလို အသည်း ပျက်စီးမှု ကိုဖြစ်စေခဲ့တဲ့ အကြောင်းအရာ ကလည်း ပြန်ဖြစ်နိုင်လို့ပါပဲ။

အထူးသဖြင့် အသည်းကင်ဆာ ကြောင့် အသည်းလဲခဲ့ရင် လဲထားတဲ့ အသည်းမှာ ကင်ဆာပြန်ဖြစ်နိုင်ပါ တယ်။  အဲဒီလိုပြန်ဖြစ်ရင် မလဲခင်က ဖြစ်တဲ့ ကင်ဆာထက် ပိုဆိုးပါတယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်ခံအားကို ဖိနှိပ်တဲ့ဆေးတွေသောက်နေတဲ့ အတွက်
ကင်ဆာပြန့်ပွားမှုကို ကိုယ်ခံအားက မတားနိုင်တော့ပါဘူး။ ဆိုလိုချင်တာကတော့ သက်မဲ့ပစ္စည်း တစ်ခုလို ပျက်ရင်အသစ်လဲလိုက် တာနဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး။ တစ်သက်လုံး သတိထားပြီး ဂရုစိုက် နေရမှာပါ။

အသည်း အစားထိုးတဲ့ စင်တာ အများစုမှာ သူတို့ဝေဒနာရှင်တွေ (၁ဝဝ)မှာ (၈ဝ)ကျော်ဟာ အသည်း အစားထိုးပြီး အနည်းဆုံး (၅)နှစ်တိုင် အောင် အသက်ရှင်နေနိုင်ပါတယ်။ အသည်းအစားထိုးပြီး နှစ်ပေါင်း(၂ဝ)ကျော် ဆက်လက်ပြသနေတဲ့ ဝေဒ နာရှင်တွေ လည်း ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့ အသည်းအထူးကုတွေဟာ အသည်း လဲဖို့ လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို မှန်ကန်သင့်တော်တဲ့ ဆုံး ဖြတ်ချက်ဖြစ်အောင် သက်ဆိုင်ရာ သမားတော်တွေနဲ့ အသည်းအစားထိုး အစည်းအဝေးမှာ ဆွေးနွေးတိုင် ပင်ပြီးမှပြုလုပ်ကြပါ တယ်။

အဲဒီလို ဆွေးနွေးကြရာမှာ အဆင့်၃ဆင့်၊ အချက်၃ခုကို အဓိက ထားပြီးဆွေးနွေးကြပါတယ်။ ပထမ အနေနဲ့ အသည်းအစားထိုးဖို့ အမှန်တကယ်လိုအပ်မှုရှိမရှိကို အရင်ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။ တကယ် လိုအပ်တယ်လို့ သုံးသပ်မှ ကျန်တဲ့ ၂ချက်ကို ဆက်ေ ဆွးနွေး ကြပါတယ်။ ဒုတိယအချက်ကတော့ အခုလို အကြီးစားခွဲစိတ်မှုအတွက် ဝေဒနာရှင်ရဲ့ ကြံ့ခိုင်မှုကို ဆန်းစစ် ဖို့လိုပါတယ်။

အဲဒါကို သိဖို့ကတော့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါတယ်။ တစ်ဆက်တည်းမှာပဲ လှူမယ့်အလှူရှင် ရှိမရှိ၊ ရှိရင် သင့်တော်မှု ရှိမရှိကို စစ်ဆေး ရပါ တယ်။ အသည်းအစားထိုးတဲ့အစီ အစဉ်ရှိတဲ့ နိုင်ငံတွေမှာ ကွယ်လွန် တော့မယ့်သူတွေ၊ ရုတ်တရက် ကွယ်လွန် သူတွေရဲ့ ကောင်းမွန်တဲ့ အသည်းအလှူရှင်(Deceased Donor Liver Transplantation DDLT)ကနေ အသည်းကိုရဖို့ တန်းစီစောင့် ရပါတယ်။ ဝေဒနာရှင် ရဲ့ ရောဂါ အခြေအနေပေါ်မူတည်ပြီး စောင့်ရတဲ့ အချိန်ကွာပါတယ်။ တကယ်လို့ သက်ရှိအလှူရှင် (Living Donor Liver Transplantation LDLT) ရှိရင်တော့ သင့်တော် မတော်စစ်ဆေးပြီး သင့်တော်ရင် အစားထိုးလို့ ရပါတယ်။

အသည်းအစားထိုးဖို့ စဉ်းစား သင့်တဲ့အခြေအနေတွေနဲ့ ဘာဖြစ် လို့စဉ်းစားသင့်သလဲဆိုတာတွေကို ကျွန်တော်လေ့လာသင်ယူခဲ့တဲ့ King’s College Hospital London နဲ့ စင်ကာပူ National University Hospital  မှာ ဦးဆောင် အသည်း အစားထိုးကုသမှု သမား တော်(leading transplant physician) အနေနဲ့ ရခဲ့တဲ့အတွေ့ အကြုံတွေကို အခြေခံပြီး ဆက်လက် ဆွေးနွေးပြပါ့မယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Ygn), MRCP(UK), FRCP(Edinburgh),
FAMS Gastroenterology (Singapore)
usrf;udk;
1) Alimentary pharmacology & therapeutics. 22(11-12): 1079-89.
2) www.mdcalc.com^child-Pugh-score-for-cirrhosis-mortality
3) www.optn.transplant.hrsa.gov^…^allocation-c…^meld-calculator
4) Hepatology Volume 33ç Issue 2ç February 2001ç Pages 464-470


LEAVE A REPLY

Please enter your comment!
Please enter your name here