ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်လိုက်တဲ့ လှမျိုးသဉ္ဇာနွယ်

0
59

hlamyo

အနုပညာလောကတွင် ဆယ်စုနှစ် ကြာလောက် ဇာတ်ကားရိုက်ကူးမှုတွေ မလုပ်ဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ်က အခုအချိန်မှာတော့ ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ ဇာတ်ကားများ ရိုက်ကူးသွားမှာဖြစ်သလို တခြားထုတ်လုပ်ရေးတွေနဲ့လည်း ဇာတ်ကားများရိုက်ကူးတော့မှာဖြစ်ကြောင်း သိရပါတယ်။ အခုလိုဇာတ်ကားများ ပြန်လည် ရိုက်ကူးရခြင်းကိုတော့ လှမျိုးသဉ္ဇာနွယ်က..
“အစ်မ အသက်၃ဝ ကျော်လောက် ကတည်းက ဇာတ်ကားရိုက်ကူးဖို့ လာငှားကြတယ်။ အဲဒီတုန်းက အစ်မက ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အဆင်ပြေပါ့မလား ဆိုပြီး ရှောင်ပြေးနေတယ်။ အခုပြန် စဉ်းစားလိုက်တော့ ဒီအသက်အရွယ်မှ မလုပ်ရင် ဘယ် အသက်အရွယ် မှလုပ်မှာလဲ။ နောက်ပြီးတော့ အနုပညာဆိုတာကလည်း အသက်ကြီးသည်အထိ အိုတယ်လို့ မရှိဘူးဆိုပေမယ့် အရွယ်ကောင်းတုန်း လုပ်တာကောင်းတာပေါ့နော်။ ကိုယ်လည်း အနုပညာကိုချစ်တယ်။ တကယ်လုပ်ချင်စိတ် လည်းရှိရဲ့သားနဲ့ ဒီလို ကြီးနေတာ မကောင်းဘူးဆိုတဲ့ ခံစားချက်ကို စပြီးဖြစ် လာတဲ့အတွက် ရော၊ နောက်တစ်ခုက အစ်မသမီးလေးကိုသူ့မေမေ က ဘာဆိုတာ ကို ဂုဏ်ယူစေချင်တာပေါ့နော်။

ဘာလို့လဲ ဆိုတော့ စီးပွားရေး လုပ်ငန်းရှင် တွေအများကြီးပဲ။ ပညာတတ်တွေအများကြီးပဲ။ အနုပညာရှင် ကရှားတယ်။ အဲဒီတော့ အနုပညာ ရဲ့တန်ဖိုးကို သိစေချင်တယ်။ အဲဒီ အတွက် အစ်မဇာတ်ကားတွေ ပြန်ရိုက်ဖြစ်တာပါ”လို့ ဇာတ်ကားများပြန်လည် ရိုက်ကူး ဖြစ် ရခြင်းအကြောင်းကို ပြောပြပါတယ်။ အခုချိန်မှာတော့ ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းများကတော့ အမေခန်းနဲ့အဒေါ်အခန်းများကိုသာ ရိုက်ကူး နေရတာဖြစ်ကြောင်းလှမျိုးသဉ္ဇာနွယ်က ပြောပါတယ်။

  ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here