Sexy ဒီဇိုင်း အလန်းဝတ်ပြီး ချစ်သူနဲ့ ချိန်းတွေ့ခဲ့တဲ့ Selena Gomez

0
112

SelenaSelena Gomez ဟာ သူမရဲ့ နယူးယောက် ခရီးစဉ်မှာ အရမ်းလန်း တဲ့ဒီဇိုင်းကို ဝတ်ဆင်ခဲ့ပါတယ်။ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ The Weeknd  ပွဲ ပြီးဆုံး သွားတဲ့နောက် သူမဟာ ချစ်သူ The Weeknd  နဲ့အတူ NYC hot-spot Carbon  မှာ ညစာ သွားစားခဲ့ပါတယ်။ သူတို့ စုံတွဲ စားသောက်ဆိုင်ထဲ ဝင်လာ ချိန်မှာတော့ အားလုံးရဲ့ မျက်လုံးတွေက သူတို့ဆီမှာပါ။  Selena က အမည်း ရောင် အသားကပ် ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ လမ်းလျှောက်လိုက်ရင် ခန္ဓာကိုယ်အောက်ပိုင်းကို အထင်းသား မြင်နေရပါတယ်။ The Weeknd ကတော့ အမည်းရောင် ဂျင်းဘောင်းဘီနဲ့ အစိမ်းရောင်ဂျာကင်နဲ့ အစိမ်းရောင် ဦးထုပ်တို့ကို ဝတ်ဆင်ခဲ့ပါတယ်။

သူတို့ဟာ တခြားစုံတွဲတွေလို ညစာကို အေးအေးဆေးဆေး စားခဲ့ကြပြီး မနက် ၂ နာရီခွဲမှာ SelGo ဟိုတယ်ကို ပြန်သွားခဲ့ကြတာပါ။ သတင်းတွေ အရ သူတို့ဟာ အရမ်းကို ကြင်နာကြပြီး အရမ်းကို ချစ်ကြပါတယ်။ The Weeknd ဟာ Selena ကို အမြဲဂရုတစိုက် ကြည့် ရှုနေပြီး သူမကလည်း စားနေချိန်မှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ သူတို့တွေဟာ တစ်နေ့တာလုံး တွေ့ကြုံရတဲ့ အကြောင်း အရာ တွေ ကို တစ်ယောက်ကို တစ်ယောက် ပြန်ပြောပြနေကြတာပါ။ သူတို့စုံတွဲက တစ်နေကုန် အလုပ်ရှုပ်နေကြပြီး ညဘက်ကျမှ ဆုံတွေ့ဖြစ်ကြ တာများပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here