Looking for something?

Explore the website

Looking for something?

Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeMoviesဇာတ်လမ်းရိုက်ကူးခွင့် မကျခင် ရိုက်ကူးခဲ့သည့်...

ဇာတ်လမ်းရိုက်ကူးခွင့် မကျခင် ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းနှင့် ဥက္ကဋ္ဌလူမင်းတို့၏ စကားသံများ

luwine

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဇာတ်လမ်းရိုက်ကူးခွင့်မကျသေးဘဲ ရုပ်ရှင် ဗီဒီယိုဇာတ်ကားများကို ရိုက်ကူးပါက အရေးယူမယ်လို့ သတ်မှတ်ထားပေမယ့်လည်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဇာတ်လမ်းရိုက်ကူးခွင့်မကျသေးဘဲနဲ့ ရိုက်ကူးခဲ့တဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဒါရိုက်တာဝိုင်းက ပြောပါတယ်။

” မြန်မာ့ရုပ်ရှင်က နှစ်တစ်ရာတိုင်ခဲ့ ပြီ။ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက အခုထက်ထိ ဇာတ်လမ်းတင်ပြီးတော့မှ ရိုက်ကူးရက်ကို ထုတ်ပေးရတာ။ ဒါပေမဲ့အခုက ဇာတ်လမ်းတောင်မကျသေးဘဲနဲ့ ရိုက်ကူးရက်ကို ထုတ်ပေးပြီးရိုက်တယ်ဆိုတော့ ဥက္ကဋ္ဌတစ်ယောက်ရဲ့ မလျော်သြဇာကို သုံးတာလားဆိုတာ မေး ခွန်းထုတ်စရာပါ။ သူက ဥက္ကဋ္ဌဖြစ်တဲ့အတွက် အခွင့်အရေးယူတာလားပေါ့။ ဒီကိစ္စက အခုမှဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၃ လကတည်းက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ရှေ့မှာ တရားဝင် ပြောခဲ့တယ်။ သူကိုယ်တိုင်လည်းအရေးယူပါမယ်ဆိုပြီး ပြောခဲ့တယ်။ သူကိုယ်တိုင်ဖောက်ဖျက်တယ်ဆိုကတည်းက ဒါဟာ အာဏာရှင်စနစ်ကို ပြန်အသက်သွင်းနေတာလားပေါ့။ တာဝန်ရှိသူ တစ်ယောက်က ပိုပြီးစံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ နေပြရမှာ။ ကိုယ်ကိုယ်တိုင်ကစပြီး ဖောက် ဖျက်နေမယ် ဆိုရင် ကျန်တဲ့လူတွေလည်း ဖောက်ဖျက်မှာပဲ။ ဥပမာ ကျွန်တော် တို့လည်း ဇာတ်လမ်းဘယ်တင်နေမလဲ။ အလုပ်ရှုပ်တယ်လေ။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းကို လေးစားရမှာပေါ့” လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးပြီး လူမင်း၊ ဇေရဲထက်၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်နေတဲ့ ကျီးမနိုးရွာ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခွင့်မကျသေးဘဲ ပုပ္ပားမှာရိုက်ကူးနေတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

“ထုတ်လုပ်သူက ဧပြီလထဲက ဇာတ်လမ်းစိစစ်ရေးကို တင်ပြထားခဲ့တာဖြစ်တယ်။ ကိုယ့်ကိုလည်း ဧပြီမတိုင်ခင်ကတည်းက သရုပ်ဆောင်အဖြစ် ကမ်းလှမ်းရိုက်ရက်ယူထားခဲ့တာဖြစ်တယ်။ မေလ ၁၂ ရက်နေ့ ဇာတ်လမ်းစိစစ်ရေးအစည်းအဝေးမှာ ကတည်းက ဒီဇာတ်လမ်းက ခွင့်ပြုချက် (သို့) ပြင်ဆင်ချက်ထွက်ရ မှာဖြစ်ပေမယ့် လူမစုံတဲ့အတွက် နောက်တစ်ပတ်ထပ်ချိန်းပါတယ်။ မေလ၂ဝ ရက်နေ့ သောကြာနေ့အစည်းအဝေးမှာ ထပ်ဆွေးနွေးပါ တယ်။ စနေ၊ တနင်္ဂနွေခံသွားလို့ နောက်တစ်ပတ် အင်္ဂါကျမှ စာထွက်တော့မယ်တဲ့။ ပြဿနာက မေ၂၂ရက်နေ့မှာရှုတင်က ပုပ္ပားမှာ တည်ပြီးနေပြီ။ ဒါမျိုးက ဒို့လောကမှာ ဖြစ်နေကျ။ ဖြေရှင်းခဲ့တဲ့အစဉ် အလာကလည်း ဟိုးအရင်ကတည်းက ရှိပြီး သား။ ရိုက်ရက်အခက်အခဲကြောင့် ရိုက်ကူးခွင့်ပြုပါရန်နဲ့ ထောက် ညွှန်ချက် အတိုင်း လိုက်နာရိုက်ကူးပါ့မည်ဆိုတဲ့ ခံဝန်ချက်နဲ့ ခွင့်ပြုခဲ့တဲ့ သာဓကတွေလည်းရှိခဲ့တယ်။ ခုလည်း ထုတ်လုပ်သူက ခံဝန်ချက်နဲ့ရုပ်ရှင်အစည်းအရုံးမှာ ရိုက်ကူးခွင့်တင်ခဲ့ပြီးမှ ရိုက်နေတာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။

P-060

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071