ရိုမီယို၊ဂျုးလိယက် ပြဇာတ်ကို မြန်မာစကားပြောနဲ့ တင်ဆက်ချင်တဲ့ အဂ္ဂါမိုးဝင်း

0
178

Ega Moe Win

အဂ္ဂါမိုးဝင်းက လက်ရှိအချိန်မှာတော့ စံပြသဘင်ပရိသတ်ရဲ့ အသည်းစွဲဖြစ်လို့ နေပါပြီ။ သူ့အနေနဲ့လည်း လူငယ်တစ်ယောက်ဖြစ် တာနဲ့အညီ ဇာတ်ခုံပေါ်မှာမြန်မာမှုနဲ့ ကွန်တန်ပရေရီ ကို ပေါင်းစပ်ကာ ကြိုးစားတင်ဆက်နေသူတစ်ဦး လည်းဖြစ်ပါတယ်။ အခုလတ်တလောမှာလည်း သူက ရှိတ်စပီးယားပြဇာတ်ဖြစ်တဲ့ ရိုမီယို၊ ဂျုးလိ ယက်ပြဇာတ်ကို ဇာတ်ခုံပေါ်မှာ တင်ဆက်ကပြချင်လျက်ရှိနေပါတယ်။

” ရိုမီယို၊ဂျုးလိယက်ကို မြန်မာစကားပြောနဲ့ ကချင်တာ။ ရှိတ်စပီးယား ကသလိုကချင်တာ။ ဒါပေမယ့် သိပ်ဖြစ်နိုင်မယ်မထင်သေးဘူးထင်တယ်။ အဲဒီ့အတွက်က တော့ကျွန်တော်အများကြီးပြင်ဆင်ရမှာပါ။ ဂီတပညာရှင်တွေ၊ ဘာသာပြန်မယ့်သူတွေ၊ ဒါရိုက်တာတွေ လိုတယ်။ အချိန် တော့ယူရဦးမှာပေါ့လေ။ အခုတော့ ကျွန်တော် သိပ်မအားလို့ အဲဒီဘက်ကိုသိပ်မသွားနိုင်သေးဘူး ဖြစ်နေတယ်” လို့ အဂ္ဂါ မိုးဝင်းက သူလုပ်ပြချင်တဲ့အနုပညာတွေနဲ့ ပတ်သက်လို့ ပြော ပြပါတယ်။သူ့အနေနဲ့လုပ်ပြချင်တာတွေ အများကြီးရှိပေမယ့်လည်း သူ့မှာ ပညာမစုံသေးတာရယ် လေ့ကျင့်စရာတွေ အများကြီးရှိနေသေးတာရယ်ကြောင့် ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။

” ဆိုငိုပြောပညာရပ်ပေါ့။ ပြောတာက တော်တော်ခက် တယ်။ လေသံပေါက်ဖို့ကို ကျွန်တော် တော်တော်ကျင့်ရဦး မယ်။ က တာကသိပ် ကိစ္စမရှိဘူး။ ဆိုတာလည်း မြန်မာ လိုဆိုရတာခက်တယ်” လို့ ပြောပါတယ်။ အဂ္ဂါမိုးဝင်းက မိုးတွင်းပိုင်းကာလမှာတော့ သူလုပ်ချင်နေတဲ့ ဂီတပိုင်းကို လုပ်ဖို့ ပြင်ဆင်ထားပါတယ်။ Music ပိုင်းအနေနဲ့ကတော့ Rock ဘက်ကိုပိုလုပ်ချင်ပြီး အခွေအတွက်ကတော့ ဘယ်လို Music တွေ ထပ်ပါမယ်ဆိုတာတော့ ပြောလို့ မရသေးကြောင်း၊ လက်ရှိအချိန်မှာတော့ သီချင်းအပ်ဖို့ တေးရေးတွေ ရှာနေပြီ ဖြစ်ကြောင်း၊ MTV မှာတော့ သူ့အနေနဲ့ သရုပ်ဆောင်ဖြစ်မှာ မဟုတ်ကြောင်း၊ သရုပ်ဆောင်တာက သူ့ အတွက် လုံးဝအဆင်မပြေတာကြောင့်ဖြစ်ကြောင်း ပြောပြပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here