အသက် ၃၂နှစ်ပြည့် သွားပြီ ဖြစ်တဲ့ အားတီ

0
190

arr-tဧပြီလ ၂၆ ရက်နေ့မှာကတော့ အဆိုတော် အားတီရဲ့ မွေးနေ့ဖြစ်ပြီး အခုနှစ်မှာ ဆိုရင် အားတီက ၃၂နှစ် ပြည့်ခဲ့ပြီ ဖြစ်သ လို မွေးနေ့ရက် မှာ မိမိနေအိမ်မှာပဲ နေဖြစ်တယ်လို့ သူကဆိုပါတယ်။

“မွေးနေ့ရက်မှာ အလုပ်နည်း နည်းရှုပ်နေလို့ အိမ်မှာပဲနေဖြစ်တယ်။ နောက်ရက် မှာတော့ မွေးနေ့ အမှတ်တရ အလှူလုပ် သွားဖို့ ရှိပါတယ်” လို့ ဆိုတဲ့ အားတီက အရင်နှစ်ပိုင်းတွေ မှာတော့ ဂီတလောကကနေ တခြားနယ်ပယ် တစ်ခုကို ခြေဆန့်ဖို့ပြင်ဆင်နေတယ် ကြားရပေ မယ့် လတ်တလောမှာ စီးရီးသစ် တွေလည်း ထပ်မံ ထွက်ရှိနေပြီး အနုပညာ လှုပ်ရှားမှုတွေ ခြေလှမ်း စိပ်နေတာ မြင်တွေ့ ရပါတယ်။ ဒီအပေါ်မှာ အားတီရဲ့စကားက..

“တစ်ခါတလေမှာ စိတ်ဓာတ်က ဟိုးအောက်ဆုံးထိ ကျသွားတာရှိတယ်။ ကိုယ့်သီချင်းတွေနဲ့ ပရိသတ်နဲ့ အစပ်အဟပ် မတည့်တဲ့အခါ စိတ်ဓာတ်တွေ ကျခဲ့ရတယ်။ အခုတော့ အဲဒီလိုစိတ်တွေ မရှိတော့ဘူး။ အခု ဘယ်လို စဉ်းစားလဲဆိုတော့ ကျွန်တော့် ဘဝ ရပ်တည်မှု အတွက် စီးပွားရေးတစ်ခုခု လုပ်ကိုင်မယ်။ ပြီးရင် အဲဒီကနေရရှိတဲ့ ငွေကို ဒီဘက် အနုပညာ အတွက် သုံးမယ်။ လိုချင်တဲ့ ကွာလတီကို ရအောင် လုပ်မယ်။ အနု  ပညာအပေါ်က ငွေကြေး အမြတ်ကိုတော့ မမျှော်လင့်ပါဘူး။ မျှော်လည်း မမျှော်လင့် ရဲပါဘူး”လို့ အားတီ က ပြောပါတယ်။

လတ်တလော မှာတော့ အားတီက Fat House ဆိုတဲ့ EP Album  တစ်ချပ် ထွက်ရှိထားပြီး သီချင်းသစ်များလည်း ထပ်မံ ဖန်တီး နေတယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here