ဒီနေ့ မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းအတွင်းမှာ လောင်းကစား လုပ်ငန်းတွေဟာ လူမှုဘဝ ရပ်တည် မှု ဖြေရှင်းနည်း တစ်ခုပမာ အမြစ် တွယ် ကြီးမား ကျယ်ပြန့်စွာ တည်ရှိ နေပြီး တရားဥပဒေကိုတောင် မျက် ကွယ်ပြု လစ်လျူရှု နေတာတောင် မြင်တွေ့နေပါတယ်။ ၂လုံး၊ ၃လုံးထီ ထိုးကြတာ။ ဂိမ်းလောင်း အစား လုပ်ကြတာ၊ ဘောလုံးပွဲ လောင်းကစား လုပ်ကြတာ စတဲ့ လောင်းက စားများ အပြင် အခြားလောင်းကစား နည်းများလည်း ခေတ်သစ် ယဉ်ကျေး မှုတစ်ခုနှယ် ဘဝပျက်လောက် အောင်ထိ ဘဝ အနာဂတ် မဲ့လောက် အောင် ထိ လုပ်ကိုင်နေကြတာက စာရိတ္တ ပျက်ဆီးစေပြီး ဒုစရိုက် လုပ် ငန်းများ လက်ရဲဇက်ရဲ ကျူးလွန်လုပ် ကိုင်လာတဲ့အထိ လူ့ အဖွဲ့အစည်း တစ်ခုလုံး တွန်းပို့စေရာ ဘေးထွက် ဆိုးကျိုးများ ရရှိစေပါတယ်။ လောင်းကစားနဲ့ ပတ်သက်လို့ တိုင်းပြည်အတွက်ရော၊ လူငယ်နဲ့ လူ့အဖွဲ့အစည်းအတွက်ပါ ကောင်း ကျိုးထက် ဆိုးကျိုးများ ပိုမိုဖြစ်တည် စေတာမို့ လူငယ်အမျိုးသမီး အနုပညာရှင် ရတာဗိုရဲ့ အမြင်များ ကို တွေ့ဆုံမေးမြန်း တင်ဆက်လိုက် ပါတယ်။
လောင်းကစား အလုပ်နဲ့ အကျိုးပေး တာမယုံ ကြည်ဘူး
လောင်းကစာလုပ်တာ က ညီမ တအားမုန်းတဲ့ အထဲမှာ ပါတယ်။ ညီမတို့ နယ်ဘက် မှာ နေတုန်းက ဆိုရင် အဲဒီ ဘက်မှာ ချဲထီတွေ တအား ခေတ်စားတယ်။ ညီမက ထီတောင် မထိုးဘူး။ ထီက တော့လောင်းကစား တော့ မဟုတ်ဘူးပေါ့နေယ်။ ထီတောင် မထိုးဘူး။ ကိုယ်ကိုယ်တိုင် ကလည်း အလကားရမယ့် ကံမပါတော့ ပိုက်ဆံတောင် ခုချိန်ထိ ကောက်ရ ဖူးတာ မဟုတ်ဘူးဆိုတော့ အဲဒါ တွေ လုပ်ဖို့ကိုလည်း သိပ်ပြီးတော့ မယုံကြည်ဘူး။ ညီမရဲ့ ကံဇာတာ ကလည်း ကိုယ်လုပ်မှ ကိုယ်ရတာ။ ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်တယ်။ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ် တည်လာခဲ့တဲ့ လူမျိုးဆိုတော့ အဲဒါ တွေကို မျှော်လင့်ပြီး လုပ်တာကို တော့ မကြိုက်ဘူး။ တကယ် တမ်း တော့လူတွေက ပြည့်ပြည့်စုံစုံ နေချင် ကြတယ်။ လောဘ ရှိကြတယ်။ အဲဒီ လောဘတွေ ကြောင့်ပဲ လွဲမှားသွား တဲ့ စီးပွားရှာ နည်းတစ်ခု ဖြစ်သွား ကြတယ်ထင်တယ်။ တချို့ကြတော့ လည်း အဲဒီနည်းတွေနဲ့ အကျိုးပေး တယ်လို့ ကြားဖူးတယ်။ အဲဒါကိုတော့ ညီမ မယုံကြည်ဘူး။ လူကြီးမိဘတွေ ပြောဖူးတာ ကြားဖူးတယ်။ လူတစ် ယောက်ရဲ့ဘဝ မှာ ကံကောင်းခြင်းက ၃ကြိမ် ၃ခါ ပေးတယ်လို့ ကြားဖူး တယ်။ သူတို့ ကံတရားပေးလာတဲ့ အချိန်နဲ့ သူတို့ လောင်းကစား လုပ်တဲ့ အချိန်နဲ့ တိုက်ဆိုင် သွားတာဖြစ်မယ် လို့ ညီမ ထင်တယ်။ အကျိုးပေးတယ်၊ မပေး ဘူးဆိုတာ ကိုယ့်လုပ်ဆောင် ချက်ပေါ် မှာပဲ မူတည်တယ်။ ကိုယ် ကောင်းတာလုပ်ရင် ကောင်းတာ အကျိုးပေး မှာပဲ။ မကောင်းတာ လုပ်ရင် မကောင်းတာက အကျိုး ပေးမှာပဲ။ တိုက်ဆိုင်မှုကြီး က ခဏ တစ်ဖြုတ်ပဲ ဖြစ်မယ်လို့ ညီမထင် တယ်။ သူတို့ အကျိုးပေးတယ်လို့ ထင်တာတွေက ခဏတော့ ကြီးပွား လာတယ်။ နောက်ပိုင်းကျတော့ ဒါနဲ့ပဲ ပြန်ပါ သွားတာပဲလို့ ညီမမြင် တယ်။ ကိုယ် ကလည်း ဗုဒ္ဓဘာသာ လူမျိုးဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ် မယ်။ မကောင်းတာ လုပ်တဲ့ အတွက် ပြန်ခံစားရမယ်လို့ ထင်တယ်။ ဘာပဲပြောပြော အဓိကကတော့ လောဘ တွေကြောင့် ဖြစ်တာ ဆိုတော့ စေတနာမှန်၊ အလုပ်ကို ကြိုးစားပြီး ကောင်းမွန်တဲ့ နည်းလမ်း နဲ့ အလုပ် လုပ်ကြရင်တော့ ကောင်းတဲ့ ဘဝတွေ ရရှိလာမှာပါ။
မိသားစု ဘဝတွေ ပြိုကွဲပြီး ထွက်ပြေးနေရတဲ့ လူတွေတောင် ရှိနေတယ်လို့ ကြားဖူးတယ်
တချို့ကျတော့လည်း ဝါသနာ ပါသွားကြတာ ဖြစ်မယ်။ ဘာလို့လဲ ဆိုတော့ မွေးကတည်းက ၂လုံး၊ ၃လုံး ဆိုတာ သိပြီး မွေးလာတာမှ မဟုတ်တာ။ ကြီးလာမှ နီးစပ်ရာ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ့်မိဘက လောင်းကစား လုပ်တယ်။ မိဘတွေ လုပ်ကိုင်နေတာ မြင်နေတော့ သားသမီးတွေ ကလည်း လုပ်တတ် သွားကြတာရှိတယ်။ အဲဒီလိုမျိုး ပတ်ဝန်းကျင် အနေအထားကြောင့် ဝါသနာ ဖြစ်သွားကြတာ ထင်တယ်။ တကယ်တော့ ဒါတွေက မကောင်းဘူး လို့ပဲ ပြောချင်ပါတယ်။ တကယ်လည်း မကောင်းပါဘူး။ တချို့ဆို မိသားစု ဘဝတွေ ပြိုကွဲပြီး ထွက်ပြေးနေရတဲ့ လူတွေတောင် ရှိနေတယ်လို့ ကြား ဖူးတယ်။ ညီမတို့ မန္တလေးမှာ နေတော့ ရပ်ကွက်ထဲမှာ နေရတာ ဆိုတော့ အမျိုးမကင်းတဲ့ သူတွေထဲ မှာလည်း ဘာထိုးလိုက်တယ်၊ ဘာ ပေါက်တယ်၊ ဘယ်ဘုန်းကြီးဆီသွားတာ ဘယ်သူ့ဆီသွားပြီး ဂဏန်း တောင်းရတာမျိုးတွေ၊ အိပ်မက်မက် လို့ ထိုးရ တာမျိုးတွေ မြင်နေရ၊ ကြားနေရ တယ်။ ကိုယ်ကတော့ အဲဒါမျိုးတွေ စိတ်မဝင်စားတော့ ဘာမှမလုပ်ဖြစ် ဘူး။ ဒါတွေလုပ် နေတာကို သဘောလဲ မကျဘူး။ ညီမတို့ အရွယ် နည်းနည်းရောက်လာ တဲ့အခါ ကျတော့ ညီအစ်မ ဝမ်းကွဲလေးတွေ ဒါတွေလုပ်နေတာ တွေ့တော့ ကိုယ့်ကိုဒါမကောင်း ဘူးလားလို့ လာမေးရင်တော့ မကောင်းဘူးလို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ လူတိုင်းက ကိုယ့်အတွေး နဲ့ကိုယ်သွားနေကြတာ ဆိုတော့ တအားကြီး ပြောရင်လည်း မကောင်း ဘူး။ ဒီနေရာမှာတော့ အားလုံးကို ပြောချင်ပါတယ်။ ဒီလောင်းကစား အလုပ်ဟာ မကောင်းပါဘူး။ ဒါတွေ မလုပ်ကြဖို့ ပြောချင်ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း