စာဖတ်ခြင်းကြောင့် ပိုင်ဖြိုးသု ဘာတွေရခဲ့လဲ

0
167

Paing Phyo Thu

စာပေဖတ်ရှုမှုကနေ အတွေ့အကြုံသစ်တွေ၊ လူမှု ဆက်ဆံရေး ပိုင်းဆိုင်ရာတွေစတဲ့ အကျိုးကျေးဇူး တွေရရှိ ခဲ့ပါတယ်လို့ ဆိုလာသူကတော့ ဆရာဝန်တစ်ဦးလည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ပိုင်းဖြိုးသုပါ။ သူ့ ဘဝမှာ စာဖတ်ခြင်းက ရရှိလာတဲ့ အတွေ့အကြုံ၊ အကျိုး ကျေးဇူးတွေကို ပိုင်ဖြိုးသုက အခုလိုပြောပြပါတယ်။

” စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ အများကြီးပဲ။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာ တွေ ခေတ်စားလာတော့ စာဖတ်တာ နည်းလာ တယ်။ တကယ်တမ်းတော့ စာဖတ်တာကနေ အကျိုးကျေးဇူးအများကြီး ရနိုင်တယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ သူ့ရဲ့ဘဝမှာ စာဖတ်ခဲ့တဲ့အတွက် ဘဝဖြတ်သန်းရာမှာ အကျိုးကျေးဇူးရရှိမှုအကြောင်းကိုလည်း ပိုင် ဖြိုးသုက ဆက်လက်ပြောကြားရာမှာတော့

” ညီမဆိုလို့ရှိရင် အပြင်တွေ အများကြီးမသွားဖူးဘူး။ ကျောင်းတစ်ဖက်နဲ့ဆို တော့ သွားခွင့်မရခဲ့ဘူးပေါ့ နော်။ ဒါပေမဲ့ ဒီစာအုပ်တွေ အများကြီးဖတ်ထားတဲ့ အတွက် စာအုပ်ထဲက ရတဲ့အသိပညာတွေ အများကြီးရခဲ့တယ်။ လူတွေအကြောင်းလည်း သိရတယ်။ ကိုယ် မတွေ့ဖူးတဲ့လူတွေကို စာအုပ်ထဲမှာ တွေ့ရတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတွေကို စာအုပ်ထဲကနေ ရောက်ခွင့်ရတယ်။ နောက်ပြီးတော့ ကိုယ်မကြုံဖူးတဲ့ ဘဝအတွေ့အကြုံကို စာအုပ်တွေကနေ ရတယ်။ ဒါကြောင့် စာအုပ်ဖတ်ခြင်းကနေ ဘဝအတွက် အများကြီးသင်ခန်းစာတွေရော၊ အတွေ့အကြုံတွေရော စာအုပ်တွေ က ပေးနိုင်တယ်။ အဲဒါကြောင့် ညီမကတော့ လူငယ်တွေကို စာဖတ်ဖို့အတွက် တိုက် တွန်းချင်ပါတယ်” လို့ ပိုင်ဖြိုးသုက သူ့ရဲ့ဘဝ စာပေဖတ်ရှုခြင်းက ရတဲ့အကျိုးကျေးဇူးကို ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here