ဝတ်မှုံရွှေရည် ရဲ့ ချစ်သူများနေ့ အစီအစဉ်

0
90

Wett-(1)

ရိုက်ကူးရေး နှစ်လခန့်နားထားတဲ့ ဝတ်မှုံရွှေရည်က ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတဲ့ “နှစ်ပါးသွား update” ရုပ်ရှင်ဇာတ်ကားကို နေတိုးနဲ့ ပြန်လည် ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ ဂျစ်ကန်ကန်နဲ့ ဆိုးတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထား ကြောင်း ပြောပါတယ်။ ဝတ်မှုံရွှေရည် က ဆံပင် ပုံစံ ပြောင်းလဲ ထားတာလည်း တွေ့ရပြီး အရင်ကတည်း ကလည်း ဆံပင်ညှပ် ချင်နေသလို ဇာတ်ကားနဲ့လည်း လိုက်ဖက်မှု ရှိတာကြောင့် ညှပ် လိုက်ခြင်းဖြစ်ကြောင်း ပြောပါ တယ်။ ရိုက်ကူးရေး နှစ်လခန့် နားလိုက်ပြီးမှ ပြန်လည် ရိုက် ကူးတဲ့ အတွက် သူ့ရဲ့ စိတ်ခံ စားချက် ကိုမေးတော့ ..

“ဦးမိုးဦးကိုတောင် ပြော ဖြစ်သေးတယ်။ ဇာတ်ကား နှစ်လနား လိုက်တာ အကြာကြီးလို ခံစားရတယ် လို့။ အခုမှ ပြန်ရိုက်တော့ကောင်း ပါတယ်။ ကိုယ်ရိုက်တဲ့ ကာရိုက်တာ ကလည်း အပျော်လည်း ပါတယ်။ ရန် ဖြစ်တာလည်း ပါတယ်။ ဟဲဗီးဒရာမာတော့ မဟုတ်ဘူးပေါ့။ လူငယ် ဇာတ်ကားလေး ဆိုတော့ ပေါ့ပေါ့ ပါးပါး လည်းဖြစ်တယ်။ ဒီဇာတ်ကားက ၂ ရက်စာပဲ ရန်ကုန်မှာ ရိုက်ရမှာ ကျန်တဲ့တစ်ကားလုံး ပြင်ဦးလွင် မှာ သွားရောက် ရိုက်ကူးရမှာပါ။ ပျော်စရာကြီး၊ ပြင်ဦးလွင် လည်းမရောက်တာ ကြာပြီ။” လို့ ပြောပါတယ်။ နောက်ပိုင်းမှာ ကိုယ်မလုပ်ဖူးတဲ့ ဇာတ်လမ်းမျိုးနဲ့ ကာရိုက်တာမျိုးကို ရွေးချယ်ရိုက်ကူး သွားမှာဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှာ ဇာတ်ကား တွေ ဆက်တိုက် ရိုက်ကူးခဲ့တာကြောင့် ၂ဝ၁၇ ခုနှစ်ထဲမှာ ဇာတ်ကားတွေ အများကြီး လက်မခံဖြစ်ဘဲ ဇာတ် လမ်းတွေ စိစစ်ပြီး ရိုက်ကူး သွားမယ်လို့ ပြောပါ တယ်။ ဝတ်မှုံရွှေရည်ကBack To Millennium ရှိုးပွဲကို သွားရောက်ကြည့်ရှု အားပေးခဲ့တာ တွေ့ရပါ တယ်။ သူငယ်ငယ်တုန်း က တအားကြိုက်ခဲ့ ရတဲ့သီ ချင်းတွေကို ပြန်ပြီး ကြားရတဲ့အတွက် ပျော်ရွှင်ခဲ့ရ ကြောင်းကိုလည်း ဝတ်မှုံရွှေရည် က..

“ငယ်ငယ်တုန်းက အဲဒီသီချင်းတွေ နဲ့ကြီး လာခဲ့ တာ။ ကစ်တို့ ၆ တန်း၊ ၇ တန်း၊ ၈တန်း တုန်းက အဲဒီသီချင်းတွေ တအား ခေတ်စားတယ်။ ကစ်တို့ အဲဒီအရွယ်တုန်း က စတိတ်ရှိုးတွေ မသွားရဘူး။ အိမ်က တအား ချုပ်ချယ်တယ်။ သီချင်းတွေပဲ နားထောင်ရတယ်။ အဲဒီ ခေတ်က စတိတ်ရှိုးတွေ စခေတ်စားတဲ့ အချိန်။ စတိတ်ရှိုး တအား သွားကြည့်ချင်တယ်။ သူငယ်ချင်းတွေက သွားကြည့် ကြတယ်။ ကစ်က မသွားရဘူး။ အဲဒီ တုန်းက သီချင်းတွေကို Back to Millennium ထဲမှာ နားထောင်ရလို့ စတိတ်ရှိုး ကိုယ်တိုင် သွားကြည့်တာပါ။ ငယ်ဘဝကိုလည်း ပြန်သတိရ တာပေါ့။ သီချင်းတွေကိုလည်း အကုန်လုံး မှတ်မိနေတယ်။ ကစ် တအား ပျော်တယ်။ ငယ်ငယ်တုန်းက အဲဒီသီချင်းတွေ ကြားပဲကြားခဲ့ရတာ။ စတိတ်ရှိုး သွားမကြည့်ရဘူး။ အခုကျတော့ သွားလည်း သွားကြည့်ရတယ်။ အဲဒီသီချင်းတွေ ပြန်နားထောင်ရတော့ ပျော်နေတာ။ မနေ့ကတောင်မှ အိမ်မှာ အဲဒီသီချင်းတွေ Download ဆွဲပြီး ပြန်နားထောင် ဖြစ်သေးတယ်” လို့ ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ ကို ဘယ်လို ဖြတ်သန်း သွားဖို့ ရှိမလဲလို့ မေးတော့..

“ပြင်ဦးလွင်မှာပဲ ရှိမှာပေါ့။ ဖေဖော်ဝါရီလ ၁ဝ ရက်၊ ၁၁ ရက်လောက်ဆို ပြင်ဦးလွင် ကိုသွားပြီ။ အလုပ်ထဲမှာပဲ ရှိမှာပေါ့။ ချောကလက်တွေ၊ ပန်းစည်းတွေ တော့ ပေးတော့ ပေးကြမှာပေါ့ (ရယ်လျက်) ပရိသတ်တွေ ဆီကပါ။ အခုလည်း အသိမိတ်ဆွေ တွေကလည်း လက်ဆောင် ပို့ပေးမယ် ပြောကြပါတယ်။ ကြော်ငြာ ရိုက်ကူးထားတဲ့ ကုမ္ပဏီတွေ ကပါ။ ပရိသတ်တွေဆီ က နှစ်တိုင်း ရနေကျဆိုတော့ စားရမှာပေါ့နော်။ လက်ရှိ အချစ်ရေး ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အလုပ်တွေပဲ ရှုပ်နေပါတယ်” လို့အချစ်ရေးနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here